What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 27 April 2019 15:43

အူမကြီးကင်ဆာရောဂါ လက္ခဏာများ နှင့် ကာကွယ်နိုင်မည့် နည်းလမ်းများ

အူမကြီးကင်ဆာရောဂါသည် အသက်(၅၀)ကျော်တွင် ဖြစ်ပွားလေ့ရှိပါတယ်။

အူမကြီး(သို့မဟုတ်)အူမကြီးနှင့်ဆိုင်သော ကင်ဆာရောဂါ သည် စိတ်ဖိစီးမှုနှင့် ကျန်းမာရေးနှင့်မညီသော စားသောက်ပုံ အလေ့အထများလွှမ်းမိုးမှုရှိနေပါတယ်။ သို့သော် မျိုးရိုးဗီဇများနှင့် အူရောင်ရောဂါ များမှာ အူမကြီးကင်ဆာဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။

 

အူမကြီးကင်ဆာရောဂါ၏လက္ခဏာများကို စစ်ဆေးသိရှိ ပြီး ရောဂါမရင့်မီ အစောပိုင်းအခြေအနေများတွင် ကုသပါက ရောဂါရှင်၏အသက်ရှည်နိုင်ခြေ ပိုများသည်။ ထို့ကြောင့် လျစ်လျူရှု၍ မရသည့် အူမကြီးကင်ဆာရောဂါလက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။

 

အူမကြီးနှင့်ဆိုင်သော ကင်ဆာရောဂါဖြစ်နိုင်သည့် အန္တရာယ် များတွင် အသက်အရွယ်အိုမင်းခြင်း၊ အူမကြီး ကျန်းမာရေးအခြေအ နေဆိုးရွားခြင်း၊ မိသားစုတွင် ယင်းကင်ဆာမျိုးဖြစ်ဖူးသည့် ရာဇဝင် ရှိခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်အဆီများ မြင့်မားစွာ ပါဝင်သော အစားအစာများစားခြင်း၊ သစ်သီးများ၊ ဟင်း သီးဟင်းရွက်များနှင့် အမျှင်ဓာတ် စားသုံးမှုနည်းပါးခြင်းတို့ကြောင့် အူမကြီးကင်ဆာရောဂါဖြစ်နိုင်သည့် အန္တရာယ်ပိုများကြောင်း လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

 

Read More : ကျောက်ကပ်ကို အားကောင်းစေတဲ့ အစားအစာတွေကိုသိသလား

 

ဝမ်းသွားစဉ် သွေးပါခြင်းမှာ အခြားသော ကင်ဆာရောဂါများ အပြင် အူမကြီးကင်ဆာရောဂါ၏အဓိကရောဂါလက္ခဏာဖြစ်သည်။အူမကြီးလှုပ်ရှားမှုပြောင်းလဲလာခြင်းမှာ သင်၏စားသောက်ပုံ အလေ့အထကို ပြောင်းလဲပစ်ရတော့မည်ဟု ဆိုလိုခြင်းဖြစ်ပါတယ်။ အူမကြီးလှုပ်ရှားမှုပြောင်းလဲသွားခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ အူမကြီးထဲ အလွတ်ဖြစ်မနေသကဲ့သို့ ခံစားရခြင်း၊ အူမကြီး နာကျင်ခြင်း ရုတ်တရက် ဝမ်းသွားချင်ခြင်းတို့ကြုံတွေ့ရတတ်ပါတယ်။

 

အစာအိမ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် အစာမကြေဖြစ်ခြင်း တို့မှာ အူမကြီးကင်ဆာရောဂါ၏လက္ခဏာအချို့ဖြစ်နိုင်သည်။ သို့ သော် အူမကြီးကင်ဆာရောဂါဖြစ်ပွားမှုတွင် အစာအိမ်နာကျင်မှုမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်ပါတယ်။

 

အဝလွန်ခြင်းမှာ အူမကြီးကင်ဆာဖြစ်နိုင်သည့် အကြောင်းရင်း ဖြစ်ပြီး ကင်ဆာလက္ခဏာတစ်ခုဖြစ်သည်။ အသက်အရွယ်ကြီးရင့် သူများ ခန္ဓာကိုယ်အလယ်ပိုင်းတွင် အလေးချိန်ပိုများနေပါက ပိန်ပါး သူမျးထက် အူမကြီးကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ပိုများနိုင်ပါတယ်။

 

အချိန်မှန်စစ်ဆေးမှုခံယူခြင်းဖြင့် အူမကြီးရောဂါ မရင့်လာ အောင် ကာကွယ်နိုင်သည်။ ဆေးလိပ်ဖြတ်ပြီး နေ့တိုင်း ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ပါ။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ နေ့တိုင်း စားပေးပါ။ အမျှင်ဓာတ်ပါသော အစားအစာများ ပုံမှန်စားပေးပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ကိုယ်အလေးချိန်ကို ထိန်းထားပါ။

 

Source: 7Daydaily

Read times Last modified on Saturday, 27 April 2019 15:54
Rate this item
(0 votes)