What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 October 2018 10:34

ဆေးခြောက်ရှူသူများကြား လေဖြတ်ခြင်းနှင့် ကြုံတွေ့ရမှု မြင့်မားကြောင်း လေ့လာတွေ့ရှိ

အပန်းဖြေသည့်အနေဖြင့် ဆေးခြောက်သုံးစွဲသူများသည်လေဖြတ်နိုင်သည့်အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။

ယခုသီတင်းပတ်အတွင်း ကနေဒါအစိုးရက ဆေးခြောက် တရားဝင်အသုံးပြုခွင့်ပေးခြင်းနှင့်အတူ အမေရိကန်နိုင်ငံ၌ အပါအ ၀င် ဆေးခြောက်သုံးစွဲသူ ပိုများလာကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ကြုံတွေ့နေကျ လေဖြတ်ခြင်းပုံစံဖြစ်သည့် ဦးနှောက်သို့ သွေး စီးဆင်းမှုလျော့ကျခြင်းပုံစံ ဖြစ်နိုင်ခြေသည် ၂၅ ရာခိုင်နှုန်းအထိရှိ သဖြင့် ဆေးခြောက်သုံးစွဲသူများ ဆေးခြောက်ဖြတ်သင့်ကြောင်း ကူ ရာကာအိုနိုင်ငံမှ အဗာလွန်ဆေးတက္ကသိုလ်သုတေသီများက ပြောပါတယ်။

ဆေးခြောက်သုံးခြင်းကြောင့် လေဖြတ်စေကြောင်း အထောက် အထားမပြနိုင်သော်လည်း ဆေးခြောက်သုံးသူများအကြား လေဖြတ်ခြင်းနှင့် ကြုံတွေ့ရမှုပိုများကြောင်း လေ့လာတွေ့ရှိသည်ဟု သုတေသီများက ပြောသည်။

လေဖြတ်ခြင်းများနှင့် ဆီးချိုရောဂါ (သို့မဟုတ်) အ၀လွန်နေသူများ ဆေးခြောက်သုံးစွဲပါက ပြင်းထန်သော ကျန်းမာရေးဆိုးကျိုး များ ကြုံတွေ့နိုင်ကြောင်း သုတေသီများကပြောပါတယ်။

ဆေးခြောက်မသုံးသူများနှင့် နှိုင်းယှဉ်ပါက ဆေးခြောက်သုံးသူများ လေဖြတ်နိုင်ခြေပိုများကြောင်း လေ့လာမှုတွေက ဖော်ပြထား ပါတယ်။

၂၀၁၀ နှင့် ၂၀၁၄ ကြားတွင် ဆေးခြောက်ရှူသူဦးရေ မပြတ် မြင့်တက်လာပြီး လေဖြတ်မှုနှုန်းမပြောင်းလဲဘဲရှိနေကြောင်း၊ ဆေး ခြောက်သုံးသူများတွင် ဦးနှောက်သို့ သွေးပို့သော သွေးကြောများအ တွင်း သွေးခဲများ ပိတ်ဆို့ကာ လေဖြတ်နိုင်ကြောင်း သုတေသီများက ပြောပါတယ်။

ယင်းကဲ့သို့ လူနာများကို စောင့်ရှောက်ပေးရမှု ကုန်ကျစရိတ် သည်လည်း ၂၀၁၀ နှင့် ၂၀၁၄ ကြားတွင် ပိုများလာပြီး ကန်ဒေါ်လာ ၇၁,၀၀၀ မှ ၉၂,၀၀၀ သို့ မြင့်တက်လာကြောင်း သုတေသီများက ပြောသည်။

ယင်းလေ့လာတွေ့ရှိချက်ကို ကမ္ဘာ့လေဖြတ်ခြင်းဆိုင်ရာ ညီ လာခံသို့ တင်ပြမည်ဖြစ်ကြောင်း သိရပါတယ်။

နှလုံးရောဂါ (သို့မဟုတ်) လေဖြတ်ခြင်းရာဇ၀င်ရှိသူများသည် ဆေးခြောက်၏ ဘေးထွက်ဆိုးကျိုးများနှင့် ပိုမိုကြုံတွေ့နိုင်ကြောင်း သုတေသီများကပြောပါတယ်။

Source:7daydaily

Read: ဖုန်မှုန့်တွေ ရှူမိတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ

ဖုန်မှုန့်တွေ ရှူမိတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ

Read times Last modified on Monday, 22 October 2018 10:40
Rate this item
(1 Vote)