What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 25 May 2019 15:43

ဝိတ်ချနေသူတွေ စိတ်ချလက်ချ စားနိုင်မယ့် အစားအစာ ၅ မျိုး

ဝိတ်ချနေသူ အများစုဟာ ညလက်မှာ အစားစာတာကို ရှောင်ကြဉ်ကြပြီး အသီးအရွက်တို့ကိုသာ စားလေ့ရှိပါတယ်။

ဒါပေမယ့် ညဘက်မှာ အစားမစားရတာက သင့်ကို ပိုပြီး ဆာလောင်စေပါတယ်။ ဒီလိုဆာလောင်မှုဖြစ်ခဲ့ရင် စိတ်ချလက်ချ စားသုံးနိုင်မယ့် အစားအစာ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒါကြောင့်မို့လို့ ဝိတ်ချနေသူတွေအနေနဲ့ ညဘက် ဗိုက်ဆာချိန်မှာ ဆာလောင်မှုကို ထိန်းချုပ်ထားမယ့်အစား အခုဖော်ပြပေးမယ့် အစားအစာတွေကို စိတ်ချလက်ချ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

 

ဒိန်ချဉ်

Image result for ဒိန်ချဉ်

အာဟာရပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ ဒိန်ချဉ်ဟာ အဆီဓာတ် ပါဝင်မှု နည်းပါးပြီး ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ဒိန်ချဉ်ကို ညဘက် ဗိုက်ဆာနေချိန်မှာ စိတ်ချလက်ချ စားနိုင်ပါတယ်။

 

ကြက်ဥပြုတ်

Related image

ကြက်ဥပြုတ် တလုံးမှာ ၇၅ ကယ်လိုရီပဲ ပါဝင်တာကြောင့် ဝိတ်တက်မှာ စိတ်ပူစရာ မလိုဘဲ ညဘက်တွေမှာ စိတ်ချလက်ချ စားပေးလို့ရပါတယ်။

 

ငှက်ပျောသီး

Image result for ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ မယ်လ်တိုနင် ဓာတ်တို့ဟာ ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ကို အထောက်အကူ ဖြစ်စေတဲ့အပြင် အစာကြေလွယ်တာကြောင့် ဝိတ်တက်လာမှာကို စိုးရိမ်စရာ မလိုပါဘူး။

 

Read More : ဆိုးဝါးတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာများ

ဆိုးဝါးတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာများ

 

ပြောင်းဖူးပေါက်ပေါက်

Image result for ပြောင်းဖူးပေါက်ပေါက်

ဘာအရသာမှ ထည့်သွင်းထားခြင်း မရှိတဲ့ ပြောင်းဖူးပေါက်ပေါက်ဟာ ဆာလောင်မှုကို ပြေပျောက်စေနိုင်တဲ့အပြင် ကယ်လိုရီ ပါဝင်မှုလည်း နည်းပါးတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ ညဘက်တွေမှာ စားပေးနိုင်ပါတယ်။

 

ချိစ်

Image result for ချိစ်

အာဟာရ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ညဘက်တွေမှာ ချိစ်အပြားငယ်လေးတွေကို စားပေးခြင်းဟာ ခန္ဓာကိုယ်ကို သိသိသာသာ ဝိတ်တက်လာတာမျိုး မဖြစ်စေနိုင်တဲ့အပြင် အဆာခံစေတာကြောင့် ညဘက်တွေမှာ ဗိုက်ဆာလို့ အိပ်မပျော်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။

 

Source: Burma irrawaddy

Read times Last modified on Saturday, 25 May 2019 16:09
Rate this item
(1 Vote)