What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 31 January 2019 11:49

အသက်ကြီးတဲ့အချိန်ထိ အရိုးတွေသန်မာနေဖို့ လူတိုင်းလုပ်သင့်တဲ့အချက်(၆)ချက်

အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကြီးလာတဲ့အလျောက် လူခန္ဓာကိုယ်ထဲက အရိုးတွေရဲ့ ကြံ့ခိုင်မှုကလည်းတဖြည်းဖြည်းလျော့နည်းလာပါတယ်။

အရိုးကြံ့ခိုင်မှုနည်းလာခြင်းကို အမျိုးသားတွေလည်း ကြုံတွေ့ရပေမယ့် အမျိုးသမီးတွေက ဒီပြဿနာကို ပိုရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီတော့ အသက်ကြီးလာချိန်မှာ အရိုးတွေသန်မာကြံ့ခိုင်နေအောင် ထိန်းသိမ်းထားဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးတွေကို အခုပဲဖော်ပြလိုက်ပါပြီနော်။

 

(၁) ကယ်လ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေစားပါ

အရိုးတွေသန်မာဖို့ အဓိကလိုအပ်တဲ့ ကယ်လ်စီယမ်လုံလောက်အောင် ပဲပုပ်၊ တိုဖူး၊ ဗာဒံစေ့၊ချိစ်၊ နို့၊ ဟင်းနုနယ် နဲ့ လိမ္မော်သီး တို့ကို အမြဲစားသုံးပေးသင့်ပါတယ်။

 

(၂) ဗီတာမင်ဒီ လုံလောက်ပါစေ

အဆီများတဲ့ငါး၊ နို့ထွက်ပစ္စည်းများ၊ အမဲအသည်း၊ ချိစ်၊ ကြက်ဥ နဲ့ ကောက်ပဲသီးနှံတို့ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်ဗီတာမင် ဒီရရှိနိုင်ပါတယ်။ နေရောင်ခြည်ကနေလည်း ဗီတာမင် ဒီ ရရှိနိုင်တာကြောင့် မနက် ၁၀ နာရီမထိုးခင် နေပူဆာလှုံပေးရင်လည်း ရပါတယ်။

 

(၃) ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းထားပါ

ခန္ဓာကိုယ်က ဘယ်လောက်၀၀ အရိုးကတော့လိုက်မ၀ပါဘူး။ ဒီတော့ အရိုးကနေ ခံနိုင်တဲ့အလေးချိန်ထက်ပိုလာရင် အရိုးကျိုးနိုင်ချေပိုများပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ပုံမှန်အနေအထားမှာရှိနေအောင် အမြဲထိန်းထားသင့်ပါတယ်။

 

(၄) ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက အရိုးပါး၊အရိုးပွရောဂါဖြစ်နိုင်ချေပိုများတာကြောင့် ဆေးလိပ်သောက်တတ်ရင် ဖြတ်နိုင်အောင်ကြိုးစားပါ။ မဖြတ်နိုင်ရင်လည်း လျှော့သောက်ပါ။

 

(၅) တစ်နေ့တာသောက်သင့်တဲ့ကော်ဖီပမာဏ

ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်ပမာဏများလေ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းနည်းလေပါ။ ဒါကြောင့် ကော်ဖီအများကြီးသောက်တဲ့သူတွေက ကယ်လ်စီယမ်ဓာတ်နည်းနေတာကို တွေ့ရတတ်ပါတယ်။လူတစ်ယောက်က တစ်နေ့တာမှာ အများဆုံးကော်ဖီလေးခွက်အထိပဲသောက်သင့်ပါတယ်။

 

(၆) ဆားလျှော့စားပါ

ဆားစားသုံးမှုများလွန်းရင်လည်း ကယ်လ်စီယမ်နည်းလာပြီး အရိုးပါး၊အရိုးပွရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ဒါကြောင့် ဆားကိုတတ်နိုင်သမျှလျှော့စားပါ။ အသင့်စားအစားအသောက်တွေကိုလျှော့စားပါ၊ အသင့်စားသရေစာတွေကို လုံးဝရှောင်နိုင်ရင်တော့အကောင်းဆုံးပါပဲ။
Source:auntymay

 

Read times Last modified on Wednesday, 27 February 2019 14:33
Rate this item
(0 votes)