What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 July 2018 13:27

ဆေးဆိုင်ဖွင့်မယ်ဆိုရင် သိထားသင့်သော အချက်များ

ဆေးဆိုင်ဖွင့်မယ်ဆိုရင် သိထားသင့်သော အချက်များ Google.com

ဆိုင်လေ တစ်ဆိုင်ဖွင့်ဖို့ဆိုတာက လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဆိုင်ဖွင့်တဲ့ အချိန်တွေမှာ မိမိဆိုင်ဟာ တရားဝင်လား ၊ မဝင်ဘူးဆိုတာက အရေးကြီးဆုံးပါဘဲ။

ဆိုင်တစ်ဆိုင်ဖွင့်ပြီး ဆိုတာနဲ့ မိမိလုပ်မဲ့ လုပ်ငန်းတွေဟာ တရာဝင် အလုပ်ဖြစ်ဖို့က အရေးကြီးဆုံးပါဘဲ။ မိမိ ဆိုင်ဖွင့်တော့မယ် ဆိုရင် မိမိဆိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်ပြည့်စုံစုံ ထားရှိဖို့လည်း လိုအပ်ပါတယ်။ ဆေးဆိုင်ဆို မိမိရဲ့ အချက်အလတ်များ ဆိုင်၏ အချက်တွေကို အမြဲတန်း အဆင်သင့်ထားရှိရမှာလည်း ဖြစ်ပါတယ်။ ဆေးဆိုင်တွေအတွက် စစ်ဆေးရေးဆိုတာက အချိန်မရွေး ၊ နာရီမရွေး ရောက်လာတက်ပါတယ်။ မိမိ ဆေးဆိုင်ဖွင့်တော့မယ်ဆိုရင် မိမိမှာ ပြင်ဆင်ရမယ်အချက်အလက်တွေလည်း အများအပြားရှိပါတယ်။ ဒါပြင် ဆေးဆိုင်နဲ့ပတ်သက်ပြီး မလွဲမသွေ လုပ်ဆောင်ရမယ့် အချက်အလက်တွေကို ပြုလုပ်ဖို့လည်း အရေးကြီးပါတယ်။

ပထမဦးဆုံးအနေနဲ့ မိမိမှာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့လက်မှတ် ၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ ၊ မီးသတ်တပ်ဖွဲ့ထောက်ခံစာ ၊ စည်ပင်ရုံးရဲ့ ခွင့်ပြုမိန့် တို့လိုအပ်ပါတယ်။ ဆေးဆိုင်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးဆုံးလိုအပ်တာ တစ်ခုကတော့ လုပ်ငန်းလိုင်စင်ပဲ ဖြစ်ပါတယ်။ ဒါပြင် မြို့နယ်ကျန်းမာရေမှူးရုံးမှာလည်း ဆေးဆိုင် ဖွင့်တော့မည်ဖြစ်ကြောင်း ထောက်ခံချက်ရယူဖို့လိုအပ်ပါတယ်။ မြို့နယ်ကျန်းမာရေးမှူးရုံးရဲ့ ထောက်ခံချက် ရရှိမှသာလျှင် ဆေးဆိုင်ဖွင့်ခွင့်ရမှာ ဖြစ်ပါတယ်။

အဲဒါတွေအပြင် ဆေးဆိုင်မှာ ရောင်းချမယ့်သူဟာ ဆေးဝါးကျွမ်းကျင်သင်တန်းဆင်း လက်မှတ် ရရှိထားသူ ဖြစ်ရပါမယ်။ ၎င်း အချက်တွေကို ပြီးပြည့်စုံအောင် လုပ်ဆောင်ပြီးရင် သင့်ကို အခက်တွေ့စေမယ့် မေးခွန်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ရောင်းဖို့ဆေးတွေကို ဘယ်က ဝယ်ယူမလဲ ဆိုတာပါဘဲ။ လူအများစုက ဆေးဆိုင်တစ်ဆိုင်မှာ ဆေးမရှိသေးဘူး ၊ ဆေးကုန်နေတယ် လို့ပြောခဲ့ရင် အဲ့ဒီဆေးဆိုင် နောက်တစ်ကြိမ်လာဖို့အတွက် ခြေလှမ်းဖို့ တွန့်ဆုတ်ကြလိမ့်မယ်။ ဒါကြောင့် မိမိရဲ့ ဆေးဆိုင်ငယ်လေးမှာ ဆေးဝါး အစုံရှိနေဖို့ လိုအပ်ပါတယ်။ ဒီလောက်ဆေးတွေအများကြီးကို ဘယ်လိုဝယ်ယူမလဲ။ ဒါကတော့ မေးခွန်းကောင်းတစ်ခုပါဘဲ။ ဆေးဆိုင်ကို စဖွင့်တာနဲ့ ဆိုင်မှာ ဆေးအမျိုးအမည် စုံစုံလင်လင် ရှိနေစေဖို့အတွက် မိမိမှာ အကုန်ကျများသွားမယ်ဆိုရင် သင့်အဖို့ အခက်တွေ့စေနိုင်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ဆေးဝါးကျွမ်းကျင်သင်တန်းပို့ချတဲ့ ဆရာ ၊ ဆရာမတွေထံမှာ အကူအညီတောင်းခံတာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ဆေးဒိုင်တွေမှာ ကြားဝင်အာမခံပေးမယ့် အဆက်အသွယ် ရှိခဲ့ရင် လက်ငင်းပေးချေစရာ မလိုဘဲ အကြွေးဝယ်ယူခွင့် ရနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို သင့်မှာ အခုလို ဆေးဝါးဝယ်ယူမှုနဲ့ ပတ်သက်ပြီး အဆက်အသွယ်ကောင်းတွေ မရှိဘူးဆိုရင် သင့်ဘာသာ ဝယ်ယူတဲ့အခါ ဖောက်သည်ဈေးနဲ့ ရချင်မှ ရလိမ့်မယ်။ ဆေးတွေရဲ့
ဈေးနှုန်းတွေက အများနဲ့ မတူဘဲ ဈေးပိုပေးပြီး ဝယ်ယူရတဲ့ ဈေးနှုန်းကွာခြားချက်ရှိပါတယ်။ ဆေးဒိုင်တွေမှာ အဓိက ကွားခြားတာက ဖေါက်သည်နဲ့ လူသစ်ပဲ ဖြစ်ပါတယ်။ လူသစ်တစ်ယောက်ကို ရောင်းဝယ်တဲ့ ဈေးနှုန်းနဲ့ ဖောက်သည်တွေရဲ့ ဈေးနှုန်းတွေက အနည်းငယ်ကွားခြားချက်ရှိပါတယ်။ ဒါကြောင့် ဆေးဝါးတွေကို ဝယ်ယူတော့မယ်ဆိုရင် ဆေးဝါးလောကမှာ သိနားလည်တဲ့ သူတစ်ယောက်ယောက်ရဲ့ အကူအညီတွေ အဆက်အသွယ်တွေနဲ့ ဆေးတွေကို ဝယ်ယူရမှာ ဖြစ်ပါတယ်။

သင်ဆေးဝါးတွေကို ဝယ်ယူတော့မယ် ဆိုရင် ဆေးဝါးတွေနဲ့ ပတ်သက်ပြီး သင်ဝယ်ယူမယ့် ဆေးတွေက Expired Date ကုန်ဆုံးနေတဲ့ ဆေးတွေလား ၊ တရာဝင် တင်သွင်းတဲ့ ဆေးတွေလား ၊ ဥပဒေနဲ့ ကင်းလွတ်တဲ့ ဆေးတွေလား ဆိုတာကို သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ ဆေးဝါးတွေနဲ့ ပတ်သက်ပြီးတော့ သိထားသင့်တာက တစ်ခုကတော့ မိမိဝယ်ယူမဲ့ ဆေးက မူရင်းဆေးလား ၊ ဒါမှမဟုတ် ကုမ္ပဏီကွဲရဲ့ မျိုးတူ ဆေးတွေလားဆိုတာကို သိထားဖို့လည်းလိုအပ်ပါတယ်။ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး နားလည်ထားတဲ့ သူတစ်ယောက် နဲ့ သာမန်လူတစ်ယောက်တို့ အကြားမှာ ကွာခြားချက်ရှိပါတယ်။ ဒါကတော့ သာမန်လူတစ်ယောက်က ဆေးလာဝယ်တဲ့အခါတွေမှာ သူပြောလိုက်တဲ့ ဆေးက မိမိမှာ အလားတူပဲ ရှိနေမယ်ဆိုရင် ထိုလူအတွက် ကြိုက်မကြိုက်ဆိုတာက ၂၀ ရာခိုင်နှုန်းလောက်ပါပဲ သေချာပါတယ်။ ဒါကြောင့် ဆေးဝယ်ယူတော့မယ်ရင် မူရင်းမူလဆေးနဲ့ အလားတူဆေး ဒီနှစ်မျိုးကို ချင့်ချိန်ပြီး ၀ယ်ယူရမှာ ဖြစ်ပါတယ်။

စပ်ဆေးတွေနဲ့ ပတ်သက်ပြီးပြောချင်ကတော့ စပ်ဆေး ရောင်းချတာကို တရားဝင် တားမြစ်ထားတာမို့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

ဤစာစုသည် ဆေးဝါးပညာကိုစတင်ဆည်းပူးလိုသူများ ၊ ဆေးဝါးရောင်းဝယ်သူများ ၊ ဆေးဝါးအရောင်းမြင့်တင်ရေးကိုယ်စားလှယ်များ ၊ ဆေးကုမ္ပဏီဝန်ထမ်များ ၊ ဆေးဝါးများတင်သွင်းသော ကုမ္ပဏီများ ၊ ဆေးပညာဗဟုသုတလိုလားသူများ အတွက် လေ့လာပြီး အကျိုးဖြစ်ထွန်းစေရန်တွက် ရည်ရွယ်ချက်ဖြင့် တင်ပြလိုခြင်း ဖြစ်ပါတယ်။

writting by:A.win

Read:အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

Read times Last modified on Friday, 20 July 2018 14:03
Rate this item
(4 votes)