What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 December 2017 10:40

ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း ရှောင်ရှားသင့်သော အန္တရာယ်ရှိနိုင်သူများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း ရှောင်ရှားသင့်သော အန္တရာယ်ရှိနိုင်သူများ google.com

ကိုယ်ဝန်ဆောင်ရသည့် ကိုးလကြာအချိန်ကို ဖြတ်သန်းပုံပေါ် မူ တည်၍ ယင်းခရီးလမ်းသည် ပျော်စရာ (သို့မဟုတ်) စိတ်ညစ်စရာ ဖြစ်နိုင်သည်။

ယင်းကာလအတွင်း နေထိုင်စားသောက်ပုံနှင့် ကိုယ် လက်လှုပ်ရှားမှုတို့ကိုသာ ဂရုစိုက်သင့်သည်မဟုတ်ဘဲ ကိုယ်ဝန် ဆောင်ကာလအတွင်း အခြေအနေ မှန်ကန်ချောမွေ့စေရန် အနီး ဝန်းကျင်ရှိ လူများသည်လည်း အရေးကြီးသော အခန်းကဏ္ဍ၌ ပါ ဝင်နေသည်။

မနာလိုဖြစ်တတ်သူများသည် မနာလိုဖြစ်သော သဘောသဘာဝကို ဖော်ပြလေ့ မရှိသော်လည်း ၎င်းတို့သည် သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သူများတွင် ပါဝင် သည်။

ကလေးမီးဖွားရမည်ကို စိုးရိမ်ကြောက်ရွံ့သူများကိုလည်း ရှောင်ရှားသင့်သည်။

၎င်းတို့ကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ထိခိုက်စေနိုင်သည်။

၎င်းတို့က ကလေးမီးဖွားပုံကို ကြောက်စရာအဖြစ် ပြောဆိုနိုင်သောကြောင့် ရှောင်ရှားသင့်သူများတွင် ပါဝင်သည်။

READ - ကိုယ်ဝန်ဆောင်တို့ လမ်းလျှောက်ခြင်းအကျိုး

မလိုအပ်သော အကြံဉာဏ်ပေးသူများကြောင့်လည်း ကိုယ်ဝန်ဆောင်တစ်ဦးအတွက် အနှောင့်အယှက်ဖြစ်စေနိုင်သည်။

၎င်းတို့၏ အကြံများကို နားထောင်မည့်အစား ဆရာဝန်၏ အကြံပြု ချက်များကိုသာ လိုက်နာသင့်သည်။

စိတ်ဓာတ်ကျနေသော မိတ်ဆွေသူငယ်ချင်းများသည် အမြဲဆိုသလို တစ်စုံတစ်ဦး၏ အာရုံစိုက်မှု လိုအပ်နေသဖြင့် ၎င်းတို့ကို ရှောင်ရှားသင့်သည်။

စိတ်ဓာတ်ကျနေသူများနှင့် ထိတွေ့ဆက်ဆံ ရခြင်းကြောင့် ကလေး၏ ကျန်းမာရေး အပေါ် ထိခိုက်မှုရှိနိုင်သည်။

လူအများကို ပျော်ရွှင်စေတတ်သောသူများနှင့်သာ ထိတွေ့ဆက် ဆံသင့်သည်။

ကလေးမွေးဖွားရသည့် ကြောက်စရာ၊ စိတ်မချမ်းသာစရာဖြစ် ရပ်များကို ပြောဆို လေ့ရှိသူများကိုလည်း ရှောင်ရှားသင့်သည်။

ထိုကဲ့သို့သော လူများနှင့်ဆုံမိပါက ကလေးမွေးဖွားသည့်ကိစ္စကို မပြောဆိုသင့်ပေ။ ၎င်းတို့၏ဇာတ်လမ်းများက သင့်အတွက် အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း ယုံကြည်မှုရှိရှိ ရဲရဲရင့်ရင့်နေထိုင်ရန် အရေး ကြီးသည်။  

READ - ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာဆောင်ရွက်ရန်

Source: 7day daily

Read times
Rate this item
(1 Vote)