What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 May 2019 12:50

ကိုယ္ခံအား က်ဆင္းေစႏိုင္တဲ့ အေလ့အက်င့္ ၅ မ်ိဳး

လူတေယာက္က်န္းမာေနဖို႔အတြက္ ကိုယ္ခံအားစနစ္ေကာင္းမြန္မႈဟာ ေတာ္ေတာ္ေလး အေရးပါပါတယ္။

ကိုယ္ခံအားစနစ္ ေလ်ာ့နည္းလာတဲ့အခါ မၾကာခဏ ဖ်ားနာတာ၊ ကူးစက္ေရာဂါေတြ ခံစားရတာနဲ႔ အလိုလိုေနရင္း ပင္ပန္းႏြမ္းနယ္တာ စတာေတြကိုခံစားရနိုင္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ ေန႔စဥ္ျပဳလုပ္ေနက် အေလ့အက်င့္ေတြထဲကမွ ကိုယ္ခံအားစနစ္ကို အားနည္းေစနိုင္တဲ့ အမူအက်င့္ေတြပဲ ျဖစ္ပါတယ္။

 

(၁) အိပ္ေရးဝဝ အိပ္စက္မႈမရွိျခင္း

အိပ္စက္ျခင္းဆိုတာဟာ တေန႔တာ လႈပ္ရွားေနရတဲ့ ခႏၶာကိုယ္ကို ျပန္လည္အားျဖည့္ေပးတာနဲ႔ အတူတူပါပဲ။ လုံေလာက္တဲ့ အိပ္စက္ခ်ိန္ မရွိျခင္းဟာ ခႏၶာကိုယ္ရဲ့ ခုခံအားစနစ္ကို ေလ်ာ့နည္းေစၿပီး ေရာဂါကူးစက္ခံရမႈ ျမင့္တက္ေစနိုင္တဲ့အျပင္ ႏွလုံးေရာဂါ၊ ေသြးတိုးနဲ႔ ဆီးခ်ိဳေရာဂါေတြ ျဖစ္ပြားနိုင္ေျခကိုလည္း ျမင့္တက္ေစပါတယ္။

 

(၂) စိတ္ဖိစီးမႈ မ်ားျခင္း

စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးနဲ႔ ခႏၶာကိုယ္က်န္းမာေရးဟာ ဆက္စပ္ေနတာေၾကာင့္ စိတ္ဖိစီးမႈေတြ ဆက္တိုက္ၾကဳံေတြ႕ရတဲ့အခါ ခႏၶာကိုယ္ ကိုယ္ခံအားစနစ္ ေလ်ာ့နည္းလာၿပီး ျပင္ပက ေရာဂါပိုးမႊားေတြကို ခုခံနိုင္စြမ္းအားပါ ေလ်ာ့နည္းလာပါတယ္။

Read More : ေလးဘက္နာသမားမ်ားအတြက္ သျပဳသီး၏ အသံုးဝင္ပံု

 

(၃) ခ်ိဳလြန္းတဲ့ အစားအစာေတြ စားသုံးမႈ မ်ားျခင္း

ေဆးပညာရွင္ေတြရဲ့ ေလ့လာခ်က္ေတြအရ သၾကားဓာတ္ဟာ က်န္းမာေရးအတြက္ အသံတိတ္ ရန္သူလို႔ေတာင္ ေခၚေဝၚၾကပါတယ္။ တေန႔ကို သၾကားဓာတ္ လက္ဖက္ရည္ဇြန္း ၈ ဇြန္းခန႔္ စားသုံးျခင္းဟာ ေရာဂါပိုးမႊားေတြကို ခုခံနိုင္စြမ္းအား ၄၀ ရာခိုင္ႏႈန္းခန႔္အထိ ေလ်ာ့က်ေစနိုင္ပါတယ္။

 

(၄) ေဆးလိပ္နဲ႔ အရက္ေသစာ ေသာက္သုံးျခင္း

ေဆးလိပ္မွာ ပါဝင္တဲ့ နီကိုတင္းနဲ႔ အရက္၊ဘီယာ စတာေတြမွာပါဝင္တဲ့ အယ္လ္ကိုေဟာဓာတ္ဟာ ခႏၶာကိုယ္ခုခံအား စနစ္ကို ဆိုးဆိုးရြားရြား ထိခိုက္ေစနိုင္ပါတယ္။

 

(၅) ေရေသာက္နည္းျခင္း

ေရဟာ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးနိုင္တဲ့အျပင္ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစနိုင္ ပါတယ္။ ဒါေၾကာင့္မို႔လို ကိုယ္ခံအားစနစ္ေကာင္းမြန္ဖို႔အတြက္ ေရေသာက္နည္းတဲ့ အေလ့အက်င့္ကို သတိျပဳျပင္ဆင္ သင့္ပါတယ္။

 

Source: burma.irrawaddy

{Unicode}

======

ကိုယ်ခံအား ကျဆင်းစေနိုင်တဲ့ အလေ့အကျင့် ၅ မျိုး

လူတယောက်ကျန်းမာနေဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်မှုဟာ တော်တော်လေး အရေးပါပါတယ်။ ကိုယ်ခံအားစနစ် လျော့နည်းလာတဲ့အခါ မကြာခဏ ဖျားနာတာ၊ ကူးစက်ရောဂါတွေ ခံစားရတာနဲ့ အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်တာ စတာတွေကိုခံစားရနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ နေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့်တွေထဲကမှ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။

 

(၁) အိပ်ရေးဝဝ အိပ်စက်မှုမရှိခြင်း

အိပ်စက်ခြင်းဆိုတာဟာ တနေ့တာ လှုပ်ရှားနေရတဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးတာနဲ့ အတူတူပါပဲ။ လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေပြီး ရောဂါကူးစက်ခံရမှု မြင့်တက်စေနိုင်တဲ့အပြင် နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။

 

(၂) စိတ်ဖိစီးမှု များခြင်း

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးဟာ ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုတွေ ဆက်တိုက်ကြုံတွေ့ရတဲ့အခါ ခန္ဓာကိုယ် ကိုယ်ခံအားစနစ် လျော့နည်းလာပြီး ပြင်ပက ရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအားပါ လျော့နည်းလာပါတယ်။

 

(၃) ချိုလွန်းတဲ့ အစားအစာတွေ စားသုံးမှု များခြင်း

ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သကြားဓာတ်ဟာ ကျန်းမာရေးအတွက် အသံတိတ် ရန်သူလို့တောင် ခေါ်ဝေါ်ကြပါတယ်။ တနေ့ကို သကြားဓာတ် လက်ဖက်ရည်ဇွန်း ၈ ဇွန်းခန့် စားသုံးခြင်းဟာ ရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအား ၄၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျစေနိုင်ပါတယ်။

 

(၄) ဆေးလိပ်နဲ့ အရက်သေစာ သောက်သုံးခြင်း

ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းနဲ့ အရက်၊ဘီယာ စတာတွေမှာပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်ခုခံအား စနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

 

(၅) ရေသောက်နည်းခြင်း

ရေဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင် ပါတယ်။ ဒါကြောင့်မို့လို ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက် ရေသောက်နည်းတဲ့ အလေ့အကျင့်ကို သတိပြုပြင်ဆင် သင့်ပါတယ်။

Read times Last modified on Tuesday, 24 December 2019 15:30
Rate this item
(1 Vote)