What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 27 April 2019 15:20

ကျောက်ကပ်ကို အားကောင်းစေတဲ့ အစားအစာတွေကိုသိသလား

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက်

မလိုအပ်တဲ့အဆိပ်အတောက်တွေကို စစ်ယူပြီး ဆီးအဖြစ်စွန့်ထုတ်ပေးတာကြောင့် ကျောက်ကပ်ကျန်းမာဖို့ဆိုတာ နှလုံးကျန်းမာဖို့လိုအပ်သလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကျောက်ကပ်ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

 

ဂေါ်ဖီထုပ် ၊ ပန်းဂေါ်ဖီ

Image result for ဂေါ်ဖီထုပ် ၊ ပန်းဂေါ်ဖီ

ကျောက်ကပ်အတွက်အားဖြစ်စေတဲ့ သဘာဝ အစားအစာတစ်ခုဖြစ်ပြီး ဗိုက်တာမင် A, B, C, E,K အစရှိတဲ့ဓာတ်များ နှင့် ကလိုရင်း ၊ ဖော့စဖောရက်စ် ၊ ပိုတက်ဆီယမ် ၊ အမျှင်ဓာတ်၊ ဖောလစ်အက်စစ်တို့ကြွယ်ဝပါတယ်။ ဂေါ်ဖီထုပ် စားပေးခြင်းဖြင့် ဆီကြိတ်ကင်ဆာ ၊ အူမကြီးကင်ဆာ ၊ ပန့်ကရိယကင်ဆာ များကို ဖြစ်ခြင်းကို လျော့ချပေးနိုင်ပါတယ်။

 

ဘယ်ရီသီးများ

Related image

စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးအားလုံးလိုလိုမှာ မဂ္ဂနိစ်၊ ဗီတာမင်စီ ၊ သတ္တုဓာတ် ၊ ဖိုင်တိုကမ်မီကယ်လ်၊ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ကျောက်ကပ်အတွက် အကျိုးပြုပါတယ်။ ခရမ်ဘယ်ရီသီး နဲ့ ဘလူးဘယ်ရီသီးတွေက ဆီးအိတ်ပိုးဝင်တာကို ကာကွယ်ပေးနိုင်တဲ့အပြင် ကျောက်ကပ်ကိုလည်း များစွာအထောက်အကူ ဖြစ်စေပါတယ်။

 

Read More : သင့်ခန္ဓာကိုယ်လေးလံမှုကို ဖြေလျှော့ပေးနိုင်မယ့် ရိုးရှင်းတဲ့ နှိပ်နယ်နည်း (၆) မျို

 

ငါး

Related image

ငါးမှာ ပါဝင်တဲ့ အိုမီဂါ ၃ ၊ အိုမီဂါ ၆ နဲ့ ဖက်တီးအက်စစ်ဟာ အမြင်အာရုံကို တိုးတက်စေပြီး မျက်လုံးအမြင် ၊ နားကြားမှု ၊ ကျောက်ကပ် တို့၏ စွမ်းရည်များကို မြင့်တင်ပေးပါတယ်။

 

ကြက်သွန်ဖြူ

Image result for ကြက်သွန်ဖြူ

သွေးအတွင်းမှာ ရှိတဲ့ သကြားဓါတ်ကို ထိန်းညှိပေးတဲ့အပြင် ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိရှိပြီး မလိုအပ်တဲ့ ကိုလက်စထရောတွေကို ဖယ်ရှား ပေးပါတယ်။ ကင်ဆာ ရောဂါ ဖြစ်ပွါးမှုကို ကာကွယ်ပေးတဲ့ အပြင် ကျောက်ကပ်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

ပန်းသီး

Related image

အသည်းကင်ဆာ ၊ အူမကြီးကင်ဆာ ၊ ရင်သားကင်ဆာ ၊ အဆုတ်ကင်ဆာ ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ၊ ကျောက်ကပ်ကျောက်တည်တာတွေမဖြစ်အောင် ကာကွယ်နိုင်သလို ကိုလက်စထရောလည်း လျော့ချပေးနိုင်ပါတယ်။

 

Writting By : Aung Win (Health Products Directory)

Read times Last modified on Saturday, 27 April 2019 15:43
Rate this item
(4 votes)