What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 May 2017 10:17

ရောဂါကူးစက်မှု မခံရအောင် ကာကွယ်ပေးမယ့် နည်းလမ်း (၉) ခု

ရောဂါကူးစက်မှု မခံရအောင် ကာကွယ်ပေးမယ့် နည်းလမ်း (၉) ခု Google.com

၁. မိတ်ကပ်၊ မျက်တောင်ခြယ်လိုင်နာစတဲ့ မိမိတစ်ဦးတည်း သီးသန့်သုံး ပစ္စည်းတွေကို မျှဝေမသုံးစွဲပါနဲ့။

၂. စိုထိုင်းတဲ့ အသားအရေက ရောဂါကူးစက်ခြင်း၊ အဖုအပိမ့်ထခြင်း၊ အသားရေ အရောင်ပျက်ခြင်းနဲ့ ပွေးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေနဲ့ ကင်းဝေးဖို့ ခြောက်သွေ့တဲ့ ပုဝါလေးကို အမြဲဆောင်ထားပြီး မိမိကိုယ်ကို မကြာမကြာ သုတ်ပေးရမှာ ဖြစ်ပါတယ်။

၃. ချည်သား အဝတ်အစားများ ဝတ်ပြီး ခြင်ကိုက်မခံရစေဖို့ အကျလက်ရှည်တွေဆိုရင် ပိုကောင်းပါတယ်။ ညအချိန်နဲ့ အပြင်ထွက်တဲ့အချိန်မှာ ခြင်မကိုက်တဲ့ ခရင်မ်လိမ်းပေးပါ။

၎. တစ်နေ့ ရေနှစ်ခါချိုးပြီး ဆံပင်၊ လက်သည်းနဲ့ လက်ချောင်းကြားတွေကို သေချာခြောက်အောင် သုတ်ပါ။

၅. ည အိပ်ရာမဝင်ခင် အလှဆီ လိမ်းဖို့ မမေ့ပါနဲ့။ အသားရေခြောက်သွေ့ခြင်းမှ ကာကွယ်ပေးမှာဖြစ်တယ်။

၆. မျက်မှန်တပ်သူဖြစ်ပါက မတပ်ခင် လက်ကိုင်ပုဝါလေးနဲ့ ခြောက်အောင်သေချာသုတ်ပါ။

၇. မျက်လုံးနီမြန်းခြင်း သို့မဟုတ် မျက်ရည်ယိုခြင်းဖြစ်တဲ့အချိန်မှာ မျက်စဉ်းခပ်ဆေး အသုံးပြုပါ။

၈. ဆံပင်ခြောက်ခံစက် ပုံမှန်လေး သုံးဖြစ်အောင်လုပ်ပါ။

၉. မှိုတိုက်ဖျက်ဆေး၊ လက်သန့်စင်ဆေး၊ ဖုန်မကပ်အောင် ပေါင်ဒါရိုက်ခြင်းနဲ့  နှုတ်ခမ်းစိုပြေစေမယ့် အလှဆီတွေကို အမြဲဆောင်ထားပါ။

source: bagohealth

Read times
Rate this item
(1 Vote)