What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 November 2018 13:58

ကိုယ်ဝန်ဆောင်များလုံးဝ မသောက်သင့်တဲ့ဆေး သာလီဒိုမိုက် (Thalidomide)

သာလီဒိုမိုက်(Thalidomide) ဆိုတဲ့ ဆေးဟာ (၁၉၆ဝ) ပြည့်နှစ်အတွင်း ဂျာမနီနိုင်ငံရှိ ဆေးဝါးထုတ်လုပ်ရောင်းချ ရေးကုမ္ပဏီတစ်ခုဖြစ် Grinenthal Gmbh မှ သာလီဒိုမိုက်(Thalidomide)အမည်ရှိအိပ်ဆေး တစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။

ဒီဆေးကို ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်နှင့် ဥရောပနိုင်ငံပေါင်း နှစ်ဆယ်ကျော်တွင်လည်းကောင်း၊ အာဖရိကနိုင်ငံများတွင်လည်းကောင်း ဖြန့်ဖြူးရောင်ချပြီး ထောက်ခံချက်လည်း ရရှိ ထားပြီး ဖြစ်ပါတယ်။

 

သာလီဒိုမိုက်(Thalidomide) ဆိုတဲ့ ဆေးဟာ စိတ်ငြိမ်ဆေး၊အိပ်ဆေးတစ်မျိုးဖြစ်သည့်အပြင် ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ မူးဝေအော့အန်တတ်သည့်ဝေဒနာ(Morning Sickness)ကို သက်သာပျောက်ကင်းစေပါတယ်။ ဒါအပြင် အရေးပြားရောဂါ ၊ အရေပြားသွေးလေးဘက်နာ၊HIV &AIDS ရောဂါ ၊ ကင်ဆာနှင့်အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါများကိုလည်း သက်သာစေပါတယ်။ ဒီဆေးဟာ ကောင်းကျိုးလည်းရှိတယ်..ဆိုးကျိုးလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ သောက်သုံးမိပါက ကိုယ်လက်အင်္ဂါများ မပြည့်စုံတဲ့ကလေးငယ်တွေ မွေးဖွားလာပါလိမ့်မယ်။

 121

အဆိုပါ thalidomide ကို ဆေးဝါး သုတေသနသမိုင်းအတွက် အမှောင်ဖြစ်စဉ် များတစ်ခုဖြစ်ခဲ့ပါတယ်။ အဆိုပါ ဆေးဝါးများကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံတဲ့ အိပ်ဆေးလုံးအဖြစ် ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချခဲ့တာလဲ ဖြစ်ပါတယ်။ သို့ရာတွင် ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်ထောင်ပေါင်းများစွာ၏ ပုံပျက်တဲ့ခြေလက်အင်္ဂါနှင့် အတူမွေးဖွားလာခြင်းကိုခံရစေခဲ့ပါတယ်။ တချို့ကလူနာရေရှည်အသုံးပြုခြင်းကိုအပြီးသူတို့ရဲ့ခြေလက်အင်္ဂါအတွက်အာရုံကြောပျက်စီးမှုရှိခဲ့ပါတယ်။

 

၁၉၆၁ ခုနှစ်နောက်ပိုင်း အဲဒီနိုင်ငံတွေမှာ ဝမ်းတွင်းပါ ခြေပြတ်လက်ပြတ် ကလေးငယ်ပေါင်း(၁၂ဝဝဝ)ခန့်မွေးဖွားလာပြီးနောက်ဆေးစစ်တမ်းတစ်ရပ်ပြုလုပ်ခဲ့ရာမှာ သာလီဒိုမိုက်အိပ်ဆေးနှင့်ဆက်စပ်မှုရှိကြောင်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဆိုပါဆေးဝါးရဲ့ ဘေးဥပဒ်များကြောင့် ဆရာဝန်များကို စိတ်သောက တစ်ခုဖြစ်စေခဲ့ပါတယ်။ ဒါအပြင် ၎င်းဆေးဝါးကို အမေရိကန် ပြည်ထောင်စုမှာတော့ အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှု (FDA) ကအသုံးပြုခြင်းကို အသိမှတ်ပြုထားခြင်းလဲ မရှိသေးပါဘူး။

 

ယခုလိုတိကျသောအဖြေ ထွက်ပေါ်လာပြီးချိန်၌ နိုင်ငံအတော်တော်များမှာဖြန့်ဖြူးရောင်းချခဲ့တဲ့ သာလီဒိုမိုက် ဆေးဝါးများကို ရောင်းချခွင့်ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ပြန်လည်ထုတ်လုပ်ရောင်းချလာပြီး ကိုယ်ဝန်ဆောင် မိခင်များ မသောက်သုံးရဟု ထည့်သွင်းရေးသားဖော်ပြထားသည့်အပြင် ရုပ်ပုံနဲ့လည်း ရိုက်နှိပ်ဖော်ပြပေးထားပါတယ်။

Ref;broughttolife.sciencemuseum.org.uk

သွေးအားနည်းသူများ သိထားသင့်တဲ့ အစားအသောက်များ

သွေးအားနည်းသူများ သိထားသင့်တဲ့ အစားအသောက်များ

 

Read times Last modified on Friday, 16 November 2018 14:15
Rate this item
(1 Vote)