What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 April 2019 14:42

သင်၏မျက်စိများက ဖော်ပြသော ကျန်းမာရေးအခြေအနေများ

မျက်စိက ဖော်ပြသော ကျန်းမာရေးအခြေအနေများကို ဖော်ပြပေးလိုက်ပါတယ်။

မျက်စိနောက်ဘက်ရှိ အထိခိုက်မခံနိုင်သည့် တစ်သျှူးဖြစ်သော မျက်ကြည်လွှာတွင် သွေးကြောမျှင်များကို မျက်စိဆရာဝန်က စစ်ဆေးချိန်တွင် မျက်စိများ နီရဲနေပါက သင် သွေးတိုးရောဂါဖြစ်တော့မည်ကို ဖော်ပြသော လက္ခဏာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ လေးပုံတစ်ပုံမှာ ၎င်းတို့ သွေးတိုးနေကြောင်း မသိကြဘဲ ယင်းမှာ လေဖြတ်ခြင်းကြုံတွေ့နိုင်သော အခြေအနေတစ်ခုဖြစ်ပါတယ်။

 

မျက်ကြည်လွှာထဲတွင် အ၀ါရောင်မျက်ချေးများရှိနေပါက အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နေသော လက္ခဏာဖြစ်ပါတယ်။ မျက်ဝန်းတစ်ဝိုက်တွင် အဖြူရောင်ကွင်းများ ရှိနေပါက သွေးထဲ၌ ကိုလက်စထရော မြင့်မားနေသည့် လက္ခဏာဖြစ်ပါတယ်။ မျက်ခွံအတွင်းပိုင်း အရောင်ဖျော့တော့နေပါက သွေးထဲတွင် သွေးနီဥနည်းပါးသည့် သွေးအားနည်းရောဂါဖြစ်နေကြောင်း လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

 

Read More : ဥပုသ်စောင့်ရင် အဆာခံနိုင်အောင် ဘယ်လိုလုပ်ကြမလဲ

 

မျက်စိပြူးခြင်းမှာ မျိုးရိုးလိုက်တတ်သော်လည်း ပုံမှန်မဟုတ်သည့် မျက်စိပြူးခြင်းမှာ သိုင်းရွိုက်ဂလင်းတွင် ပြဿနာများရှိနေကြောင်း ဖော်ပြသည့် လက္ခဏာဖြစ်ပါတယ်။ မျက်ခွံများ တွဲကျနေခြင်းမှာ ခဏတာ မျက်နှာအကြောသေမှုဖြစ်နိုင်ပြီး စကားပြောချိန်တွင်ေ၀၀ါးနေပါက လေဖြတ်နိုင်သည့် လက္ခဏာတစ်ခုဖြစ်ပါတယ်။

 

 

အသည်းရောင်အသားဝါရောဂါ အပါအ၀င် အသည်းရောဂါများ ခံစားနေရပါက မျက်စိများကို အဖြူမှအ၀ါရောင်သို့ ပြောင်းလဲသွားစေနိုင်သောကြောင့် မျက်စိများ အ၀ါရောင်ပြောင်းလာပါက သတိထားဖို့ လိုပါတယ်။ မျက်ကြည်လွှာမှ အချက်အလက်များကို ဦးနှောက်သို့ ပို့လွှတ်သည့် အမြင်အာရုံကြော အရောင်ဖျော့နေပါက ဦးနှောက်တွင် အကျိတ်ရှိနေသည့် လက္ခဏာ (သို့မဟုတ်) အာရုံကြောပျက်စီးမှု လက္ခဏာဖြစ်ပါတယ်။

 

မျက်စိသူငယ်အိမ် အရွယ်အစား ကွာခြားနေပါက လေဖြတ်ခြင်း (သို့မဟုတ်) အမြင်အာရုံကြောတွင် အကျိတ်ရှိခြင်း (သို့မဟုတ်) အာရုံကြောပျက်စီးခြင်း ရှိ၊ မရှိ စစ်ဆေးခံရန် လိုအပ်ပါတယ်။ ကျန်းမာသော သူငယ်အိမ်များ၏ အရွယ်အစားမှာ တူညီသလောက် နီးပါးဖြစ်ပြီး အလင်းကို ကြည့်ရာတွင် တုံ့ပြန်မှုတူညီပါတယ်။ ယင်းသို့မဟုတ်ပါက စစ်ဆေးမှုခံယူရန် လိုအပ်နေပါပြီး။

 

Source: 7DayDaily

Read times
Rate this item
(0 votes)