What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 October 2018 15:04

ကင်ဆာရောဂါမဖြစ်ချင်ရင် ဒီလိုအသီးအရွက်တွေ များများစားပေးပါ

ကင်ဆာဆိုတာ အင်မတန်ကို ကြောက်ဖို့ကောင်းတဲ့ ရောဂါဆိုးကြီးတစ်ခုပါ။

ရောဂါဆိုတာ ဖြစ်မှ ဆေးသောက်တာထက် ရောဂါမဖြစ်အောင် ကာကွယ်ထားတာ ပိုကောင်းပါတယ်။ အဲဒါကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဒီလို အသီးအရွက်တွေကို များများစားပေးပါ။ အသီးအရွက်တွေက သဘာဝ (organic) ကို စားပေးနိုင်ရင်ပိုပြီး အာနိသင်ရှိပါတယ်။

ပန်းပွင့်စိမ်း

Image result for ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းကို စားတာက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့နှုန်းကို လျော့ကျစေပါတယ်။ ဒီပန်းပွင့်စိမ်းမှာပါတဲ့ အင်ဇိုင်းဓာတ်တစ်မျိုးမှာတော့ ကင်ဆာကိုဖြစ်စေနိုင်တဲ့ chemical တွေကို ဖယ်ရှားပေးတယ်။ ပန်းပွင့်စိမ်းမှာ Sulforaphane ပါဝင်တယ်။ အဲ့ Sulforaphane ဓာတ်က ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်။ ပန်းပွင့်စိမ်းဟာ ရင်သားကင်ဆာ၊ အသဲကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ ၊ ဆီးအိမ်ကင်ဆာတို့ကို မဖြစ်အောင် ကာကွယ်ပေးတယ်။

ပန်းပွင့်စိမ်းကိုဖျော်သောက်လို့လည်းရသလို ပြုတ်ပြီးစားလည်း ရပါတယ်။ တစ်ပတ်ကို (၂)ကြိမ်၊ (၃)ကြိမ်စားပေးပါ။

ခရမ်းချဉ်သီး

Image result for ခရမ်းချဉ်သီး

 

အရည်ရွှဲတဲ့ ခရမ်းချဉ်သီးမှာပါဝင်တဲ့ antioxidant က ကင်ဆာရောဂါကို တိုက်ဖျက်ပေးပါတယ်။ ပြီးတော့ ခရမ်းချဉ်သီးမှာ ဗီတာမင် A ၊ C ၊ E တို့ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးများများစားပေးတဲ့သူက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့နှုန်း လျော့ကျသွားတာကို လေ့လာတွေ့ရှိခဲ့တယ်။ ခရမ်းချဉ်သီးဟာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာတို့ဖြစ်စေနိုင်မှုကို လျော့ကျစေပါတယ်။

ခရမ်းချဉ်သီး ဖျော်ရည်ကို နေ့တိုင်းသောက်ပေးပါ။

သစ်ကြားစေ့

Image result for သစ်ကြားစေ့

နောက်အသီးကတော့ သစ်ကြားစေ့ပါပဲ။ ကျန်းမာရေးအတွက် အစေ့အဆန်တွေကို စားပေးရပါတယ်။ သစ်ကြားစေ့မှာ polyphenols နဲ့ phytochemicals တို့ ပါဝင်တယ်။ အဲ့ဓာတ်တွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။

(၁) အောင်စ ရှိတဲ့ သစ်ကြားစေ့ကို နေ့တိုင်းစားပေးပါ။ သစ်ကြားစေ့ကို အသုပ်ထဲ ထည့်စားလို့လည်းရပါတယ်။
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ နောက်ထပ်အသီးအနှံတွေကတော့ စပျစ်သီး၊ ဂျင်းဖျော်ရည်၊ Green tea ရေနွေးကြမ်း၊ ကြက်သွန်ဖြူနဲ့ Blueberries တို့ပဲဖြစ်ပါတယ်။

Source: Shwemom

ကျောက်ကပ် ဘာကြောင့် အားနည်းရတာလဲ

ကျောက်ကပ် ဘာကြောင့် အားနည်းရတာလဲ

Read times Last modified on Monday, 22 October 2018 15:19
Rate this item
(1 Vote)