နေ့စဉ် အစိမ်းရောင်ဟင်းသီးဟင်းရွက်ပမာဏများများစားပေးခြင်းက အသည်းအဆီဖုံးတဲ့ရောဂါဖြစ်ပွားမှုနှုန်းကို လျော့နည်းစေနိုင်ပါတယ်။
အသည်းအဆီဖုံးခြင်းက အဖြစ်များတဲ့အသည်းရောဂါဖြစ်ပြီး ဖြစ်ပွားခြင်းအကြောင်းအရင်းတွေက အဝလွန်ခြင်း၊ အရက်အများကြီးသောက်ခြင်းတို့ဖြစ်ပါတယ်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက အသည်းမှာ အဆီစုလာခြင်းကို ကာကွယ်ပေးနိုင်တဲ့ inorganic nitrateပါဝင်ပါတယ်။ ဘယ်သူကမှ သော့ချက်လို့ထင်တဲ့nitrateကို အာရုံမစိုက်ကြပါဘူး။အခုဆိုရင် အသည်းအဆီဖုံးခြင်းကို လျော့နည်းစေတဲ့ nitrateဖြည့်စွက်စာရဲ့တန်ဖိုးကို စစ်ဆေးဖို့ ဆေးဘက်ဆိုင်ရာလေ့လာချက်တွေကို စမ်းသပ်ချင်ကြပါတယ်။
Proceedings of the National Academy of Sciencesကထုတ်ဝေခဲ့တဲ့လေ့လာတွေ့ရှိချက်ကလဲ အသီးနဲ့ဟင်းသီးဟင်းရွက်စားသုံးမှုပမာဏများခြင်းက နှလုံးနဲ့သွေးကြောတို့နဲ့ဆိုင်တဲ့ကုထုံးနဲ့ဆီးချိုရောဂါတွေမှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ပြသခဲ့ပါတယ်။
ဟင်းသီးဟင်းရွက်နဲ့အသီးတွေကလဲ သွေးတိုးခြင်းကို လျော့နည်းစေပြီး ဂလူ့ကိုဓာတ်နဲ့အင်ဆူလင်ကို တိုးလာစေပါတယ်။ အသည်းကင်ဆာကဲ့သို့ ဘဝကိုခြောက်လှန့်နေတဲ့အခြေအနေတွေဖြစ်စေနိုင်တဲ့ အသည်းအဆီဖုံးခြင်းရောဂါအတွက် ထောက်ခံချက်ပေးထားတဲ့ကုသမှုတော့ လောလောဆယ်မရှိဘူးဖြစ်ပါတယ်။
Source:mingalarbarmorning