နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။
အိမ်ရှင်မတွေသာမက အိမ်သားအားလုံး သိထားမှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိုင်မှာပါ။
လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူပေမယ့် ဘာပဲပြောပြော သတိထား ရှောင်ကြဉ်လိုက်တာ အကောင်းဆုံးပါ။
နှာစေးဖြစ်နေရင်
- ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ ဆေးလိပ် နှင့် အရက် တို့ကို မကျွေးသင့်ပါဘူး ။
ချောင်းဆိုး
- ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ အရက် နှင့် ချိုသော အစားအစာများ
ရုတ်တရက်အစာအိမ်ရောင်ခြင်း
- အကြော်အလှော်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း
နာတာရှည်အစာအိမ်ရောင်
- ကောက်ညှင်း၊ အသုတ်၊ အချဉ်ဖေါက်ထားသောအစာ
အူရောင်
- ငှက်ပျောသီး၊ မာလာကာသီး
အသည်းရောဂါ
- ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊ ဆေးလိပ် နှင့် အရက် ဖြစ်ပြီး အရေးကြီးဆုံးက အိပ်ရေးပျက်ခံလို့ မရပါ။
နှလုံးရောဂါ
- ကယ်လိုရီများသော အစာ နှင့် ငန်သောအစားအစာများ
ကျောက်ကပ်ရောဂါ
- ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက်
ဆီးချိုရောဂါ
- အချိုစာ၊ အရက်၊ အဆီများသော အစာ၊ ဆီကြော်စာ နှင့် အကင်
သွေးအားနည်း
- တရုတ်နံနံ
သွေးတိုးရောဂါ
- အငန်ဓာတ်များသော အစာ၊ ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ
အစာအိမ်နာ
- ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သောဟင်း၊ ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊ ငရုတ်သီး နှင့် မာလာကာသီး
အရိုးကာအမြှေးရောင်နာ
- ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး
လိပ်ခေါင်းရောဂါ
- အရက်၊ ဆေးလိပ်၊ ဆီကြော်စာတွေ
လေးဖက်နာရောဂါ
- ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ
အရေပြားAllergic
- ပင်လယ်စာ၊ ပိန်းဥ၊ သရက်သီး၊ ရေခဲ၊ လိုင်ချီးစ်သီး
အာရုံကြောအားနည်း
- ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ
READ - နေမကောင်းစဉ် အဓိကရှောင်ကြဉ်သင့်သော အစားအစာများ
Source: tameelay