What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 17 July 2018 13:27

ဦးဏှောက် အမြှေးရောင်ရောဂါ

ဦးဏှောက် အမြှေးရောင်ရောဂါ Google.com

ဦးဏှောက်အမှေးရောင် ရောဂါဟာယနေ့အချိန်မှာ တော်တော် ကျယ်ပြန့်လာတာကိုတွေ့နေရပါတယ်။အမှတ်တမဲ့ အနေနဲ့ နေမိတဲ့ အတွက်ကြောင့်လည်း ရောဂါ အခြေအနေဆိုးမှ မရူနိုင် မကယ်နိုင်တွေ ဖြစ်ကြပါတယ် ။

ဘာလို့ အမှူမဲ့ အမှတ်မဲ့နေကြပါသလဲ ။ ရောဂါလက္ခဏာတွေ က တုပ်ကွေးနဲ့ ဆင်တူတဲ့ အတွက်ဖြစ်ပါတယ်။ဦးဏှောက် အမှေးရောင် ရောဂါရဲ့ လက္ခဏာတွေကို တုပ်ကွေးနဲ့ မမှားနိုင်ဖို့ ဗဟုသုတ အလို့ငှာ တင်ပြပါ့မယ် ။

၁။ ရုတ်တရက် အဖျားတက်ခြင်း
၂။ ပြင်းထန်စွာခေါင်းကိုက်ခဲခြင်း(ခေါင်း တခြမ်းကိုက်ခြင်းလည်း ပါဝင်ပါသည်)
၃။လည်ပင်းခိုင်ခြင်း(မေးစေ့ ကို ရင်ဘတ်ဖြင့်ထိ လို့မရခြင်း)
၎။ မှတ်ဥာဏ်စွမ်းရည်ကျဆင်းခြင်း၊
၅။သတိမကောင်းတော့ခြင်း
၆။ထိုင်းမှိုင်းလေးလံခြင်း
၇။မျက်လုံးနာခြင်း ၊စူးရှသော အလင်းရောင်ကို ကြောက်ခြင်း
၈။အဆစ်အမြစ် နှင့် ကြွက်သားများ နာကျင်ခြင်း  တို့ပဲဖြစ်ပါတယ်။

ဦးနှောက် အမြှေးရောင် ရောဂါ ခံစားနေရသူတွေမှာ ဦးခေါင်း အတွင်း ဖိအားတက်ခြင်း တွေဖြစ်လာပါတယ် ။အဲဒီအကျိုးဆက် ကတော့ သွေးခုန်နူန်း နှေးလာမယ် ၊သွေးတိုးမယ် မူးဝေခြင်းအော့အန်တာတွေ့ ဖြစ်လာပါတယ်။ဒီရောဂါဟာ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေး ရောင်ရောဂါ ဟာ သာမန်အားဖြင့် (၃)ရက်ခန့် ကြာလျှင် သက်သာတတ်ပြီး (၂) ပတ်ခန့်ကြာလျှင်တော့ အရှင်းပျောက်ကင်သွား တတ်ပါတယ်။

ဘက်တီးရီးဟား ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေး ရောင်ရောဂါဟာ ပိုမိုအန္တရာယ် များပါတယ်။ ဗိုင်းရပ် ပိုးကြောင့် ဆိုလျှင်ဖြင့် အဖျားကျအောင် နာကျင် ကိုက်ခဲမှုသက်သာအောင် ဆေးသောက်ရပါမယ်။ ခန္ဓာကိုယ် ရေဓါတ် ခန်းခြောက် မသွားအောင် ရေများများသောက်ဖို့လိုပါမယ်။ သို့ပေမယ့် လည်း အနီးကပ် သတိနဲ့ စောင့်ကြည့် နေဖို့ လိုပါတယ်။ ဓါတ်ခွဲ ခန်းစမ်းသပ် မှု မှာ ဘက်တီးရီးဟား ပိုးကောင် မတွေ့ရုံ နဲ့ ပေါ့ပေါ့ ဆဆ နေလို့ မရပါဘူး။

ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါ ကိုတော့ အထူးကြပ်မတ်ကု သဖို့လိုပါတယ်။ရောဂါ ဝေဒနာ ပြင်ထန်ပြီး အသက် အန္တရာယ် ပေးနိုင်ပါတယ်။ပဋိဇီဝဆေးများ။ ပိုးသတ်ဆေးလို့လူသိများတဲ့ပဋိဇီဝ ဆေးတွေကို သွေးကြောထဲ သွင်းကုသဖို့လိုပါတယ်။ပဋိဇီဝဆေးတွေကို ပေးရာမှာ ဖြစ်နိုင်ရင်
ရောဂါပိုးကောင်ကို သတ်နိုင်တဲ့ သင့်တော်တဲ့ ဆေးဝါးကို ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ Blood culture ခေါ် လူနာရဲ့ သွေး မှရောဂါ ပိုးကောင်မွေးမြူနိုင် ပေမယ့် အဖြေ ရဖို့ ခက်ခဲ လို့ များသောအားဖြင့်တော့ ခန့်မှန်းကုသ ကြတာများပါတယ်။

ဦးခေါင်း အတွင်း ဖိအားတက်နေတယ်လို့ ယူဆ တယ် ဆိုလျှင်ဖြင့် စတီးရွိုက် ဆေးဝါးများ အသုံးပြု ဖို့လိုပါတယ်။စတီးရွိုက် ဆေးဝါးများ ဟာ ခန္ဓာ ကိုယ် ခုခံအားစနစ်ကို ကျဆင်းစေတဲ့ အတွက် မလို အပ်ဘဲ သုံးမိလျှင် ရောဂါ ဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။ အဖျားကျ ရန်အတွက် acetaminophen ကဲ့သို့ ဆေးဝါးများသုံးနိုင် ပါတယ်။
အခန်းအတွင်း လေ၀င်လေထွက် ကောင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။အဖျားအရမ်း တက်နေသူ များအတွက် ရေပတ်တိုက်ခြင်း ကလည်း များစွာ အထောက်အကူ ပြုပါတယ်။ တစ်ချို့ ဦးနှောက် အမြှေးရောင် လူနာတွေ ဟာ တက် တတ်ပါတယ်။ ဒီလို လူနာတွေ ကိုတော့ ဆိတ်ငြိမ် ပြီး အန္တရာယ် ကင်းတဲ့ အခန်းမှာ ထားဖို့လိုပါတယ်။Phenobarbital ကဲ့သို့ ဆေးဝါးများ ဖြင့်လည်းကု သနိုင်ပါတယ်။ အောက်ဆီဂျင် ကို တော့ ရောဂါဝေဒနာ ပြင်းထန်တဲ့ လူနာတိုင်း မှာ ပေးပါတယ်။တစ် ချို့ကို ပိုက်နဲ့ ပေးပြီး တစ်ချို့ ကိုတော့ အုပ်ဆောင်း(mask) နဲ့ ပေးနိုင်ပါတယ်။

ဦးနှောက် အမြှေးရောင်ရောဂါ ကြောင့် ခန္ဓာ ကိုယ် မှရေ ဓါတ်လို အပ် မှု များလာပါတယ်။ဒီလို အချိန် မှာ လူနာအနေ နဲ့ ရေ ကို လုံလောက်အောင် ဂရု တစ်စိုက် သောက်ဖို့လိုပါတယ်။ လူနာ ကိုယ်တိုင် ရေ သောက်နိုင်တဲ့ အနေ အထား မရှိလျှင်တော့ ရေ ဓါတ် မချို့တဲ့ အောင် ဂရုစိုက်ပေး ရပါမယ်။

ဦးနှောက် အမြှေးရောင် ရောဂါ သည်တွေကို အထူးကြပ်မတ် ကုသဆောင်မှာ ကုသဖို့ လိုပါတယ်။ ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တာကြောင့် ပြည်သူ ကျန်းမာရေး ဆရာဝန် တွေ အနေနဲ့ ရောဂါ မပြန့် ပွား အောင် လိုအပ်တဲ့ ကျန်းမာရေးပညာပေး ခြင်း ၊ ရောဂါ ရှာဖွေ ဖော်ထုတ်ခြင်း၊ မိသားစု ၀င်များ ကို ကာကွယ်ဆေးတိုက်ကျွေးခြင်း စတာတွေ ဆောင်ရွက် သင့် ပါတယ်။ လူနာ ကို ပြုစု ကုသ နေသော ဆေးဝန်ထမ်းများလည်းလိုအပ်လျှင်ကာကွယ်ဆေးများ သောက်သုံးရပါမယ်။
ဒါကြောင့် သာမာန်ရောဂါလက္ခဏာ တွေလို့ သဘောထားတတ်တဲ့ ဦးဏှောက်အမှေးရောင်ရောဂါဟာ
လူ့လောက ကနေ မြန်မြန်ထွက်ခွါအောင် လုပ်ပစ်နိုင်တယ်ဆိုတာ မြန်မာပြည်သားများ သဘောပေါက်နားလည်နိုင်ကြပါစေ။

source:bawathamarlaythuya

Read: ပရုပ်လုံး နံ့လေး မွှေးနေ တဲ့ အဝတ် အထည် တွေ ရဲ့ ကြောက်စရာ အန္တရာယ်

ပရုပ်လုံး နံ့လေး မွှေးနေ တဲ့ အဝတ် အထည် တွေ ရဲ့ ကြောက်စရာ အန္တရာယ်

Read times Last modified on Tuesday, 17 July 2018 13:42
Rate this item
(1 Vote)