What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 January 2019 14:53

ညဘက်မျက်စိ မမြင်ရခြင်း

လူတိုင်းလူတိုင်းမှာ ညဘက်အမြင် အာရုံချို့တဲ့မှု အနည်းငယ်စီ ရှိကြတာက မြင်လွှာဟာ အလင်းရောင် ပြောင်းလဲတာကို ထိန်းညှိဖို့ ပုံမှန်အားဖြင့် အချိန်အနည်းငယ် ယူရတတ်လို့ပါ။ ဒါပေမဲ့ တချို့သူတွေမှာ ညဘက် မမြင်ရတာဟာ ပုံမှန် ရှိသင့်တာထက် ဆိုးရွားတတ်ပါတယ်။

အနီးမှုန် ပြဿနာ ရှိသူတွေဟာ အမှောင်ထဲမှာ အဆင်ပြေအောင် ကြည့်ဖို့ အချိန်ပိုယူရတတ်လေ့ ရှိပါတယ်။ တချို့လူတွေဟာ အမှောင်ထဲမှာ လုံးဝ မမြင်ရပါဘူး။ အဲလို အခြေအနေဖြစ်တဲ့ လူတွေ ရှားပါးပြီး မွေးရာပါ ချို့ယွင်းချက် (Congenital Stationary night blindness) ရှိတယ်လို့ ခေါ်ပါတယ်။ သင်ဟာ ညဘက် ကောင်းကောင်း မမြင်ရသူဖြစ်ပြီး ဆရာဝန်ကလည်း သင့်မှာ မျက်စိပြဿနာ ဘာမှမရှိဘူးလို့ ပြောခဲ့ရင် အောက်ပါ အကြံပေးချက်တွေကို လိုက်နာပြီး ယာဉ်တိုက်မှု အန္တရာယ် ကင်းဝေးအောင် ပြုလုပ်ပါ။

 

ညဘက်အန္တရာယ်ကင်းစွာ ကားမောင်းနိုင်အောင်

နေ့လယ်နေ့ခင်း ရာသီဥတု သာယာတဲ့ နေ့တွေမှာ ဒရိုင်ဘာ ထိုင်ခုံမှ ကြည့်မယ်ဆိုရင် ပုံမှန်အားဖြင့် လမ်းဖြောင့်တန်းနေရင် ၁၂၀၀ မှ ၁၅၀၀ ပေအထိ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေမယ့် ညဘက်တွေမှာ ကားမီးရောင်နဲ့ ကြည့်ပါက ပေ ၃၀၀ မှ ၄၀၀ ပေလောက် အတွင်းသာ မြင်နိုင်ပါတယ်။ ဒါတွေ သိထားမှ အန္တရာယ်ကို ရှောင်နိုင်မှာပါ။

 

နေကာမျက်မှန် မတပ်ပါနှင့်

ညဘက် ဒါမှမဟုတ် မှောင်စပျိုးတဲ့ အချိန်တွေမှာ စတိုင်ထုတ်ဖို့ အတွက် နေကာမျက်မှန် မတပ်ပါနဲ့။ နေကာမျက်မှန်က မျက်လုံးထဲကို ဝင်လာမယ့် အလင်းရောင် အားကို လျှော့ချနိုင်ဖို့ပါ။

 

ကားမီးကြီးမှ အလင်းရောင် ကြည်လင်စွာ ရရှိပါစေ

ကားမီးကြီးမှာ ဖုန်တွေကပ်နေပါက အလင်းရောင်တွေဟာ ကြည်ကြည်လင်လင် မရှိရင် လမ်းအန္တရာယ်ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

 

ညကြည့် မျက်မှန် တပ်ပါ

ညဘက်မှာကြည့်ဖို့ အလင်းမပြန်နိုင်တဲ့ မျက်မှန်တပ်ပေးပါ။ လေယာဉ်မောင်းသူတွေဟာ ညဘက်မှာ အဝေးကို မြင်ရဖို့ ပိုမိုခက်ခဲတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ညဘက်မှာ သူတို့ကို ပါဝါများတဲ့ မျက်မှန်တပ်ခိုင်းတာ ဒါမှမဟုတ် နေ့ခင်းဘက် မျက်မှန်မတပ်ရသူ ဖြစ်ရင်လည်း ညဘက်ကြည့်ဖို့အတွက် မျက်မှန်တပ်တာတွေ ပြုလုပ်ပါ။

 

အရှိန်လျှော့ပါ

တစ်နေရာမှ တစ်နေရာ ရောက်ဖို့အတွက် သင်မျှော်မှန်းထားတဲ့ အချိန်ထက် အနည်းငယ် ပိုဆောင်းပြီး အချိန်ယူထားပါ။ မမျှော်မှန်းထားတဲ့ အန္တရာယ်တွေ ရှိတတ်တာမို့ ရပ်နားရမယ့် အချိန်ပိုတွေပါ ထည့်စဉ်းစားပါ။

 

လမ်းကြောင်းရွေးပါ

မိမိအတွက် လွယ်ကူပြီး လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းရွေးပါ။

 

မိုးများများ ရွာလျှင် သတိထားပါ။ နှင်းထူလျှင် သတိထားပါ

မိုးများများ ရွာသွန်းနေတဲ့အချိန်မှာ ကားမောင်းရင် အန္တရာယ် သိပ်များပါတယ်။ အမြင်ပိုကောင်းအောင် ကားမီးရောင်ကို လမ်းဘက်နိမ့်ပြီး ထိုးပေးပါ။ ဆောင်းတွင်းဘက် နံနက်ပိုင်းမှာ နှင်းထူလို့ ဘာမှမမြင်ရရင်လည်း ကားမမောင်းဘဲ လမ်းဘေးမှာ ခေတ္တရပ်ထားပါ။

 

ညာဘက်ကြည့်ပါ

မိမိညာဘက်ရဲ့ လမ်းဘေးနေရာကို ကြည့် သို့မဟုတ် ဘယ်ဘက်နေရာကို ကြည့်ပါ။ ဒါမှ အလင်းပြန်မှုကို ရှောင်ရှားနိုင်မှာပါ။

 

နေ့ပိုင်းမှာသာ ကားမောင်းပါ

ဒရိုင်ဘာအနေနဲ့ ညဘက်မှာ အမှန်တကယ် မမြင်ရဘူးဆိုရင် နေ့ခင်းဘက်မှာသာ ကားမောင်းပါ။ ညဘက် အလင်းရောင်များတဲ့ မြို့ကြီးတွေမှာတောင် ညဘက်မမြင်ရတဲ့ ပြဿနာရှိသူအနေနဲ့ ကားမောင်းရင် ဒုက္ခရောက်တတ်ပါတယ်။

 

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ

ညဘက်မမြင်ရတဲ့ ပြဿနာဖြစ်နေရင် မျက်စိအထူးကုဆရာဝန်နဲ့ မျက်စိကို စမ်းသပ်စစ်ဆေးပါ။ တစ်ခါတစ်ရံမှာ ညဘက် မမြင်ရတာဟာ မျက်စိရောဂါတွေရဲ့ စောစောစီးစီး လက္ခဏာတွေ ဖြစ်နိုင်လို့ပါ။

Source: ဒေါက်တာ ခင်မိုးမိုး(yatanarpon)

 

Read: ဂျပန် သူနာပြုလျှောက်ထားသူများ သတိပြုရန်

ဂျပန် သူနာပြုလျှောက်ထားသူများ သတိပြုရန်

Read times Last modified on Wednesday, 27 February 2019 15:01
Rate this item
(1 Vote)