What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 April 2018 11:43

စစ်တွေဘက်တွင် ခရုမှတစ်ဆင့်ကူးစက်သော Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါဆန်းတမျိုးတွေ့ရှိ

စစ်တွေဘက်တွင် ခရုမှတစ်ဆင့်ကူးစက်သော Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါဆန်းတမျိုးတွေ့ရှိ google.com

မြန်မာနိုင်ငံ ၊ စစ်တွေမြို့တွင် Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်)၊ ခရုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဆန်းတမျိုး တွေ့တယ်လို့သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းစတင် ဖြစ်ပွားခဲ့တယ်လို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

စတင်ဖြစ်ပွားပုံ

Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါပိုး(မျိုးစိတ်) တွေရဲ့ ဥတွေဟာ ရေချိုကန်တွေ၊ စမ်းချောင်တွေ၊ ရေလှောင်တမံတွေထဲကို ရောက်ရှိသွားပြီး တခါတရံ ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိတဲ့ နေရာတွေဆီ ရောက်ရှိ ပြီး ပေါက်ဖွားလာတဲ့ ဥပေါက်သားကောင်လေးတွေ (Miracida) က ခရုတွေရဲ့ ကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး တွယ်ကပ်နေတယ်။

602px Schistosomiasis Life Cycle

 

အဲ့ဒီကူးစက်ခံရတဲ့ ခရုကတစ်ဆင့် စွန့်ထုတ်လိုက်တဲ့ သားလောင်း ( Cercariae) လေးတွေက ရေချိုရှိတဲ့ နေရာတွေ၊ ပတ်ဝန်းကျင်မသန့်ရှင်းတဲ့ နေရာတွေဆီ မှီခိုကြပါတယ်။ အဲ့ဒီနေရာတွေကို လူတွေနဲ့ထိမိတော့ လူရဲ့အရေပြားကို ထိုးဖောက်ဝင်ရောက်သွားပါတယ်။ လူတွေနဲ့ ကပ်ပါလာတဲ့ Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါပိုးကောင်တွေ ( Adult ) အဆင့်ေ ရာက်ပြီး လူတွေကို စတင်ဒုက္ခပေးတော့တာပါပဲ။

biomphalaria elliptical

ရောဂါလက္ခဏာများ

လူတွေရဲ့သွေးကြောမကြီးတွေဆီ ရောက်သွားတဲ့ အရွယ်ရောက်အကောင် ( Adult ) တွေဟာ အသည်းလမ်းကြောင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အသီးသီးမှာ မျိုးပွားကာ Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါအဆင့်ကို ဖြစ်ပေါ်လာပါတယ်။ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အသည်းမှာ ဖြစ်လာရင် နုံးချည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်/ဝမ်းလျှော့ခြင်း ၊ ဝမ်းကိုက်ခြင်း၊ သွေးဝမ်းသွားခြင်း ၊ အသည်းနဲ့ ဘေလုံးကြီးခြင်း၊ အသည်းပျက်စီးခြင်းတွေ ဖြစ်တတ်ပါတယ်။

ဆီးလမ်းကြောင်း Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ဖြစ်လာရင် ဆီးထဲသွေးပါခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ ဆီးပို့ပြွန်လမ်းကြောင်း၊ ကျဉ်းမြောင်းပျက်စီးခြင်းတွေဖြစ်တတ်ပါတယ်။

မိန်းမကိုယ်မှာ ဒီရောဂါဖြစ်လာရင်တော့ လိင်ဆက်ဆံပြီး မိန်းမကိုယ်မှ သွေးထွက်ခြင်း၊ မိန်းမကိုယ်၌ အနာဖြစ်ခြင်း၊ ရာသီမမှန်ခြင်း၊ ကိုယ်တွင်းနာကျင်ကိုယ်ခဲခြင်း၊ တွေဖြစ်တတ်ပါတယ်။ နှလုံးနဲ့အဆုတ်တွေမှာ ဖြစ်လာရင်တော့ ခေါင်းကိုက်ခြင်း၊ တတ်ခြင်း၊ အာရုံကြော ထုံကျဉ်ခြင်း၊ ခြေထောက်အောက်ပိုင်းအားနည်းခြင်း၊ ခါးနားခြင်း၊ အကြောသေခြင်း၊ အမြင်အာရုံတွေမှာ ပြိုးပြိုးပြက်ပြက်ဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ချုံကြည်ရင် ခန္ဓာကိုယ်အနှံ့ ဖြစ်တတ်တဲ့သဘောရှိပါတယ်။

Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါပိုးဟာ ရခိုင်မှာပဲ ဖြစ်နိုင်တာမဟုတ်ပါဘူး၊ ရခိုင်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခြားမြန်မာနိုင်ငံ နေရာဒေသများတွင်လည်း ဖြစ်ပွားနိုင်ပါတယ်။ဒီရောဂါဟာ ရေချိုဒေသများတွင် သာ အများဆုံးဖြစ်ပြီး ရေငန်ဒေသတွေမှာတော့ ကူးစက်မှုနည်းပါးပါတယ်။ဒီရောဂါနဲ့ ပတ်သတ်ပြီး ရခိုင်မှာ အသေအပျောက်တော့ မရှိသေးပါဘူး။

ကာကွယ်နည်း

Praziquanten ( ပါရာဇီကွန်တန်) ဆေးပြားကို တစ်နေ့တည်းနဲ့သောက်လိုက်ရင်သက်သာနိုင်ပေမဲ့ ဆေးကို ထိုင်းကနေတစ်ဆင့်ဝယ်ယူထားရပြီး တစ်နေ့တည်းနဲ့သောက်ရင် လုံလောက်တယ်ဆိုတာကလည်း Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါကို ဖြစ်စေတဲ့ Parasit ( ပါရာဆိုဒ် ကပ်ပါးကောင်) ဟာ ကပ်ပါးကောင်အမျိုးအစားမှာ ပါဝင်နေလို့ပါပဲ။

အဓိကကာကွယ်ရမယ့်နည်းကတော့ သန့်ရှင်းရေးပါပဲ၊ Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါပိုးဟာ အများအားဖြင့် နေထိုင်စားသောက်မှုပုံစံ ကျန်းမာရေးအဆင့်အတန်းနိမ့်ပါးသော နေရာများတွင် အဖြစ်များပါတယ်။ ယင်လုံအိမ်သာတွေသုံးပါ။ ကျွဲချေး၊ နွားချေး တွေကို စနစ်တကျစုပုံပြီးတော့ ထားပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေး အမြဲပြုလုပ်ပါ။ ခရုကိုစားလိုလျှင် ကျက်အောင်ချက်ပြီးမှ စားပါ၊ အထူးသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသောသူများ အမြဲဂရုပြုပြီး နေထိုင်လုပ်ကိုင်ကြပါ။

Schistosomiasis

ဒီရောဂါဟာ လူမှလူကိုတော့ မကူးစက်ပါဘူး၊ ရောဂါဖြစ်နိုင်ချေအများဆုံး အုပ်စုတွင် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်နေသူတွေ၊ ရေလုပ်ငန်းလုပ်ကိုင်သူတွေ၊ စမ်းချောင်း ရေအိုင်များတွင် ဆော့ကစားတတ်သော ကလေးသူငယ်များနှင့် ရေချိုးသူတွေ၊ စမ်းချောင်းကရေကိုသောက်သုံးသူတွေ၊ မှာ အဖြစ်များပါတယ်။

ရောဂါကို သိုမှီးလက်ခံရာ ဇာစ်မြစ်ကတော့ ခရု ( ကြားလက်ခံကောင်)၊ အိမ်မွေး ကျွဲ ၊နွားတိရစ္ဆာန်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ခရုပေါများတဲ့ နေရာတွေ၊ ကျွဲ၊ နွား၊ နွားချေး၊ စတဲ့ တိရစ္ဆာန်တွေရဲ့မစင်တွေ ကို သတိထားကိုင်တွယ်သင့်ပါတယ်။

Source: Myanma Alinn

Read: Appendicitis (အူအတက်ရောင်ခြင်း) ဆိုသည်မှာ..

https://www.healthproducts.com.mm/articles/item/625-appendicitis.html

Image result for Appendicitis

Read times Last modified on Friday, 06 April 2018 11:57
Rate this item
(0 votes)