သီတင်းတစ်ပတ်လျှင် လေ့ကျင့်ခန်း သုံးကြိမ်လုပ်ပြီး ကျန်းမာ ရေးနှင့် အညီစားသောက်ပါက အသက်အရွယ်ကြောင့်ဖြစ်သောစိတ် ကျန်းမာရေးအခြေအနေလျော့ကျမှုကို ၁၀ စုနှစ်တစ်ခုကြာ နီးပါး ပြောင်းပြန်လှန်ပစ်နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရသိရသည်။
တစ်ပတ်လျှင် မိနစ် ၁၀၀ ၀န်းကျင်လေ့ကျင်ခန်းလုပ်သည့် အသက်အရွယ်ကြီးသူများသည် သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းနှင့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များပါဝင်သော အစားအစာများ စားပါက အသက်အရွယ်ကြီးလာသည်နှင့် လျော့ကျလာလေ့ရှိသော ဦးနှောက်စွမ်းရည်များ ကောင်းမွန်နိုင်ကြောင်း လေ့လာမှုအရသိရ သည်။
ယခုလေ့လာမှုတွင် ပါဝင်သောပျမ်းမျှအသက် (၆၅) နှစ်ရှိသူ များသည် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် ပေါ့ပေါ့ပါးပါးပြေး ခြင်း တစ်ပတ်လျှင် ၃၅ မိနစ်စီသုံးကြိမ်ပြုလုပ်ပြီးနောက် ခြောက်လအကြာတွင် ၎င်းတို့၏ ဦးနှောက်စွမ်းရည်များတိုးတက် လာကြောင်း လေ့လာတွေ့ရှိခဲ့သည်။
၎င်းတို့သည် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအပြင် အစားအ သောက်များကိုလည်း ကျန်းမာရေးနှင့်အညီ စားသောက်သူများဖြစ် သည်။ယင်းကဲ့သို့ လေ့ကျင့်ခန်းလုပ်သူများ၏ ဦးနှောက်စွမ်းရည်ကို တိုင်းတာရာတွင် (၉၃) နှစ်အရွယ်များ၏ စွမ်းရည်သည် (၈၄) နှစ် အရွယ်၏ ဦးနှောက်စွမ်းရည်များနှင့် တူညီနေကြောင်းတွေ့ရသည်။
လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကျန်းမာရေးနှင့်အညီစားပါက နှလုံး လုပ်ဆောင်ချက်ပိုကောင်းလာစေပြီး ဦးနှောက်သို့သွေးစီးဆင်းမှုပို များလာစေသည်။
ယခုလေ့လာမှုကို အမေရိကန်နိုင်ငံ Duke ဆေးတက္ကသိုလ် စင်တာမှ သုတေသီများကပြုလုပ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာရေးနှင့်အညီ စားသောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေး ဇူးများကို လေ့လာခဲ့သည်။
Neurology ဂျာနယ်တွင် ဖော်ပြထားသည့် ယင်းလေ့လာမှုက နေထိုင်စားသောက်မှုပုံစံကို အနည်းငယ်မျှကာလတိုပြောင်းလိုက်ရုံဖြင့် အသက်အရွယ်နှင့် ဆက်စပ်သော စဉ်းစားတွေးတောမှုဆိုင်ရာ ပြဿနာများကို အလေးအနက်ခြားနားမှု ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။
Source:7daydaily