ဆေးရုံတွေမှာ တန်ဖိုးသင့် နေ့လည်စာ လှူချင်တယ်ဆိုရင် ဆက်သွယ်နိုင်မည့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဖော်ပြပေးလိုက်ပါတယ်။
အလှူလဲလုပ်ချင်တယ် ကိုယ်တိုင်ချက်ပြုတ်ဖို့ကျ လူအင်အား မလောက်လို့ အလှူမလုပ်ရတဲ့သူတွေအတွက် သတင်းကောင်းလေး လာပြီနော်။ ရန်ကုန်ဆေးရုံကြီး နဲ့ ကုတင် ၅ဝဝ အထူးကုဆေးရုံမှာ တန်ဖိုးသင့်နေ့လည်စာကို တစ်ယောက်လျှင် ၁ဝဝဝ ကျပ်နှုန်းဖြင့် အလှူတန်းပြုလုပ်လို့ရနေပြီနော်။
တာဝန်ခံစီစဉ်ပေးသူတွေနဲ့ ချက်ပြုတ်ပေးတဲ့ ထမင်း ၊ ဟင်း ပူပူနွေးနွေးတွေကို အဆင်သင့်ခပ်ပြီးလှူလိုက်ယုံပဲ အင်မတန်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေတစ်ခုပါပဲ။ ဈေးနှုန်းကလည်း အသင့်တင့် နဲ့ ကိုယ်တိုင် ကိုယ်ကျ မချက်ရလို့ အစားအသောက်ကြောင့် စိတ်ပူနေစရာဖြစ်နေလား။ တာဝန်ခံစီစဉ်ပေးတဲ့ ဟင်းလျာတွေကို အချိုမှုန့်ကို လုံးဝမသုံးဘဲ ၊ ဆီအသန့်နဲ့ချက်တဲ့ ဟင်းလျာများ ဖြစ်တဲ့အတွက် အမြင်လဲလှ ၊ အနံ့ရတာနဲ့တင် အရမ်းကို စားချင်စရာကောင်းပြီး အရသာလဲပြည့်စုံပါတယ်။
တန်ဖိုးသင့်နေ့လည်စာကို လူတစ်ယောက်ကို တစ်ထောင်ကျပ်နှုန်းဆိုတော့ လူအရေအတွက်( ၁ဝဝ ၊ ၂ဝဝ ၊ ၅ဝဝ သို့ ၆ဝဝ အစရှိသ၍) ကြိုက်သလောက်ကို အလှူတန်းပြုလုပ်လို့ ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျလဲ လှူတန်းရမှာဆိုတော့ အရမ်းကို အဆင်ပြေပါတယ်နော်။
တန်းဖို့သင့်နေ့လယ်စာပရဟိတ အဖွဲ့ (ရန်ကုန်ဆေးရုံကြီး ၊ ကုတင် ၅ဝဝ အထူးကုဆေးရုံ)
ဆက်သွယ်ရန်။ ။ Dr. သန္တာဝင်း - 09 5177 062
Dr. လဲ့လဲ့ဌေး - 09 5170 563
မလေးနွယ် - 09 425 297 255
ဦးဖေစန်း - 09 767 900 828
ဒါ့အပြင် မြောက်ဥက္ကလာဆေးရုံ ဖျားနာဆောင် (၁ ၂ ၃) ၊ သွေးရောဂါ ၊ ခွဲစိတ် ၊ သားဖွား ၊ အရိုးအကြောပြန်လည်သန်စွမ်းရေးဆောင် ၊နှလုံးအထူးကုဆောင် ၊မွေးကင်းစဆောင် ၊ အသည်းအထူးကုဆောင် ၊နှလုံးခွဲစိတ်ဆောင် ၊ အရေပြားအထူးကုဆောင် ၊ ကလေးကုသဆောင် ၊ ဦးနှောက်အာရုံကြော နှင့် ရင်ခေါင်းအထူးကုဆောင်တို့မှာလည်း လူတစ်ယောက်စာကို တစ်ထောင်ကျပ်နှုန်းဖြင့် လှူဒါန်းလို့ ရပါတယ်။
ဆက်သွယ်ရန် ။ ။ Dr. သီတာနွယ် - 09 512 7056
Dr. သူဇာဝင်း - 09 517 4465
Dr. စိုးဝေဖြိုး - 09 960 197 369
ကလေးဆေးရုံတိုးချဲ့ဆောင်သစ် သွေးနှင့်ကင်ဆာဌါန မှာ လှူဒါန်းမယ်ဆို မနက်စာ ၆၀၀၀၀ကျပ် ၊ နေ့လည်စာ ၁၂၀၀၀၀ကျပ် နှင့် ညနေစာ ၁၂၀၀၀၀ကျပ် စီကျသင့်ပါတယ်။
Food for Children
ဆက်သွယ်ရန် ။ ။ မနွယ်နီခိုင် - 09 796 261 629 အစရှိသည့် ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။