What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 June 2019 16:13

ဆေးရုံတွေမှာ တန်ဖိုးသင့်နေ့လည်စာ လှူချင်တဲ့ အလှူရှင်တွေအတွက် လှူဒါန်းနိုင်မယ့်နေရာများ

ဆေးရုံတွေမှာ တန်ဖိုးသင့် နေ့လည်စာ လှူချင်တယ်ဆိုရင် ဆက်သွယ်နိုင်မည့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဖော်ပြပေးလိုက်ပါတယ်။

အလှူလဲလုပ်ချင်တယ် ကိုယ်တိုင်ချက်ပြုတ်ဖို့ကျ လူအင်အား မလောက်လို့ အလှူမလုပ်ရတဲ့သူတွေအတွက် သတင်းကောင်းလေး လာပြီနော်။ ရန်ကုန်ဆေးရုံကြီး နဲ့ ကုတင် ၅ဝဝ အထူးကုဆေးရုံမှာ တန်ဖိုးသင့်နေ့လည်စာကို တစ်ယောက်လျှင် ၁ဝဝဝ ကျပ်နှုန်းဖြင့် အလှူတန်းပြုလုပ်လို့ရနေပြီနော်။

 

တာဝန်ခံစီစဉ်ပေးသူတွေနဲ့ ချက်ပြုတ်ပေးတဲ့ ထမင်း ၊ ဟင်း ပူပူနွေးနွေးတွေကို အဆင်သင့်ခပ်ပြီးလှူလိုက်ယုံပဲ အင်မတန်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေတစ်ခုပါပဲ။ ဈေးနှုန်းကလည်း အသင့်တင့် နဲ့ ကိုယ်တိုင် ကိုယ်ကျ မချက်ရလို့ အစားအသောက်ကြောင့် စိတ်ပူနေစရာဖြစ်နေလား။ တာဝန်ခံစီစဉ်ပေးတဲ့ ဟင်းလျာတွေကို အချိုမှုန့်ကို လုံးဝမသုံးဘဲ ၊ ဆီအသန့်နဲ့ချက်တဲ့ ဟင်းလျာများ ဖြစ်တဲ့အတွက် အမြင်လဲလှ ၊ အနံ့ရတာနဲ့တင် အရမ်းကို စားချင်စရာကောင်းပြီး အရသာလဲပြည့်စုံပါတယ်။

 

တန်ဖိုးသင့်နေ့လည်စာကို လူတစ်ယောက်ကို တစ်ထောင်ကျပ်နှုန်းဆိုတော့ လူအရေအတွက်( ၁ဝဝ ၊ ၂ဝဝ ၊ ၅ဝဝ သို့ ၆ဝဝ အစရှိသ၍) ကြိုက်သလောက်ကို အလှူတန်းပြုလုပ်လို့ ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျလဲ လှူတန်းရမှာဆိုတော့ အရမ်းကို အဆင်ပြေပါတယ်နော်။

 

တန်းဖို့သင့်နေ့လယ်စာပရဟိတ အဖွဲ့ (ရန်ကုန်ဆေးရုံကြီး ၊ ကုတင် ၅ဝဝ အထူးကုဆေးရုံ)

ဆက်သွယ်ရန်။  ။ Dr. သန္တာဝင်း - 09 5177 062

Dr. လဲ့လဲ့ဌေး - 09 5170 563

မလေးနွယ် - 09 425 297 255

ဦးဖေစန်း - 09 767 900 828

 

ဒါ့အပြင် မြောက်ဥက္ကလာဆေးရုံ ဖျားနာဆောင် (၁ ၂ ၃) ၊ သွေးရောဂါ ၊ ခွဲစိတ် ၊ သားဖွား ၊ အရိုးအကြောပြန်လည်သန်စွမ်းရေးဆောင် ၊နှလုံးအထူးကုဆောင် ၊မွေးကင်းစဆောင် ၊ အသည်းအထူးကုဆောင် ၊နှလုံးခွဲစိတ်ဆောင် ၊ အရေပြားအထူးကုဆောင် ၊ ကလေးကုသဆောင် ၊ ဦးနှောက်အာရုံကြော နှင့် ရင်ခေါင်းအထူးကုဆောင်တို့မှာလည်း လူတစ်ယောက်စာကို တစ်ထောင်ကျပ်နှုန်းဖြင့် လှူဒါန်းလို့ ရပါတယ်။

 

ဆက်သွယ်ရန် ။   ။ Dr. သီတာနွယ် - 09 512 7056

Dr. သူဇာဝင်း - 09 517 4465 

Dr. စိုးဝေဖြိုး - 09 960 197 369

 

ကလေးဆေးရုံတိုးချဲ့ဆောင်သစ် သွေးနှင့်ကင်ဆာဌါန မှာ လှူဒါန်းမယ်ဆို မနက်စာ ၆၀၀၀၀ကျပ် ၊ နေ့လည်စာ ၁၂၀၀၀၀ကျပ် နှင့် ညနေစာ ၁၂၀၀၀၀ကျပ် စီကျသင့်ပါတယ်။

 

Food for Children

ဆက်သွယ်ရန် ။  ။ မနွယ်နီခိုင် - 09 796 261 629 အစရှိသည့် ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Read times Last modified on Thursday, 06 June 2019 15:22
Rate this item
(4 votes)