What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 May 2019 18:39

နားကြပ်တွေက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်လား ?

နားကြပ်တွေက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်လား ? google

သင့်နားကြပ်ကို နားပေါက်ဝမှာ တပ်ပြီး သာမာန်ထက်ပိုပြီးချဲထားတဲ့အသံတွေကို သင်ကနားထောင်မယ်ဆိုရင် ဒါက သင့်နားတွင်းဆဲလ်တွေရဲ့ ကြားနိုင်စွမ်းအားကို ထိခိုက်စေပါတယ်။

ကျယ်လောင်တဲ့ သီချင်းတွေကို နားထောင်တဲ့အခါမှာ သင့်အနေနဲ့ တစ်ဒီဒီမြည်နေအသံတွေသာ ကြားနိုင်ပြီး (သို့) ထုံနေတဲ့ခံစားမှုတွေကို ရရှိနိုင်ပါတယ်။ အကြောင်းကတော့ ရေရှည်မှာ သင့်ရဲ့ကြားနိုင်စွမ်းအားကို ထိခိုင်နိုင်ပါတယ်။

မကြာခဏဆိုသလို ကြားနိုင်စွမ်းတွေကို မကြားတစ်ချက် ကြားတစ်ချက်နဲ့ ဆုံးရှုံးနိုင်ပြီး တစ်ဖက်က အသံအကျယ်ကြီး အော်ပြောနေတာတောင် မကြားတာတွေ ဖြစ်တတ်ပါတယ်။

လူတော်တော်များများက နားကြပ်ကိုအကြာကြီး နားဝမှာ လေထွက်ပေါက်မရှိဘဲ တပ်ထားတတ်ပါတယ်။ ဒီလိုတတ်ခြင်းကြောင့် သင့်ကို နားပြည်ယိုစေပြီး အလဒ်အနေနဲ့ အာရုံကြောပြသာနာတွေနဲ့အတူ နားအူတာ၊ နားကိုက်တာတွေ ဖြစ်စေတတ်ပါတယ်။

နောက်ပြီး နားကြပ်အစို့တွေဟာ မတည့်တဲ့အလှကုန်ပြဿနာဖြစ်တတ်တဲ့ ၀က်ခြံပေါက်သလိုမျိုး သင့်ရဲ့နားမှာလည်း ထိုကဲ့သိုဖြစ်စေနိုင်ပါတယ်။ နွေရာသီတွေမှာဆို နားကထွက်တဲ့ ချွေးတွေကြောင့် နားကတစ်ဆင့်ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေ ရတတ်ပါတယ်။

ဒီတော့ သင့်အနေနဲ့ နားကြပ်ကို သန့်ရှင်းပေးလိုပြီး နားကိုလည်း သန်းရှင်းပေးဖို့လိုပါတယ်။

ဒါကြောင့် နားကြပ်တွေ တပ်တဲ့အခါမှာ အသံအတိုးအချဲ့တွေကို သတိထားကာ နားနဲ့ကြားနိုင်ရုံသာ နားထောင်ပြီး နားကြပ်သန့်ရှင်းဖို့အတွက်လည်း အထူးသတိပြုသင့်ပါတယ်။

 

Zaw (Health Product Directory)

Translated From Health Plus

Read times Last modified on Thursday, 09 May 2019 18:47
Rate this item
(1 Vote)