What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 April 2018 11:48

FDA မှ ထပ်မံစစ်ဆေးတွေ့ရှိသည့် မာကျူရီပါအလှကုန်ပစ္စည်း (၂) မျိုး

FDA မှ ထပ်မံစစ်ဆေးတွေ့ရှိသည့် မာကျူရီပါအလှကုန်ပစ္စည်း (၂) မျိုး google.com

My Image General Trading Company Limited သည် ကိုရီးယားနိုင်ငံ Korea Fulenze Co.,Ltd မှထုတ်လုပ်၍ မလေးရှားနိုင်ငံ GBR Trading (M) Sdn.Bhd မှ တင်ပို့သော FULENZE အမှတ်တံဆိပ် အလှကုန်ပစ္စည်း (၂) မျိုးကို

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၌ မှတ်ပုံတင်ခွင့် လျှောက်ထားသဖြင့် သတ်မှတ်အထောက်အထားစာရွက်စာတမ်းများနှင့် ပြည့်စုံသော FULENZE Whitening Freckle Day Cream အတွက် မှတ်ပုံတင်ခြင်းလက်မှတ်ကို ထုတ်ပေးခဲ့ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကလည်း ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းစေသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျဖြင့် ပြည်တွင်းဈေးကွက်များနှင့် On Line ဈေးကွက်များ၌ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းနမူနာများကို ပုံမှန်ကောက်ယူစစ်ဆေးလျက် ရှိရာ တိုင်တန်းမှုအရ FDA သို့ မှတ်တမ်းတင်လက်မှတ်လျှောက်ထားစဉ်ကပြသခဲ့သော အလှကုန်ပစ္စည်းနမူနာ (၂ ) မျိုးကို ဓာတ်ခွဲစမ်းသပ်ရာ၌ တားမြစ်ဓာတုပစ္စည်းမပါဝင်ခဲ့သော်လည်း My Image General Trading Company Limited မှ (တိုက်ရိုက်) ဝယ်ယူသော FULENZE Whitening Freckle Day Cream နှင့် Night Cream တို့ကို တဖန် ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင်မူ တားမြစ်ဓာတုပစ္စည်း မာကျူရီ ပါဝင်မှု 6229.11 ppm နှင့် 5147.13 ppm တို့ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

FDA 10.4.18

အဆိပ်သင့်ဓာတုပစ္စည်း(မာကျူရီ) သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ် ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ရိခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ အပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီး လာနိုင်ခြင်း၊ အခြား မြောက်များစွာသော ရောဂါများဖြစ်ပွားနိုင်ပါတယ်။

ထို့ကြောင့် ဒီ FULENZE Whitening Freckle Day Cream နှင့် Night Cream တင်သွင်းရောင်းချနေ သည့် My Image General Trading Company Limited အား FULENZE အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချမှု လုံးဝရပ်ဆိုင်း၍ ဖြန့်ဖြူးပြီးသော ပစ္စည်းများကိုလည်း ဈေးကွက်အတွင်းမှ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပြီး FULENZE Whitening Freckle Day Cream မှတ်တမ်းတင် လက်မှတ်မူရင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ အမြန်ဆုံး ပြန်လည်အပ်နှံရန် အကြောင်းကြားပြီး လည်းဖြစ်တယ်လို့ သိရပါတယ်။

အများပြည်သူများကလည်း တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်များကို လုံးဝ (လုံးဝ) မသုံးသင့်ကြောင်း အသိပေးလိုက်ပါတယ်။

Source: FDA

Read: အမျိုးသမီးများ သင်္ကြန်မှာ အထူးသတိထားသင့်သည့် ဆေးတစ်မျိုး

30516152 432369480553494 5001342343626883072 o

Read times
Rate this item
(1 Vote)