What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 October 2018 15:22

အမြင်အာရုံထိခိုက်စေတဲ့ အကြောင်းအရင်း ၅ ချက်

ဘယ်သူကမှ အမြင်အာရုံအားနည်းသွားတာမျိုး မဖြစ်ချင်ကြပါဘူး။

ဒါပေမယ့် လူသားတိုင်းက နေ့စဉ်နေ့တိုင်းမှာ မျက်စိထိခိုက်စေ မယ့်အရာတွေကို မသိလိုက်မိပါဘဲနဲ့ ကျူးလွန်မိကြပါတယ်။ မျက်လုံးကို ထိခိုက်စေတဲ့အပြုအမူတွေကို ရှောင်ကြဉ်နိုင်ဖို့ အခုဖော် ပပေးမယ့်အချက် ၉ ချက်ကို အတူတူဖတ်ကြည့်လိုက်ကြရအောင်။

၁။ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများကို အလွန်အကျွံစားခြင်း

Image result for morning breakfast eating
ဂျုံက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဆူလင်ဓာတ်ကိုတိုးမြင့်စေပါတယ်။ သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ အင်ဆူလင်ဓာတ်တိုးမြှင့် သွားတဲ့အခါ မျက်လုံးကိုဆွဲဆန့်လိုက်ပြီး အဝေးမှုန်လာပါတော့တယ်။ ဒါ့ကြောင့် သုတေသနပညာရှင်များက ဂျုံအစားများတဲ့အခါ မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်လို့ ပြောကြားထားပါတယ်။

၂။ အလှကုန်ပစ္စည်းများကို အချိန်ကြာကြာအသုံးပြုခြင်း

Image result for making makeup
မျက်လုံးအတွက်အသုံးပြုရတဲ့ အလှကုန်ပစ္စည်းများကို သုံးလထက်ပိုပြီး မသုံးသင့်ပါဘူး။ အလှကုန်ပစ္စည်းထဲမှာစုနေတဲ့ ဘက်တီး ရီးယားပိုးမွှားတွေက မျက်လုံးကိုထိခိုက်စေလို့ပါပဲ။

၃။ မျက်စဉ်းဆေးများကို ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အသုံးပြုခြင်း

Related image
မျက်စဉ်းဆေးမကြာခဏအသုံးပြုခြင်းက သင့်မျက်စိအားနည်းနေတဲ့လက္ခဏာတစ်ရပ်ပါပဲ။ မျက်စဉ်ဆေးများကို ဆရာဝန်ခွင့်ပြုချက် မရဘဲ အသုံးပြုတာထက်စာရင် မျက်စိဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

၎။ လုံလောက်စွာအိပ်စက်အနားယူခြင်း မရှိလို့

Related image
သင့်မျက်လုံးက ကောင်းစွာအနားမယူရတဲ့အခါ အမြင်အာရုံမကြည်လင်ခြင်း၊ မျက်ကွင်းညိုခြင်း၊ မျက်နှာကြွက်သားများအလိုလိုတွ န့်နှံ့သွားခြင်းတို့ ခံစားရနိုင်ပါတယ်။

၅။ ရေသောက်နည်းခြင်း

Image result for i can't water drink
တစ်နေ့ကို ရေ ၈ ခွက်မသောက်ဘဲ ရေနည်းနည်းပဲသောက်တဲ့အခါ သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်သွားပါတယ်။ ရေဓာတ်ခါ မ်းခြောက်သွားတဲ့အခါ မျက်ရည်ထုတ်လုပ်မှုနည်းသွားပြီး မျက်လုံးတွေ ခြောက်သွေ့လာပါတော့တယ်။

Source:myhealthmyanmar

AIDS ရောဂါရှိနေလျှင် ဘယ်လိုသိနိုင်မလဲ

AIDS ရောဂါရှိနေလျှင် ဘယ်လိုသိနိုင်မလဲ

Read times Last modified on Tuesday, 30 October 2018 16:15
Rate this item
(1 Vote)