What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 January 2019 15:00

ဇက်ကြောတောင့်ခြင်း / ဇက်ကြောနာခြင်း ( Nuchal ache / Neck pain )

ဇက်ကြောနာခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပါတယ်။

လည်ပင်းအနေအထား မမှန်ခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းမှ ဖြစ်လေ့ရှိပါတယ်။ Osteoarthritis ဟုခေါ်သည့် အရိုးအဆစ်များ တိုက်စားပြီး ရောင်ရမ်းခြင်းသည်လည်း ဇက်ကြောနာခြင်းတွင် အတွေ့ရများသော အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဇက်ကြောနာခြင်းသည် ပိုမိုပြင်းထန်သောရောဂါများ၏ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ဇက်ကြောနာခြင်းအပြင် ထုံကျင်ခြင်း၊ ခြေလက်များလေးခြင်း၊ ပုခုံးနှင့်လက်မောင်းများထိ နာကျင်လာလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

လက္ခဏာများကတော့ လည်ပင်းအနေအထားကို တစ်နေရာတည်းကြာကြာထားလျှင် နာလာခြင်း( ဥပမာ - ကားအကြာကြီးမောင်းခြင်း၊ ကွန်ပျူတာရှေ့ တွင် ကြာရှည်စွာ ထိုင်ခြင်း ) ၊ ကြွက်သားတောင့်တင်းခြင်း ၊ အကြောတက်ခြင်း ၊ ခေါင်းကို လှုပ်ရှားနိုင်စွမ်း နည်းလာခြင်း ၊ ခေါင်းကိုက်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။

 

မပြင်းထန်သော ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်းများမှာ ၂ပတ်မှ ၃ပတ်အတွင်း အိမ်တွင်းကုသနည်းများဖြင့်ပင် ပျောက်ကင်းလေ့ရှိပါတယ်။ အကယ်၍ ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်းသည် ကြာရှည်နေပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ကုသမှု ခံယူနိုင်ပါတယ်။

 

ကုသနည်းများကတော့ Physical therapy ကုထုံးများဖြင့် ကုသခြင်း - ခန္ဓာကိုယ်အနေအထား၊ တည့်မတ်မှု၊ လည်ပင်းကြံ့ခိုင်ခြင်းများကို မှန်ကန်စေပါတယ်။ အပူ၊ အအေး၊ လျှပ်စစ်နှင့်အခြားနည်းများဖြင့် နာကျင်မှုကို သက်သာစေပါတယ်။ နောက်တစ်ခေါက် ပြန်မဖြစ်ရန် ကာကွယ်ပေးပါတယ်။ Transcutaneous electrical nerve stimulation (TENS) - နာကျင်သောနေရာတစ်ဝိုက်ရှိ အရေပြားပေါ်တွင် လျှပ်စစ်ဖု electrodesများအား ထားခြင်းဖြင့် လျှပ်စစ်ဓာတ်များကို ပို့လွှတ်ခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေပါတယ်။

 

Traction အလေးဆွဲခြင်း - အလေး၊ဘီး တို့ကို အသုံးပြု၍ လည်ပင်းကို တဖြည်းဖြည်းဆွဲခြင်းဖြင့် တချို့အကြောင်းများကြောင့်ဖြစ်သော ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းများကို သက်သာစေပါတယ်။ အထူးသဖြင့် Nerve irritation အာရုံကြော မူမမှန်လှုံ့ဆွခြင်းကြောင့်ဖြစ်သော ဇက်ကြောတောင့်ခြင်း / ဇက်ကြောနာခြင်းများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ပြုလုပ်နိုင်ပါတယ်။

 

Short-term immobilization လည်ပင်းကို ယာယီမလှုပ်ဘဲထားခြင်း - လည်ပင်းပတ်လည်တွင် soft collor ကော်လံကို တပ်ဆင်ခြင်းဖြင့် လည်ပင်းရှိအစိတ်အပိုင်းများဖိနေခြင်းမှ ကာကွယ်ပေးကာ နာကျင်မှုကိုပါ ကာကွယ်ပေးပါတယ်။သို့သော် ၁ပတ်၂ပတ်ထပ် ပို၍ (သို့ )တစ်ကြိမ်လျှင် ၃နာရီထပ်ပို၍သုံးလျှင် ကောင်းခြင်းထက် ဆိုးခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။

 

ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းအများစုသည် ခန္ဓာကိုယ်အနေအထားအဆင်မပြေမှုနှင့်အသက်ကြီးခြင်းတို့မှ ပျက်စီးတိုက်စားရာမှဖြစ်လေ့ရှိသည်။ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းမှကာကွယ်ရန် ခါးအနေအထားကို မှန်ကန်စွာနေရန်လိုအပ်ပါတယ်။နေ့စဉ်ပုံမှန်ပြုပြင်ခြင်းအားဖြင့်လည်းကာကွယ်နိုင်ပါတယ်။

 

(၁) ခန္ဓာကိုယ်အနေအထားမှန်ကန်ခြင်း - ထိုင်သည်ဖြစ်စဉ် မတ်တပ်ဖြစ်စေ ပုခုံးသည် နား ၊ တင်ပါးတို့နှင့် တစ်တန်းတည်းရှိသင့်သည်။

(၂) ခရီးသွားခြင်း သို့ ကွန်ပျူတာရှေ့တွင် အလုပ်လုပ်ခြင်းကဲ့သို့ ကြာရှည်စွာ ထိုင်ရလျှင် ခဏတစ်ဖြုတ်ဖြစ်စေ ခါးနှင့်လည်ပင်း ပုခုံးတို့ကို လျှော့ချပေးရန်လိုအပ်ပါသည်။

(၃) ကွန်ပျူတာရှေ့တွင် အလုပ်လုပ်ရလျှင် ကွန်ပျူတာ screen ကို မျက်စိနှင့် တစ်တန်းတည်းထားပေးပါ။ဒူးခေါင်းသည် တင်ပါးထက် ပိုလျှောကျပြီးထိုင်ပေးပါ။လက်တင်ထိုင်ခုံနှင့်ထိုင်ပါ။

 

(၄) တယ်လီဖုန်းပြောသောအခါ ခေါင်းစောင်းပြီး နားနှင့်ပုခုံးတို့ကြားတွင်ညှပ်ပြီးမပြောပါနှင့်။ ထိုအစား နားကျပ်ကြိုးဖြင့်ပြောခြင်း သို့ စပီကာဖွင့်ပြီးပြောခြင်းတို့ကို လုပ်ပေးပါ။

(၅) ဆေးလိပ်သောက်ပါက ဖြတ်ပေးပါ။ဆေးလိပ်သောက်ခြင်းသည် ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းကို ပိုမိုဆိုးစေသည်။

(၆) ပုခုံးတွင် လေးသော ပစ္စည်းများ အိတ်များ မသယ်ပါနှင့်။

 

(၇) အိပ်သောအခါ ခန္ဓာကိုယ်အနေအထားမှန်မှန်ကန်ကန်ဖြင့် အိပ်ပါ။ခေါင်းနှင့်လည်ပင်းကို ခန္ဓာကိုယ်နှင့်တစ်တန်းတည်းထားပါ။လည်ပင်းအောက်တွင် ခေါင်းအုံးအပါးတစ်ခုကိုခံပါ။ ခါးအောက်တွင်လည်း ခေါင်းအုံးခံခြင်းဖြင့် ခါးနှင့်ပေါင်ကို ခေါင်းထက်ပိုမိုမြင့်ပြီးခါးကြွက်သားများကို လျှော့ချကာအိပ်တတ်နိုင်အောင် ကြိုးစားပါ။

Source: (Dr.YadanarPhooWaiAung)

 

Read: အသက်ရှူမဝသလို ခံစားနေရသလား

အသက်ရှူမဝသလို ခံစားနေရသလား

Read times Last modified on Friday, 18 January 2019 15:07
Rate this item
(1 Vote)