What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 January 2019 13:21

ဓမ္မတာ များလွန်းခြင်း (Menorrhagia)

ရောဂါ လက္ခဏာ


ပုံမှန်လာနေကျ ဓမ္မတာထက် ပိုပြီး များများ လာတာ ဒါမှမဟုတ် ဓမ္မတာ လာရက် ရှည်နေတာပါ။ ပုံမှန်ထက် မီးယပ်သွေး ပိုဆင်း တတ်ပါတယ်။ မောပန်း နေတတ် ပါတယ်။

 

ရောဂါကြာချိန်

ဟော်မုန်း မညီမျှတာ ကြောင့် ဖြစ်ရင် နှစ်လ ဒါမှမဟုတ် သုံးလသာ ကြာတတ် ပါတယ်။ သားအိမ် အလုံး (Uterine Fibroid) ဒါမှ မဟုတ် ကိုယ်ဝန် ပျက်ကြတာ (Missed Abortion) ကြောင့် ဖြစ်ရင် ကုသမှု ခံယူ မှသာ ပျောက်ကင်း တတ်ပါတယ်။

 

ဘာကြောင့် ဖြစ်သလဲ ဟော်မုန်း မညီမျှ တာကြောင့် ၊ သားအိမ် အလုံးကြောင့် ၊ ကိုယ်ဝန်ပျက်ကြတာကြောင့် ၊ သားအိမ်အတွင်း သန္ဓေတား ပစ္စည်း (IUD) ထည့်ထား တာကြောင့် ဖြစ်နိုင်ပါတယ်။

 

နောက်ဆက်တွဲပြဿနာ

== သွေးအားနည်း ရောဂါ

 

 

အိမ်မှာ ဘယ်လိုကုမလဲ

မီးယပ် သွေးဆင်းတာ များလွန်းရင် အိပ်ရာထဲမှာ နားနေပါ။ 

 

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ  === ပုံမှန်ထက် မီးယပ်သွေး ပိုမို ဆင်းနေရင် ဒါမှမဟုတ် မီးယပ် သွေးဆင်းတဲ့ ပုံစံ ပြောင်းတာဟာ သုံးလထက် ပိုကြာနေရင် ၊ သွေးအားနည်း ရောဂါ လက္ခဏာ ရှိနေရင် ၊ 

 

ဆရာဝန် ဘာလုပ် ပေးမလဲ

မီးယပ် ရောဂါရှိ မရှိ သားအိမ် အတွင်း စစ်ဆေးတာ၊ သားအိမ်ခေါင်း စစ်ဆေးတာ၊ သွေးစစ် တာတွေ လုပ်ပေး ပါမယ်။ သန္ဓေတားဆေး ဒါမှမဟုတ် ဟော်မုန်း ဆေးတွေ ပေးပါမယ်။

 

ဘယ်လိုကာကွယ်မလဲ
ကာကွယ်လို့ မရပါ။  ရောဂါအခြေအနေ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည် ပါတယ်။

Source: ဒေါက်တာ ခင်မိုးမိုး(yatanarpon)

 

 

Read times Last modified on Wednesday, 27 February 2019 15:05
Rate this item
(1 Vote)