What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 29 October 2018 17:38

အလွန်အကျွံသုံးစွဲတဲ့အခါ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်ပစ္စည်းများ

တန်ဆေး လွန်ဘေး ဆိုတဲ့ စကားပုံဟာ ကမ္ဘာပေါ်ရဲ့ နေရာအနှံ့အပြားတိုင်းမှာ မှန်ကန်နေမည့်အရာဖြစ်ပါတယ်။

အလွန်အကျွံ လုပ်မိသွားတဲ့ ရလဒ်တွေလဲကြောက်စရာကောင်းလှပါတယ်။ ဒီနေရာမှာတော့ အလွန်အကျွံစားသုံးမိတဲ့အခါ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ စားသောက်ကုန်ပစ္စည်းတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

ပဲငံပြာရည်

၂၀၁၃ ခုနှစ်တုန်းက အမေရိကန်က အမျိုးသားတစ်ယောက်ဟာ ၃၃ အောင်စရှိတဲ့ပဲငံပြာရည်သောက်စရာ ဗူးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသား ဟာ ရေဓာတ်ခန်းခြောက်မှုနဲ့ ဆိုဒီယံများပြားမှု ရောဂါလက္ခဏာတွေကိုခံစားခဲ့ရပြီး အဲ့ဒီလို မညီမျှမှုတွေဟာ ဦးနှောက်သွေးကြောပြတ်ခြင်း ဖြစ်စေနိုင်တာကြောင့် အန္တရာယ်ရှိတဲ့ရောဂါလက္ခဏာ အဖြစ် ဆရာဝန်တွေမှတ်ချက်ပြုခဲ့ကြပါတယ်။

လက်ဖက်ရည်

၂၀၁၄ ခုနှစ်က အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ လက်ဖက်ရည်အေးအလွန်အကျွံသောက်သုံးတာကြောင့် ကျောက်ကပ်ပျက်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။ အဲ့ဒီအမျိုးသားရဲ့ထွက်ဆိုချက်မှာတော့ တစ်နေ့ကို လက်ဖက်ရည် ၁၆ ခွက်ဝန်ကျင်းခန့်သောက်သုံးခဲ့ပြီးအခုလို ဆိုးကျိုးတွေဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့ကျောက်ကပ်တွေကတော့ ပျက်စီးနေခဲ့ပြီး ဆေးစစ်ချက်တွေမှာတော့ အနက်ရောင်လက်ဖက်ရည်မှာပါဝင်တဲ့ Oxalate ခေါ်ဓာတုပစ္စည်းတစ်မျိုးကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို လက်ဖက်ရည် ၆ ခွက်ထက်ပိုမသောက်သုံးသင့်ပါဘူး။

သွားတိုက်ဆေး

၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွေမှာ သွားတိုက်ဆေးတွေကို မျိုမချရ၊ ပဲလုံးစေ့လောက်သာသုံးရမည် စသဖြင့် ပြောဆိုခဲ့ကြပါတယ်။ ဖလိုရိုက်ပါဝင်တဲ့သွားတိုက်ဆေးတွေကိုမျိုချမိခြင်းဟာ အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်အရမ်းများပါတယ်။ ဖလိုရိုက်ဟာ အဆိပ်သင့်စေပြီး မူးဝေခြင်း၊ ဗိုက်အောင့်ခြင်း နဲ့သေဆုံးခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်။

တူနာ

တူနာ ငါးကို များစွာစားသုံးခြင်းဟာ အန္တရာယ်ဖြစ်စေနိုင်ကြောင်းလူတိုင်းသိကြမယ်ထင်ပါတယ်။ ပေါင်ချိန် ၁၅၀ အထက်ရှိတဲ့ လူတွေ ဟာ ၉ ရက်တစ်ခါမှာ တူငါး ၀.၃ ပေါင်ထက်ပိုမစားသင့်ပါဘူး။

နွယ်ချို

နှစ်ပတ်အတွင်းမှာ နွယ်ချို ၀.၂ ပေါင်စားခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေကိုဦးတည်သွားစေပါတယ်။ ဒီပြဿနာ ဟာ နွယ်ချိုမှာပါဝင်တဲ့ Glycyrrhizin ကြောင့်ဖြစ်ပြီး Glycyrrhizin ဟာ ပိုတက်ဆီယံပါဝင်မှုကို လျော့ချသွားစေနိုင်ပါတယ်။ ပိုတက်ဆီယံပါဝင်မှုလျော့ကျသွားတဲ့အခါ သွေးဖိအားမြင့်တက်လာပြီး နှလုံးအားနည်းမှုကိုဖြစ်သွားစေနိုင်ပါတယ်။

ဆိုဒါ

ဆိုဒါအချိုရည်တွေဟာ သကြားပါဝင်မှုမြင့်မားပါတယ်။ သကြားဆိုတာကတော့ ပါဝင်မှုများလေ ရောဂါပိုရလေဆိုတဲ့ ပစ္စည်းတစ်ခုပါ။ သိပံ္ပပညာရှင်တွေ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ ဆိုဒါ ၇၈၄ အောင်စ ဟာ လူခန္ဓာကိုယ်ကို အဆိပ်သင့်စေနိုင်ပါတယ်။

Source:mingalarbarmorning

ဓာတ်ဆားရေသောက်တော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုတယ်

ဓာတ်ဆားရေသောက်တော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုတယ်

Read times
Rate this item
(1 Vote)