What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 June 2019 18:31

ရင္သာကင္ဆာ ရွိသူေတြ ဘယ္လို အစားအစာေတြကို ပိုစားေပးသင့္လဲ

ရင္သားကင္ဆာ ျဖစ္လာရင္ အာဟာရျဖည့္စြက္စာေတြကို သင့္အစားအစာေတြထဲကို ထည့္သြင္းသင့္ပါတယ္။

ဗီတာမင္၊ herbs, antioxidants, extracts ေတြဟာ ကိုယ္ခံအားစနစ္ကို အားေကာင္းေစတာမို႔ သင္ဟာ ပိုမိုအားရွိလာၿပီး ေရာဂါကုသမႈဆိုးက်ိဳးေတြကို သက္သာလာေစမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္အတြက္ မွန္ကန္တဲ့ နည္းလမ္းေတြကို ေရြးခ်ယ္ဖို႔ လိုပါတယ္။

 

Antioxidants

ဗီတာမင္ ေအ၊ စီ၊ အီးနဲ႔ selenium ေတြဟာ Antioxidants ေတြ ျဖစ္ၿပီး သူတို႔ဟာ ကင္ဆာေဆးသြင္းကုသျခင္းနဲ႔ ဓါတ္ေရာင္ျခည္နဲ႔ ကုသျခင္းေၾကာင့္ ျဖစ္လာတဲ့ ဆဲလ္ပ်က္စီးမႈကို သက္သာေစပါတယ္။ ဒါ့ျပင္ ဗီတာမင္ စီနဲ႔ အီးဟာ ပင္ပန္းႏြမ္းနယ္မႈကို ေလ်ာ့က်ေစပါတယ္။ Antioxidants ေတြကို အမ်ားအျပားသံုးစြဲျခင္းဟာ ကင္ဆာေရာဂါအတြက္အက်ိဳးရွိေသာ္လည္း အခ်ိဳ႕ေနရာေတြမွာ ကင္ဆာျဖစ္ႏႈန္းကို ပိုမို ျမင့္တက္ေစပါတယ္။

 

ဒီ Antioxidants ေတြကို အသီးအရြက္ေတြ အေတာ္မ်ားမ်ား ျဖစ္တဲ့ လိေမၼာ္သီး၊ ပန္းသီး၊ မုန္လာဥနီ၊ ငရုတ္သီးေတာင့္ေတြမွာ ေတြ႔ရွိႏိုင္ပါတယ္။ ဒီ Antioxidants ေတြပါဝင္တဲ့ ျဖည့္စြက္စာေတြကို ေဆးဆိုင္ေတြနဲ႔ supermarkets ေတြမွာ ဝယ္ယူရရွိႏိုင္ပါတယ္။ လတ္ဆတ္တဲ့ အသီးအရြက္ေတြကို စားႏိုင္ရင္ ပိုေကာင္းပါတယ္။ ဒါေပမယ့္ မစားႏိုင္ရင္လည္း ျဖည့္စြက္စာေတြက အက်ိဳးရွိပါတယ္။ ျဖည့္စြက္စာေတြ စားလို႔ရမရ ဆရာဝန္ကို ေမးျမန္းသင့္ၿပီး လိုတာထက္ပိုၿပီး မစားသင့္ပါဘူး။

 

Read More : ဘယ္အစားအေသာက္ေတြက ကေလးမွတ္ဥာဏ္ေတြကို ထိခုိက္ေစႏိုင္သလဲ

ဘယ္အစားအေသာက္ေတြက ကေလးမွတ္ဥာဏ္ေတြကို ထိခုိက္ေစႏိုင္သလဲ

 

လက္ဖက္စိမ္း

လက္ဖက္စိမ္းဟာ ကင္ဆာေရာဂါကို တုိက္ဖ်က္ႏိုင္တဲ့ အစြမ္းရွိပါတယ္။ ရင္သားကင္ဆာဟာ ရင္သားဆဲလ္ေတြ ပံုမမွန္စြာ ႀကီးထြားလာတဲ့အခါမွာ ျဖစ္လာတာ ျဖစ္ၿပီး အက်ိတ္ကို ျဖစ္ေစပါတယ္။ လက္ဖက္စိမ္းမွာ ပါတဲ့ အရာေတြဟာ ဒီအက်ိတ္ေတြထဲမွာ ရွိတဲ့ ေသြးေၾကာေတြရဲ႕ ပံုမမွန္စြာ ႀကီးထြားမႈကို ေႏွးေကြးေစပါတယ္။ လက္ဖက္စိမ္းကို အရည္အျဖစ္ေသာ္လည္းေကာင္း ျဖည့္စြက္စာ အျဖစ္ေသာ္လည္းေကာင္း အသံုးျပဳႏိုင္ပါတယ္။

 

မိႈ

မိႈကို ေဆးအျဖစ္ ႏွစ္ေပါင္းမ်ားစြာ အသံုးျပဳခဲ့ၾကပါတယ္။ မိႈရဲ႕ အခ်ိဳ႕ ပါဝင္ပစၥည္းေတြဟာ ကင္ဆာဆဲလ္အခ်ိဳ႕ ႀကီးထြားျခင္းကို တားျမစ္ေပးပါတယ္။ Letinan လို႔ ေခၚတဲ့ ပါဝင္ပစၥည္းဟာ ကင္ဆာျဖစ္ေစတဲ့ အင္ဇိုင္းကို တားျမစ္ေပးပါတယ္။ မိႈမွာပါတဲ့ beta-glucan ဟာ ကိုယ္ခႏၶာမွာ ရွိတဲ့အက်ိိတ္ကို အက်ိတ္ကို တိုက္ခိုက္ဖုိ႔ ကူညီေပးပါတယ္။

 

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴ အမ်ားအျပားစားတဲ့သူဟာ ကင္ဆာျဖစ္ႏိုင္ေျခ နည္းတယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။ ၾကက္သြန္ျဖဴဟာ ရင္သားကင္ဆာ ကုသမႈကိုေရာ ကာကြယ္မႈကိုပါ ကူညီေပးပါတယ္။ ၾကက္သြန္ျဖဴထဲမွာ ပါဝင္တဲ့ ပစၥည္းေတြဟာ ကိုယ္ခံအားစနစ္ကို တိုးျမွင့္ေပးၿပီး ရင္သားကင္ဆာဆဲလ္ေတြကို တိုက္ခိုက္တဲ့ေနရာမွာ ကူညီေပးပါတယ္။

 

ဂ်င္း

ရင္သားကင္ဆာကုသမႈဟာ ပ်ိဳ႕အန္ျခင္း၊ ပင္ပန္းျခင္းေတြကို ျဖစ္ေပၚေစပါတယ္။ ဒီဆိုးက်ိဳးေတြဟာ အလြန္အမင္း ကိုယ္အေလးခ်ိန္က်ဆင္းျခင္း၊ အာဟာရခ်ိဳ႕တဲ့ ျခင္းေတြကို ျဖစ္ေပၚေစပါတယ္။ သင့္ကိုယ္ခႏၶာဟာ အားနည္းေနတာေၾကာင့္ ကင္ဆာေရာဂါကို တိုက္ဖ်က္ဖို႔ခက္ခဲႏိုင္ပါတယ္။ အအန္ေပ်ာက္ေဆးေတြ ရွိေပမယ့္ ျဖည့္စြက္စာေတြကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ဂ်င္းပါဝင္တဲ့ ျဖည့္စြက္စာေတြကို သူ႔ခ်ည္းပဲ ေသာ္လည္းေကာင္း၊ အအန္ေပ်ာက္ေဆးေတြနဲ႔ ေပါင္းစပ္ ေသာက္သံုးျခင္းေသာ္လည္းေကာင္း ျပဳႏိုင္ၿပီး သင့္ကို ေနပိုေကာင္းေစၿပီး အန္ျခင္းကို ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္။

ကင္ဆာေရာဂါကို တိုက္ဖ်က္ဖို႔အတြက္ ျဖည့္စြက္စာေတြကိုလည္း စဥ္းစားသင့္ပါတယ္။ ဒါေပမယ့္ ဒီျဖည့္စြက္စာေတြဟာ ကုသမႈ (သို႔) သင့္ကိုယ္ခႏၶာကို ထိခိုက္ေစလားဆိုတာ ဆရာဝန္ကို အရင္ေမးသင့္ၿပီး သတိထားကာ အသံုးျပဳသင့္ပါတယ္။

 

Source: hellosayarwon

(Unicode)

======

ရင်သာကင်ဆာ ရှိသူတွေ ဘယ်လို အစားအစာတွေကို ပိုစားပေးသင့်လဲ

 

ရင်သားကင်ဆာ ဖြစ်လာရင် အာဟာရဖြည့်စွက်စာတွေကို သင့်အစားအစာတွေထဲကို ထည့်သွင်းသင့်ပါတယ်။

 

ဗီတာမင်၊ herbs, antioxidants, extracts တွေဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေတာမို့ သင်ဟာ ပိုမိုအားရှိလာပြီး ရောဂါကုသမှုဆိုးကျိုးတွေကို သက်သာလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေကို ရွေးချယ်ဖို့ လိုပါတယ်။

 

Antioxidants

 

ဗီတာမင် အေ၊ စီ၊ အီးနဲ့ selenium တွေဟာ Antioxidants တွေ ဖြစ်ပြီး သူတို့ဟာ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းကြောင့် ဖြစ်လာတဲ့ ဆဲလ်ပျက်စီးမှုကို သက်သာစေပါတယ်။ ဒါ့ပြင် ဗီတာမင် စီနဲ့ အီးဟာ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်။ Antioxidants တွေကို အများအပြားသုံးစွဲခြင်းဟာ ကင်ဆာရောဂါအတွက်အကျိုးရှိသော်လည်း အချို့နေရာတွေမှာ ကင်ဆာဖြစ်နှုန်းကို ပိုမို မြင့်တက်စေပါတယ်။

 

 

ဒီ Antioxidants တွေကို အသီးအရွက်တွေ အတော်များများ ဖြစ်တဲ့ လိမ္မော်သီး၊ ပန်းသီး၊ မုန်လာဥနီ၊ ငရုတ်သီးတောင့်တွေမှာ တွေ့ရှိနိုင်ပါတယ်။ ဒီ Antioxidants တွေပါဝင်တဲ့ ဖြည့်စွက်စာတွေကို ဆေးဆိုင်တွေနဲ့ supermarkets တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားနိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မစားနိုင်ရင်လည်း ဖြည့်စွက်စာတွေက အကျိုးရှိပါတယ်။ ဖြည့်စွက်စာတွေ စားလို့ရမရ ဆရာဝန်ကို မေးမြန်းသင့်ပြီး လိုတာထက်ပိုပြီး မစားသင့်ပါဘူး။

 

လက်ဖက်စိမ်း

 

လက်ဖက်စိမ်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ရင်သားကင်ဆာဟာ ရင်သားဆဲလ်တွေ ပုံမမှန်စွာ ကြီးထွားလာတဲ့အခါမှာ ဖြစ်လာတာ ဖြစ်ပြီး အကျိတ်ကို ဖြစ်စေပါတယ်။ လက်ဖက်စိမ်းမှာ ပါတဲ့ အရာတွေဟာ ဒီအကျိတ်တွေထဲမှာ ရှိတဲ့ သွေးကြောတွေရဲ့ ပုံမမှန်စွာ ကြီးထွားမှုကို နှေးကွေးစေပါတယ်။ လက်ဖက်စိမ်းကို အရည်အဖြစ်သော်လည်းကောင်း ဖြည့်စွက်စာ အဖြစ်သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

 

 

မှို

 

မှိုကို ဆေးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ မှိုရဲ့ အချို့ ပါဝင်ပစ္စည်းတွေဟာ ကင်ဆာဆဲလ်အချို့ ကြီးထွားခြင်းကို တားမြစ်ပေးပါတယ်။ Letinan လို့ ခေါ်တဲ့ ပါဝင်ပစ္စည်းဟာ ကင်ဆာဖြစ်စေတဲ့ အင်ဇိုင်းကို တားမြစ်ပေးပါတယ်။ မှိုမှာပါတဲ့ beta-glucan ဟာ ကိုယ်ခန္ဓာမှာ ရှိတဲ့အကျိတ်ကို အကျိတ်ကို တိုက်ခိုက်ဖို့ ကူညီပေးပါတယ်။

 

 

ကြက်သွန်ဖြူ

 

ကြက်သွန်ဖြူ အများအပြားစားတဲ့သူဟာ ကင်ဆာဖြစ်နိုင်ခြေ နည်းတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကြက်သွန်ဖြူဟာ ရင်သားကင်ဆာ ကုသမှုကိုရော ကာကွယ်မှုကိုပါ ကူညီပေးပါတယ်။ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး ရင်သားကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးပါတယ်။

 

ဂျင်း

 

ရင်သားကင်ဆာကုသမှုဟာ ပျို့အန်ခြင်း၊ ပင်ပန်းခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီဆိုးကျိုးတွေဟာ အလွန်အမင်း ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အာဟာရချို့တဲ့ ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ကိုယ်ခန္ဓာဟာ အားနည်းနေတာကြောင့် ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ခက်ခဲနိုင်ပါတယ်။ အအန်ပျောက်ဆေးတွေ ရှိပေမယ့် ဖြည့်စွက်စာတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဂျင်းပါဝင်တဲ့ ဖြည့်စွက်စာတွေကို သူ့ချည်းပဲ သော်လည်းကောင်း၊ အအန်ပျောက်ဆေးတွေနဲ့ ပေါင်းစပ် သောက်သုံးခြင်းသော်လည်းကောင်း ပြုနိုင်ပြီး သင့်ကို နေပိုကောင်းစေပြီး အန်ခြင်းကို လျော့ကျစေမှာ ဖြစ်ပါတယ်။

 

ကင်ဆာရောဂါကို တိုက်ဖျက်ဖို့အတွက် ဖြည့်စွက်စာတွေကိုလည်း စဉ်းစားသင့်ပါတယ်။ ဒါပေမယ့် ဒီဖြည့်စွက်စာတွေဟာ ကုသမှု (သို့) သင့်ကိုယ်ခန္ဓာကို ထိခိုက်စေလားဆိုတာ ဆရာဝန်ကို အရင်မေးသင့်ပြီး သတိထားကာ အသုံးပြုသင့်ပါတယ်။

Read times Last modified on Wednesday, 25 December 2019 11:21
Rate this item
(2 votes)