သောက်မယ့်အရည်ထဲမှာ စိတ်ကြွဆေး၊အိပ်ဆေး အစရှိတဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ ဆေးခတ်တာတွေကြောင့် ဘ၀ပျက်ခဲ့၊ဒုက္ခေ ရာက် ခဲ့ရတဲ့ အမျိုးသမီးတွေ အများကြီးပါ။
အထူးသဖြင့် ဘားလို နေရာမျိုးေ တွမှာဆိုရင် ကိုယ်သောက်မယ့် သောက်စရာထဲကို အလွယ်တကူ မကောင်းတဲ့ဆေးတွေခတ်လို့ရတယ်ဆိုတာကို အမျိုးသမီးတော်တော် များများ အမှုမဲ့အမှတ်မဲ့နေမိတတ်ကြပါတယ်။‘Roofies’ ဆိုတဲ့ စိတ်ငြိမ်ဆေးကို မုဒိန်းကောင်တွေက အမ်ိဳးသမီးေ လးေ တြကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်နဲ့အသုံးပြုနေကြပါတယ်။
အဲ့ဒီဆေးကို သောက်မိလိုက်ရင် ဘာကိုမှမသိတော့ပဲ အလွယ်တကူ ခေါ် သွားနိုင်ကာ မုဒိန်းကောင်တွေရဲ့ လက်ထဲကို အလွယ်တကူသက်ဆင်း သွားစေနိုင်ပါတယ်။ဒီလိုဆေးခတ်ပြီး မကောင်းကြံတဲ့ ရာဇ၀တ်မှုတွေ ပပျောက်လိုတဲ့ရည်ရွယ်ချက်နဲ့ North Carolina State University မှ ကျောင်းသား(၄)ယောက်ဟာ ပစ္စည်းတစ်ခုကို တီ ထွင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
အဲ့ဒီပရောဂျက်ကိုတော့ ‘Undercover Colors’ လို့ခေါ်ပြီး အထူးဖန် တီးထားတဲ့ လက်သည်းဆိုးဆေးပါ။အဲ့ဒီလက်သည်းဆိုးဆေးဟာ ဘ ယ်လို အရည်မျိုးမှာမဆို ဆေးခတ်ထား၊မထားကို ဖော်ထုတ်ပေးနိုင်ပါ တယ်။
တစ်ခုခုမူမမှန်ဘူးလို့ ခံစားရရင် အထူးလက်သည်းနီဆိုးထားတဲ့ လက်သည်းထိပ်လေးကို ခွက်ထဲက အရည်နဲ့နည်းနည်းလေးထိကြည့် ပါ။ လက်သည်းနီအရောင်ပြောင်းခဲ့ရင်တော့ ဒီခွက်ထဲမှာ ဆေးတစ်မျိုး မျိုး ထည့်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။ဆေးခတ်ပြီး မကောင်း တာအကြံခံရသူအများစုဟာ အမျိုးသမီးတွေ ဆိုပေမယ့် အမျိုးသား တွေ မှာလည်း ဒီလိုအန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရတာတွေရှိပါတယ်။ဒါကြောင့် အမျိုးသားတွေအတွက် ရည်ရွယ်ပြီး အရောင်မရှိတဲ့၊လက်သည်းဆိုးေ ဆးအကြည်ကို ထုတ်ဖို့ စီစဉ်နေပါတယ်။
Sorce:auntymay