What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 29 June 2017 16:13

မန်ကျည်းသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၆ ချက်

မန်ကျည်းသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၆ ချက် Google.com

၁. အစာကျေချက်မှုကို ကောင်းမွန်စေခြင်း

ဗိုက်နာနေသလား၊ ဝမ်းချုပ်နေသလား၊ မန်ကျည်းသီးက ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ အားလုံးကို ဖြေရှင်း ပေးနိုင်ပါတယ်

မန်ကျည်းသီးကို ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုကြပါတယ်။ ဝမ်းချုပ်နေပါက ညအိပ်ရာမဝင်ခင်မှာ မန်ကျည်းရည်သောက်သုံးပေးလို့ရပါတယ်။

မန်ကျည်းသီးကို ဝမ်းချုပ်တာသက်သာစေဖို့ အသုံးပြုနိုင်ပြီး မန်ကျည်းရွက်ကိုတော့ ဝမ်းလျှောတာကို သက်သာစေဖို့ အသုံးပြုနိုင်တဲ့အပြင် မန်ကျည်းပင်ရဲ့အမြစ်နဲ့အခေါက်ကိုတော့ ဝမ်းဗိုက်ပိုင်းနာကျင်တာတွေ သက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။

၂. ဆီးချိုရောဂါကို သက်သာစေခြင်း

မန်ကျည်းစေ့တွေကိုတော့ ဆီးချိုသမားတွေမှာ ဆီးချိုရောဂါသက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ မန်ကျည်းသီးစေ့အနှစ်မှာ ယောင်ရမ်းမှုကို လျော့ပါးသက်သာစေတဲ့ ဓာတ်တစ်မျိုးပါဝင်နေတာကို တွေ့ရှိရပါတယ်။ မန်ကျည်းသီး စေ့မှာ ပါတဲ့ alpha-amylase ကလည်း သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေတယ်လို့တွေ့ရှိခဲ့ရပါတယ်။

READ - အမြင်အာရုံကောင်းလာစေမယ့် သဘာဝနည်းလမ်း (၅) မျိုး

၃. ကိုယ်အလေးချိန်လျော့ကျစေနိုင်ခြင်း

ကိုယ်အလေးချိန် ကျဆင်းစေလိုနေတယ်ဆိုရင်တော့ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး အဆီဓာတ်မပါဝင်တဲ့ မန်ကျည်းသီးကို စားသုံးပေးပါ။ မန်ကျည်းသီးမှာ ကာဗိုဟိုက်ဒရိတ်တွေကို အဆီအဖြစ် ပြောင်းလဲပေးတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ amylase အင်ဇိုင်းထုတ်လုပ်မှုကို ဟန့်တားပေးခြင်းအားဖြင့် စားချင်စိတ်ကို လျော့ပါးစေတဲ့ hydroxycitric အက်ဆစ် ပါဝင်ပါတယ်။

၎. အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးသလို အနာကို ကုသပေးနိုင်ခြင်း

အစာအိမ်အနာဆိုတာက အစာအိမ်နဲ့အူသိမ်တွေမှာ ဖြစ်လေ့ရှိတဲ့ နာကျင်တဲ့ အနာတွေပဲဖြစ်ပါတယ်။ မန်ကျည်းသီးစေ့အနှစ်မှာ ပါဝင်တဲ့ polyphenolic ဒြပ်ပေါင်းက အစာအိမ်အနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

၅. နှလုံးကျန်းမာသန်စွမ်းစေခြင်း

မန်ကျည်သီးဟာ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မန်ကျည်းသီးမှာ ပါဝင်တဲ့ flavonoids က ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စထရော LDL ကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော HDL ပမာဏကို တိုးတက်စေပါတယ်။

၆. ကင်ဆာတိုက်ဖျက်ပေးခြင်း

မန်ကျည်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်ပါတယ်။ မန်ကျည်းသီးစေ့အနှစ် မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ပြင်းထန်တဲ့ ကျောက်ကပ်ပျက်စီးမှုနဲ့ ကျောက်ကပ်ကင်ဆာတွေ ဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

READ - နွားနို့ ပုံမှန်သောက်သူများ ရနိုင်တဲ့ ကောင်းကျိုး (၆) မျိုး

www.healthproducts.com.mm

Source: kumudranews

Read times
Rate this item
(1 Vote)