What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 29 October 2018 11:37

ပဋိဇီဝဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုး ၅ မျိုး

ကျနော်တို့ နေ့စဉ်ဘဝမှာ ပဋိဇီဝဆေးတွေနဲ့ ကင်းလွတ်နိုင်တယ်ဆိုတာမရှိပါဘူး။

ဒီလို ပဋိဇီဝဆေးတွေကို သောက်သုံးနေတဲ့ အခါတွေမှာ ပဋိဇီဝဆေးတွေရဲ့ အကျိုးအာနိသင်ကို လူတိုင်း အကျိုးရှိရှိခံစားရပါတယ်။ ဒါပြင် ပဋိဇီဝဆေးတွေရဲ့ အကျိုးသက်ရောက်မှုတိုင် ဘေးထွက် ဆိုးကျိုးဆိုတာလဲ ရှိပါတယ်။ တစ်ခါတလေ ပဋိဇီဝဆေးတွေကို သောက်သုံးလိုက်တဲ့ အခါ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်လာရင် ပဋိဇီဝဆေးရဲ့ အကျိုးသက်ရောက်မှုလား ၊ ဘေးထွက်ဆိုးကျိုးတွေလား ဆိုတာကို ခွဲခြားလို့ ရအောင်တင်ပြပေးသွားမှာ လဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ ပဋိဇီဝဆေးတွေကို သောက်သုံးလိုက်တဲ့ အချိန်တွေမှာ အော်ကလီဆန်ခြင်းတွေ ၊ ဝမ်းလျှော်ခြင်းတွေ ဒါမဟုတ် အခြားသော အကြောင်းအရာတွေ အမျိုးမျိုးရှိတက်ကြပါတယ်။ ဒါတွေက ဘာတွေလဲ ဆိုတာကို စောင့်ကြည့်ဖို့လဲ လိုပါတယ်။

အစာခြေခြင်း ပြဿနာ

Image result for stomach case

ပဋိဇီဝဆေးတွေကို အသုံးပြုပြီးတဲ့အခါ တစ်ချို့သော လူနာများက ပျို့ခြင်း ၊ အန်ခြင်း ၊ ဝမ်းလျှောခြင်း ၊ အစာအိမ် နဲ့ အူလမ်းကြောင်းဆိုင်ရာ ကိစ္စရပ်များ ဖြစ်တက်ပါတယ်လို ( Johns Hopkins ) လက်တွေ့ ဆေးတက္ကသိုလ်မှ အထူးကုများက ပြောပါတယ်။ ဒီလို ပြဿနာ ဖြစ်လာတဲ့ တစ်ခါတွေမှာ ရှောင်ကြဉ်ရမယ့် အစားသောက်တွေကို ရှောင်ကြဉ်ပြီး ရေ များများသောက်ပေးခြင်းဖြစ် ပဋိဇီဝဆေး ရဲ့ အကျိုးသက်ရောက်မှုကို ဖြေရှင်းနိုင်ပါတယ်။

ခေါင်းကိုက်ခြင်း

Image result for heard pain

တစ်ခါတရံမှာ ခေါင်းကိုက်လို့ ပဠိဇီဝဆေး ကို အသုံးပြုပြီးတဲ့ အခါတွေမှာ ခေါင်းကိုက်ခြင်းပိုးဆိုးလာခြင်း ၊ အိပ်လို့မရခြင်း ၊ ခေါင်းမူးခြင်းတွေကို ဖြစ်စေတက်ပါတယ်။ ဒီလိုခေါင်းကိုက်လာခြင်းက ကိုယ်လက် မအီမသာဖြစ်စေပြီး ၊ ယာယီခေါင်းကိုက်ခြင်းတစ်မျိုး ဖြစ်ပါတယ်။

အာရုံကြောများကို ထိခိုက်လွယ်ခြင်း

Image result for seeing doctor

တစ်ချို့သော ပဠိဇီဝဆေးတွေကို အသုံးပြုနေတဲ့ အချိန်တွေမှာ ထိခိုက်လွယ်ခြင်း ၊ နာတက်ခြင်း ၊ အရေမထူခြင်းတွေ ၊ နေရောင်ထိမခံနိုင်ခြင်း စတာတွေဖြစ်စေတက်ပါတယ်။ ထိုလက္ခတွေဖြစ်တဲ့လူနာများအတွက် ကတော့ နေရောင်ခြည် ထိတွေခြင်းတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ အကာကွယ်ဖြစ်စေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။

Fungal မှိုပိုးဝင်ခြင်း

Related image

ကျနော်တို့ ပဠိဇီဝ ဆေးတွေကို သောက်ပြီးတဲ့ အခါ အရေပြားတွေမှာ အင်ပျဉ်ထွက်ခြင်း ၊ ယားယံခြင်း ၊ အဖုထွက်ခြင်း ဖြစ်လာရင်တော့ ဒါဟာ ပဠိဇီဝဆေးနဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တာပါ။ ဒီလိုဖြစ်လာရင် ပဠိဇီဝဆေး အသုံးပြုခြင်း ကို ရပ်တန့်ရပါလိမ့်မယ်။ ဆရာဝန်များနဲ့ တိုင်ပင်ပြီး ၎င်းဆေးကို အသုံးပြုသင့် ၊ မပြုသင့် ဆိုတာကို အကြံပြုချက်များကို ယူရပါမယ်။ ကိုယ်ခန္ဓာ အရေပြားတွေမှာ အပြောင်းလဲ ဖြစ်လာပြီးဆိုရင် မှိုရောဂါများ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

အမြင်အာရုံချို့ယွင်းခြင်း

Image result for အမြင်အာရုံချို့ယွင်းခြင်း

ပဠိဇီဝ ဆေးတွေကို ရံဖန်ရံခါ သောက်သုံးပြီးတဲ့ အခါ မျက်ရိုးများ ကိုက်ခြင်း ၊ မျက်လုံးကိုက်ခြင်း ၊ မျက်စိမှုန်းခြင်း ၊ ဝါးခြင်း အစရှိသည်တို ဖြစ်တက်နိုင်ကြောင်း မျက်လုံးပညာရိပ်ဆိုင် သုတေသီများက ပြောပါတယ်။ သုတေသီများ၏ စစ်သပ်ကာလ 1986 ခုနှစ် နှင့် 2009 ခုနှစ် အတွင်း (Fluroquinolone) ကို အသုံးပြုသူများမှာ အယောက် 171 ယောက်လောက် က အမြင်အာရုံချို့ယွင်းခြင်းများ ဖြစ်ပွားခဲ့ ကြောင်းရှာဖွေတွေ့ ရှိခဲ့ပါတယ်။

ဒါကြောင့် ပဠိဇီဝဆေးတွေကို အသုံးပြုပြီးတဲ့ အခါတိုင်းမှာ ခန္ဓာကိုယ်မှာ အထက်ပါ လက္ခဏာများ တစ်စုံတစ်ခု ဖြစ်ပေါ်ခဲ့လျှင် ဆရာဝန်များ အမြန်ဆုံး တိုင်ပင်ဖို့ လိုအပ်ပါတယ်။

Writing by:Health Products Directory

ref:Amanda MacMillan

Read times Last modified on Monday, 29 October 2018 12:05
Rate this item
(1 Vote)