What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 January 2019 11:06

ရန်ကုန်တိုင်းတွင် ကင်ဆာလူနာတစ်သောင်းခွဲခန့်ရှိနေ

ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံများသို့လာရောက်ပြသသည့် ကင်ဆာလူနာဦးရေ တစ်သောင်းခွဲခန့်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မကူးစက်နိုင်သော ရောဂါကာကွယ်နိုမ်နှင်းရေးဌာနခွဲညွှန်ကြားရေးမှူးဒေါက်တာကျော်ကံကောင်းကပြောပါတယ်။

ကင်ဆာဖြစ်ပွားမှုအခြေအနေကိုသိရှိရန် ကင်ဆာမှတ်ပုံတင်စနစ်ကို ၂၀၁၈ ကစတင်ဆောင်ရွက်ရာ ရန်ကုန်တိုင်းရှိအစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံစုစုပေါင်း ၁၈ ခုသို့တက်ရောက်ကုသသူကင်ဆာလူနာဦးရေ တစ်သောင်းခွဲခန့်ရှိနေသည်ကို တွေ့ရခြင်းဖြစ်ပါတယ်။


“ဒါ ရန်ကုန်တစ်ခုတည်းဒေတာ။ နေပြည်တော်မှာလည်း ကင်ဆာမှတ်ပုံတင်စနစ်ကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ဒါ့အပြင် တောင်ကြီး၊ မန္တလေးမှာ ကင်ဆာဌာနတွေရှိတဲ့နေရာမှာ ထပ်မံဆောင်ရွက်မှာဖြစ်ပါတယ်။


၂၀၁၄ မှာဆို အသက်အရွယ်အရကြည့်မယ်ဆိုလည်း အရွယ်ကောင်းတုန်း(၃၅)နှစ်၊ (၄၅)နှစ်မှာဖြစ်နေကြတယ်။ ကင်ဆာဖြစ်ပွားတဲ့နှုန်းထား တွေကအဲဒီလိုအလုပ်လုပ်နိုင်တဲ့ အရွယ်တွေမှဖြစ်တယ်ဆိုတော့  ဝေဒနာခံစားနေရတယ်ဆိုတော့ ကျွန်တော်တို့နိုင်ငံအတွက်အလုပ်လည်း မလုပ်နိုင်ဘူး။ လုပ်အားလည်းဆုံးရှုံးပါတယ်”ဟုဒေါက်တာကျော်သက်ကောင်းကပြောပါတယ်။

 

ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက National Cancer Control Plan ရေးဆွဲပြီးဖြစ်ကာ ကင်ဆာရောဂါကို စောစီးစွာရှာဖွေထုတ်ဖော်ခြင်း၊ တွေ့ရှိပါကထိရောက်သောကုသမှုပေးခြင်းတို့ဆောင်ရွက်မည်ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ နိုင်ငံမှာသက်တမ်းစေ့မတိုင်ခင် သေဆုံးမှုတွေရှိနေတယ်။ မွေးတဲ့ချိန်ကနေ အသက်ရှည်နှုန်းက(၆၅) နှစ်အရွယ်လောက်ရှိမယ်ဆိုတော့ အဲ့ဒီ (၆၅) နှစ်မတိုင်ခင်မှာ သေဆုံးတဲ့အတိုင်းအတာတွေ တွေ့နေရတယ်။ ၂၀၁၅ မှ ၂၀၂၅ ထိကို သေဆုံးနှုန်းသုံးပုံတစ်ပုံလျှော့ချရမယ်ဆိုပြီး Global Target အနေနဲ့မျှော်မှန်းထားတယ်။
မြန်မာမှာလည်း အဲဒီလိုမျှော်မှန်းဆောင်ရွက်နေတယ်” ဟုဒေါက်တာကျော်ကံကောင်းကပြောပါတယ်။

 

၂၀၁၈ တွင်ထုတ်ပြန်သည့် ကမ္ဘာ့ကင်ဆာရောဂါဆိုင်ရာကိန်းဂဏန်းများအရ ကမ္ဘာပေါ်တွင် ကင်ဆာဖြစ်ပွားသူ ၁၈ ဒသမ ၁ သန်းထိရှိပြီး ယင်းကြောင့်သေဆုံးသူ ၉ ဒသမ ၆ သန်းရှိသည်။
Source:7daynews

 

Read times Last modified on Wednesday, 27 February 2019 14:45
Rate this item
(1 Vote)