What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 May 2019 13:00

သိကောင်းစရာ ဒူးကျီးပေါင်းနာ - အာယု ကျန်းမာရေးဆွေးနွေးပွဲ

ဒူး ဒုက္ခပေးရင် မျက်ရည်ကျလောက်အောင်နာကျင်တယ်။

ဒူးနာနေပြီဆိုရင် ခြေထောက်ကထောက်နိုင်စွမ်းနည်း ကာပိုပြီး နာကျင်စရာတွေ ကြုံရနိုင်ပါတယ်။ ဆေးပညာသဘောအရ အဆစ်နာ၊ အဆစ်ရောင်ရောဂါများကို အုပ်စုကြီးသုံးခု ခွဲထားခြားထားပါတယ်။ ရောင်ရမ်း အဆစ်ရောင်ရောဂါ (Inflammatory) ၊ ဇီဝဓာတုဓာတ်ပစ္စည်းများကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါ (Metabolic) နှင့် ဒဏ် ၊ ဇရာတို့ကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါ (Degenerative) ဆိုပြီးဖြစ်ပါတယ်။ ယင်းအုပ်စုတစ်ခုစီ တွင် ထူးခြားချက်များရှိပါတယ်။ ဘယ်နှ ဆစ်၊ ဘယ်အဆစ်၊ ဘယ်လောက် ကြာကြာနာ ၊ ဘယ်အချိန်မှာနာ စသည်တို့က မည်သည့်အဆစ်ရောင် ရောဂါဟူ၍ ကွဲပြားစေပါတယ်။

 

ဟုတ်ပြီ.. ဒီဝေဒနာကို ပျောက်ကင်းအောင် ဘယ်လိုလုပ်ကြမလဲ ????

 

မေလ ၂၅ ရက် (စနေနေ့) တွင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ အရိုး၊ အ​ကြော၊ အဆစ်​ ခွဲစိတ်​အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦး​စောထွဋ်မှ ဒူးကျီးပေါင်းနာနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

 

ဒါအပြင် အ​ကြော၊ အဆစ်​ပြန်​လည်​သန်​ စွမ်း​ရေး အထူးကုဆရာဝန်ကြီး ပါမောက္ခ​ဒေါ်ခင်​​စောဦးမှလည်း ဒူးနာခြင်း ကင်းဝေစေရန် နှင့် ပြန်လည်သန်းစွမ်းရေးကုထုံးများနှင့် ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါဆွေးနွေးပွဲကို စိတ်ဝင်စားသူတိုင်း မည်သူမဆို တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

 

အချိန် - နံနက် ၈ နာရီ မှ နံနက် ၁၁နာရီ အထိ

နေ့ရက် - ၂၅ရက်၊ ​မေလ၊ ၂၀၁၉ခုနှစ် (စ​နေနေ့)

 

နေရာ - အာယု အင်တာနေရှင်နယ်ဆေးရုံကြီး ၊ အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း (တာမွေဈေးဟောင်းမှတ်တိုင်အနီး)၊ တာမွေမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်ရန် - (ဝ၁) ၉၃၇၆၂ဝဝ ။

Read times
Rate this item
(1 Vote)