What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 April 2019 15:11

ဆီးချို ၊ သွေးချို ရောဂါကြောင့် ကျောက်ကပ် ထိခိုက်နေသော လက္ခဏာများ

ဆီးချိုသွေးချို ရောဂါကြောင့် ကျောက်ကပ် ထိခိုက်မှုဖြစ်တဲ့ အစောပိုင်း အဆင့်မှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။

ကျောက်ကပ် ထိခိုက်တာကြောင့် ပြသတဲ့ တစ်ခုတည်းသော လက္ခဏာက ဆီးထဲမှာ ပရိုတင်းဓာတ် နည်းနည်းပါတာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဖျားကြီးတာ၊ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်တာ၊ ကိုယ်ဝန်ဆောင်တာနဲ့ ကူးစက်ပိုးဝင်တာတွေလို အခြေအနေတွေက လွဲရင် ဆီးထဲမှာ ပရိုတင်းဓာတ် မပါတတ်ပါဘူး။ အမျိုးအစား(၁) ဆီးချိုသွေးချိုရောဂါ ရှိသူတွေမှာ ဆီးချိုဖြစ်ပြီး ၅ နှစ်- ၁၀ နှစ်အတွင်းမှာ ကျောက်ကပ် ထိခိုက်နိုင်ခြေ ရှိပါတယ်။ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူတွေမှာတော့ ဆီးချိုသွေးချိုရောဂါလို့ ရောဂါအမည် တပ်လိုက်တာနဲ့ ဆီးထဲမှာ ပရိုတင်းဓာတ် အနည်းငယ် ရှိနေတာကို တွေ့ကောင်း တွေ့ရနိုင်ပါတယ်။

 

အကြောင်းကတော့ သူတို့က အများအားဖြင့် နှစ်ပေါင်းအတော်ကြာမှ ဆီးချိုရောဂါ ဖြစ်တာကို သိရလို့ပါ။ ဆီးချိုရောဂါကြောင့် ကျောက်ကပ် ထိခိုက်ရင် ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒီအခါ ကျောက်ကပ်ကနေ အဆိပ်တွေနဲ့ ဆေးဝါးတွေ မစွန့်ထုတ်နိုင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲက ဓာတုပစ္စည်းတွေကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီအခါ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ -

 

Read More : အလားတူ ဆေး ဆိုတာ ဘာကို ပြောတာလဲ

 

ဆီးထဲမှာ ပရိုတင်းပါတာ ၊ သွေးပေါင်တက်တာ ၊ သွေးတွင်း ကိုလက်စထရောနဲ့ ထရိုင်ဂလစ်ဆရိုက် ပမာဏများတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ကျောက်ကပ်ရောဂါ ဖြစ်ရင် အောက်ပါလက္ခဏာ ခုနစ်ရပ်ကို ဖြစ်တတ်ပါတယ်။

 

၁။ ရောင်ရမ်းတာ၊ အရင်ဆုံးလက်တွေနဲ့ ခြေထောက်တွေ ရောင်ရမ်းပြီး နောက်ပိုင်းကျမှ တစ်ကိုယ်လုံး ရောင်ရမ်းတာ ဖြစ်ပါတယ်။

၂။ အစာစားချင်စိတ် မရှိတာ၊

၃။ ကိုယ်အလေးချိန် လျော့ကျတာ၊

 

၎။ အားနည်းတာ၊

၅။ ပင်ပန်းတာ ၊ မောပန်းတာ

၆။ ပျို့ချင်အန်ချင်စိတ်ပေါ်တာ ၊ ပျို့အန်တာ

 

၇။အိပ်စက်မှုဆိုင်ရာ ပြဿနာ

၈။အိပ်စက်မှုဆိုင်ရာ ပြဿနာ ရှိတာတွေ ခံစားရတတ်ပါတယ်။

ကျောက်ကပ် အလွန်အမင်း ထိခိုက်မှု ခံစားရရင် သွေးတွင်း သကြားဓာတ် လျော့ကျနိုင်ပါတယ်။ အကြောင်းကတော့ ကျောက်ကပ်က အပိုအင်ဆူလင်တွေကို ဖယ်ရှားနိုင်စွမ်း မရှိလို့ပါ။ ဒီလို ကျောက်ကပ် ထိခိုက်နေကြောင်း ပြသတဲ့ လက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

 

Source: ဇွန် (yatanarpon)

Read times Last modified on Wednesday, 03 April 2019 16:02
Rate this item
(5 votes)