နေ့စဉ်သွားလာနေတဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းနေတဲ့လေထုတွေကြောင့် အဆုတ်မှာ ထိခိုက်မှုတွေအများကြီးဖြစ်ရပါတယ်။ အဲ့ဒီလေထုညစ်ညမ်းမှုတွေကြောင့်၊ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ပျက်စီးမှုတွေ မဖြစ်ရအောင် အဆုတ်ထဲက အညစ်အကြေးတွေကို ဒီနည်းလမ်းလေးတွေနဲ့ သန့်စင်လိုက်ရအောင်။
(၁) အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
အဆုတ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကိုသန့်စင်ဖို့အတွက် အကောင်းဆုံးကတော့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာပါ။ မနက်စောစောအချိန်က လေကောင်းလေသန့်ရတဲ့အချိန်လို့ပြောလို့ရပါတယ်။ ဒါကြောင့် မနက်စောစော လေကောင်းလေသန့်ရတဲ့နေရာမှာ ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပြီး အသက်ရှူသွင်း၊ရှူထုတ်တာကို ဖြည်းဖြည်းချင်းလုပ်ပေးပါ။ ပြီးရင် နှာခေါင်းတစ်ဖက်ကို လက်မနဲ့ပိတ်ပြီး နှာခေါင်းတစ်ဖက်တည်းနဲ့အသက်ရှူတာကို တလှည့်စီလုပ်ပေးပါ။ အဲ့ဒီလိုလုပ်ပေးတာက အဆုတ်ထဲကို အောက်စီဂျင်ရောက်ရှိမှုပိုကောင်းပြီး အညစ်အကြေးတွေကို ပြန်လည်သန့်စင်ပေးနိုင်ပါတယ်။
(၂) အိပ်တဲ့ပုံစံပြောင်းပါ
အိပ်တဲ့အခါ ခေါင်းအုံးမြင့်လွန်းတာလည်းမကောင်းသလို၊ နိမ့်လွန်းတာလည်းမကောင်းပါဘူး။ ပြေလျှောတဲ့ခေါင်းအုံးမျိုးက ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်သလို၊ အဆုတ်အတွက်လည်း ကောင်းပါတယ်။ ၁၅ ဒီဂရီလောက်အမြှင့်ရှိတဲ့ခေါင်းအုံးနဲ့အိပ်တာက သွေးလှည့်ပတ်မှုပိုကောင်းစေပြီး အဆုတ်ထဲကို အောက်စီဂျင်ရောက်ရှိမှုလည်း ပိုကောင်းစေပါတယ်။
(၃) ချောင်းဆိုးလာရင်
ချောင်းဆိုးတာက အဆုတ်ကိုသန့်စင်ဖို့ သဘာဝအတိုင်းဖြစ်လာတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ချောင်းဆိုးတဲ့အခါ အဆုတ်ထဲသွေးလှည့်ပတ်မှုပိုကောင်းစေပြီး အောက်စီဂျင်ထောက်ပံ့မှုလည်းပိုကောင်းလာပါတယ်။ ဒါကြောင့် အပရိကချောင်းဆိုးတာဖြစ်ရင် သိပ်စိတ်ပူဖို့မလိုပါဘူး။ ဒါပေမယ့် ချောင်းဆိုးတာ တစ်ပတ်ထက်ပိုကြာလာရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။
(၄) လက်ကိုနှိပ်ပေးပါ
အသက်ရှူလမ်းကြောင်းပြဿနာတွေကိုပြေလည်စေဖို့ သွေးကြောလေးတွေကိုဖိထားပေးလို့ရတယ်ဆိုတာ သိပါသလား။ လက်မအောက်ခြေက သွေးကြောကို နောက်လက်မတစ်ဖက်နဲ့ (၃) မိနစ်လောက်ဖိထားပေးမယ်ဆိုရင် အဆုတ်ထဲက အညစ်အကြေးတွေကို သန့်စင်စေနိုင်ပါတယ်။
(၅) လေထုညစ်ညမ်းတဲ့နေရာတွေကိုတတ်နိုင်သလောက်ရှောင်ရှားပါ
လေထုညစ်ညမ်းမှုများတဲ့နေရာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ကိုယ်တိုင်လည်းဆေးလိပ်မသောက်ပါနဲ့၊ ဆေးလိပ်သောက်တဲ့သူတွေနဲ့လည်း ဝေးဝေးနေပါ။
Source:auntymay