What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 June 2019 17:57

အဆီစုပ်ထုတ်ခြင်းအကြောင်း သိကောင်းစရာ

လူတစ်ဦးတွင် အဆီများရှိပါက ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပါတယ်။ 

ဆီးချို သွေးချို ရောဂါ ၊ နှလုံးသွေကြောကျဉ်းရောဂါ ၊ လေဖြတ်ခြင်း ၊ သွေးတိုးရောဂါ ၊ နှလုံးရောဂါ နှင့် ဦးနှောက်သွေးကြောပိတ်ရောဂါများ ဖြစ်စေနိုင်ပါတယ်။ ဝမ်းဗိုက်တွင် အဆီများ ပြည့်နှက်ပြီး ဗိုက်ရွှဲနေပါက ကြည့်ရ ဆိုးစေတဲ့အပြင် လူကြားထဲမှာ မျက်နှာမပြရဲအောင်ဖြစ်ပြီး စိတ်ဓာတ်ကျဆင်းတတ်ပါတယ်။ အဝတ်အစားများကို ဝတ်ဆင်ရာမှာလည်း အဆင်မပြေတာတွေလည် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဗိုက်ကအဆီထုတ်ခြင်တဲ့သူတွေအတွက်ု အဆီထုတ်ခြင်း နှင့် ပတ်သက်ပြီး ကျန်းမာရေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

အဆီစုပ်ထုတ်ခြင်းဆိုတာက ခန္ဓာကိုယ်မှာ ပိုနေတဲ့ အဆီတွေ ၊ စုနေတဲ့ အဆီတွေကို စုပ်ထုတ်ပြီး ခန္ဓာကိုယ်လှပစေဖို့ ပြုလုပ်တာကို ဆိုပါတယ်။ အဆီစုပ်ထုတ်ခြင်း ပြုလုပ်နိုင်တဲ့ အသက်အရွယ်ကတော့ အသက် ၁၈ နှစ် မှ ၆၅ နှစ်ဖြစ်ပြီး တစ်ချို့သော နိုင်ငံတွေမှာတော့ အသက် ၁၆ နှစ် နှင့် အသက် ၈၀ နှစ်အထိ ပြုလုပ်ကြပါတယ်။

 

ခန္ဓာကိုယ်မှာ အဆီစုပ်ထုတ်နိုင်တဲ့ နေရာများကတော့ မေးစေ့ ၊ ချိုင်းအောက် ၊ ပါး ၊ ရင်သား ၊ နောက်ကျော ၊ လက်ပြင် ၊ ဗိုက် ၊ ခါး နှင့် ပေါင်းတို့ ဖြစ်ပြီး ဗိုက် နှင့် ပေါင် တို့မှာ အဆီစုပ်ထုတ်ယူတဲ့ နေရာကျယ်တာကြောင့် အဆင်ပြေလွယ်ကူပါတယ်။ ခါး ၊ မေးစေ့ နှင့် ကျောကုန်များတွင် ပြုလုပ်ပါက ခက်ခဲတတ်ပါတယ်။

 

အဆီစုပ်ထုတ်ရာတွင် ထိုသူ၏ ခံနိုင်ရာပေါ်တွင် မူတည်ပြီး ပြုလုပ်နိုင်ပါတယ်။ လူတစ်ဦးတွင် အဆီစုပ်ထုတ်ခြင်းပြုလုပ်တဲ့အခါမှာ တစ်ကြိမ်ပြုလုပ်ရာတွင် နှစ် နေရာခန့်လောက်သာ ခံနိုင်ရှည်ရှိကြပါတယ်။ စုပ်ထုတ်နိုင်သော အဆီပမာဏကို သတ်မှတ်ထားတာထက် ပိုပြီး ပြုလုပ်လို့ မရပါဘူး။ ဝမ်းဗိုက်မှ အဆီများကို နှစ်လီတာ မှ သုံးလီတာ အထိသာ စုပ်ထုတ်နိုင်ပါတယ်။

 

အဆီစုပ်ထုတ်ခြင်းပြုလုပ်နိုင်တယ်ဆိုပေးမယ့် ဆီးချို သွေးချိုရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ ဟော်မုန်းများစွာ အသုံးပြုထားသူ နှင့် သွေးကြောပိတ်ရောဂါ အစရှိတဲ့ ရောဂါတွေကို ခံစားရသူများကတော့ အဆီစုပ်ထုတ်ခြင်း ပြုလုပ်လို့ မရပါဘူး။ ဒါ့အပြင် နှလုံးရောဂါရှိသူတွေ အဆီစုပ်ထုတ်တဲ့အခါ နှလုံးခုန်မြန်ခြင်းကို ဖြစ်စေတတ်ပါတယ်။ အဝလွန်ကဲပြီး ဗိုက်ရွှဲနေသူများကို ချက်ခြင်း အဆီစုပ်ထုတ်ခြင်းမျိုး ပြုလုပ်လို့ မရပါဘူး။ ဗိုက်ကို ခွဲစိတ်ပြုပြင်ပြီးမှ အဆီစုပ်ထုတ်ရတာ ဖြစ်ပါတယ်။

 

အဆီစုပ်ထုတ်တဲ့အခါမှာ ထုံးဆေးကိုအသုံးပြုရပြီး ထိုထုံးဆေးကို နေရာနှစ်နေရာတွင်သာ ပြုလုပ်နိုင်ပါတယ်။ လူတိုင်းကို အဆီစုပ်ထုတ်ခြင်း မပြုလုပ်နိုင်ပါဘူး။ အဆီစုပ်ထုတ်ခြင်း မပြုလုပ်ခင် လူနာကို စစ်ဆေးခြင်းပြုလုပ်ရပါတယ်။ သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ အဆီကို စုပ်ထုတ်တာဖြစ်ပါတယ်။ တစ်ခါထုတ်ပြီး တစ်လခန့် အကြာတွင် ထပ်မံ အဆီစုပ်ထုတ်နိုင်ပါတယ်။

 

အဆီစုပ်ထုတ်ခြင်း ပြုလုပ်သူများအနေဖြင့် မပြုလုပ်ခင် နှင့် ပြုလုပ်ပြီး အချိန်များတွင် သတ်မှတ်ထားသော အချက်များကို လိုက်နာဖို့လိုပါတယ်။ အဆီစုပ်ထုတ်ခြင်း မပြုလုပ်ခင် သောက်နေကျ အဆီကျဆေးများ ၊ အကိုက်ခဲပျောက်ဆေးများ ၊ သွေးကျဲဆေး ၊ အားေဆေးများ နှင့် ဟော်မုန်းများကို တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း ကြိုတင်ရှောင်းရှားဖို့ လိုပါတယ်။

 

အဆီစုပ်ထုတ်ခြင်းပြုလုပ်ပြီးချိန်တွင် ဝမ်းဗိုက်ကို စည်းထားသော ပစ္စည်းများကို အနည်းဆုံး နှစ်ရက်ခန့် စည်းထားဖို့ လိုပါတယ်။ အဆီစုပ်ထုတ်ထားသောနေ့တွင် ရေချိုးခြင်း မပြုလုပ်ရ ၊ နောက်နေ့မှသာ ချိုးသင့်ပါတယ်။ အဆီစုပ်ထားနေရာတွင် ဆရာဝန်ပေးသည့်ဆေးများကို ထည့်ခြင်း ပြုလုပ်ပေးရပါမယ်။ အဆီစုပ်ထုတ်ပြီးချိန်တွင် ပြင်းထန်းသော လေ့ကျင့်ခန်းများ သုံးရက်ခန့် မပြုလုပ်ရပေ။ သုံးရက်အတွင် နာကျင်ခြင်း ဖြစ်ပါက ဆရာဝန်မှ ပေးသော အကိုက်ခဲပျောက်ဆေး အပျော့စာကို အသုံးပြုရပေးမည်။

 

အဆီစုပ်ထုတ်ခြင်းသာ် တတ်ကျွမ်းနားလည်သူများနှင့် ပြုလုပ်ပါက အန္တာရယ်မရှိပေ။ ကျန်းမာရေး နှင့် အလှအပအတွက် ပိုမိုကောင်းမွန်းစေပါတယ်။ ဒါ့အပြင် အဆီစုပ်ထုတ်ပြီးနောက် အဆီတက်စေသော အဆီ ၊ အချို ၊ အဆိမ့် များသော အစားအစာများကို ရှောင်းကြဉ်ဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်များများ စားပေးဖို့ လိုပါတယ်။ ပြင်းထန်းသော လေ့ကျင့်ခန်းမျိုးမဟုတ်သော ပုံမှန် ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်သင့်ပါတယ်။

Source: Dr.ကောင်းစံ

 

(Zawgyi)

----------

အဆီစုပ္ထုတ္ျခင္းအေၾကာင္း သိေကာင္းစရာ

လူတစ္ဦးတြင္ အဆီမ်ားရွိပါက က်န္းမာေရးကို မ်ားစြာထိခိုက္ေစႏိုင္ပါတယ္။ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါ ၊ ႏွလံုးေသြေၾကာက်ဥ္းေရာဂါ ၊ ေလျဖတ္ျခင္း ၊ ေသြးတိုးေရာဂါ ၊ ႏွလံုးေရာဂါ ႏွင့္ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါမ်ား ျဖစ္ေစႏိုင္ပါတယ္။ ဝမ္းဗိုက္တြင္ အဆီမ်ား ျပည့္ႏွက္ျပီး ဗိုက္ရႊဲေနပါက ၾကည့္ရ ဆိုးေစတဲ့အျပင္ လူၾကားထဲမွာ မ်က္ႏွာမျပရဲေအာင္ျဖစ္ျပီး စိတ္ဓာတ္က်ဆင္းတတ္ပါတယ္။ အဝတ္အစားမ်ားကို ဝတ္ဆင္ရာမွာလည္း အဆင္မေျပတာေတြလည္ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဗိုက္ကအဆီထုတ္ျခင္တဲ့သူေတြအတြက္ု အဆီထုတ္ျခင္း ႏွင့္ ပတ္သက္ျပီး က်န္းမာေရးအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

 

အဆီစုပ္ထုတ္ျခငး္ဆိုတာက ခႏၶာကိုယ္မွာ ပိုေနတဲ့ အဆီေတြ ၊ စုေနတဲ့ အဆီေတြကို စုပ္ထုတ္ျပီး ခႏၶာကိုယ္လွပေစဖို႔ ျပဳလုပ္တာကို ဆိုပါတယ္။ အဆီစုပ္ထုတ္ျခင္း ျပဳလုပ္ႏိုင္တဲ့ အသက္အရြယ္ကေတာ့ အသက္ ၁၈ ႏွစ္ မွ ၆၅ ႏွစ္ျဖစ္ျပီး တစ္ခ်ိဳ႕ေသာ ႏိုင္ငံေတြမွာေတာ့ အသက္ ၁၆ ႏွစ္ ႏွင့္ အသက္ ၈၀ ႏွစ္အထိ ျပဳလုပ္ၾကပါတယ္။

 

ခႏၶာကိုယ္မွာ အဆီစုပ္ထုတ္ႏိုင္တဲ့ ေနရာမ်ားကေတာ့ ေမးေစ့ ၊ ခ်ိဳင္းေအာက္ ၊ ပါး ၊ ရင္သား ၊ ေနာက္ေက်ာ ၊ လက္ျပင္ ၊ ဗိုက္ ၊ ခါး ႏွင့္ ေပါင္းတို႔ ျဖစ္ျပီး ဗိုက္ ႏွင့္ ေပါင္ တို႔မွာ အဆီစုပ္ထုတ္ယူတဲ့ ေနရာက်ယ္တာေၾကာင့္ အဆင္ေျပလြယ္ကူပါတယ္။ ခါး ၊ ေမးေစ့ ႏွင့္ ေက်ာကုန္မ်ားတြင္ ျပဳလုပ္ပါက ခက္ခဲတတ္ပါတယ္။

 

အဆီစုပ္ထုတ္ရာတြင္ ထိုသူ၏ ခံႏိုင္ရာေပၚတြင္ မူတည္ျပီး ျပဳလုပ္ႏိုင္ပါတယ္။ လူတစ္ဦးတြင္ အဆီစုပ္ထုတ္ျခင္းျပဳလုပ္တဲ့အခါမွာ တစ္ၾကိမ္ျပဳလုပ္ရာတြင္ ႏွစ္ ေနရာခန္႔ေလာက္သာ ခံႏိုင္ရွည္ရွိၾကပါတယ္။ စုပ္ထုတ္ႏိုင္ေသာ အဆီပမာဏကို သတ္မွတ္ထားတာထက္ ပိုျပီး ျပဳလုပ္လို႔ မရပါဘူး။ ဝမ္းဗိုက္မွ အဆီမ်ားကို ႏွစ္လီတာ မွ သံုးလီတာ အထိသာ စုပ္ထုတ္ႏိုင္ပါတယ္။

 

အဆီစုပ္ထုတ္ျခင္းျပဳလုပ္ႏိုင္တယ္ဆိုေပးမယ့္ ဆီးခ်ိဳ ေသြးခ်ိဳေရာဂါ ၊ ေက်ာက္ကပ္ေရာဂါ ၊ ေဟာ္မုန္းမ်ားစြာ အသံုးျပဳထားသူ ႏွင့္ ေသြးေၾကာပိတ္ေရာဂါ အစရွိတဲ့ ေရာဂါေတြကို ခံစားရသူမ်ားကေတာ့ အဆီစုပ္ထုတ္ျခင္း ျပဳလုပ္လို႔ မရပါဘူး။ ဒါ့အျပင္ ႏွလံုးေရာဂါရွိသူေတြ အဆီစုပ္ထုတ္တဲ့အခါ ႏွလံုးခုန္ျမန္ျခင္းကို ျဖစ္ေစတတ္ပါတယ္။ အဝလြန္ကဲျပီး ဗိုက္ရႊဲေနသူမ်ားကို ခ်က္ျခင္း အဆီစုပ္ထုတ္ျခင္းမ်ိဳး ျပဳလုပ္လို႔ မရပါဘူး။ ဗိုက္ကို ခြဲစိတ္ျပဳျပင္ျပီးမွ အဆီစုပ္ထုတ္ရတာ ျဖစ္ပါတယ္။

 

Read More : သင့္ကို ဗိုက္မျပည့္ေစတဲ့ အစားအစာေတြက ဘာေတြလဲ

သင့္ကို ဗိုက္မျပည့္ေစတဲ့ အစားအစာေတြက ဘာေတြလဲ

 

အဆီစုပ္ထုတ္တဲ့အခါမွာ ထံုးေဆးကိုအသံုးျပဳရျပီး ထိုထံုးေဆးကို ေနရာႏွစ္ေနရာတြင္သာ ျပဳလုပ္ႏိုင္ပါတယ္။ လူတိုင္းကို အဆီစုပ္ထုတ္ျခင္း မျပဳလုပ္ႏို္င္ပါဘူး။ အဆီစုပ္ထုတ္ျခင္း မျပဳလုပ္ခင္ လူနာကို စစ္ေဆးျခင္းျပဳလုပ္ရပါတယ္။ သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီမွသာ အဆီကို စုပ္ထုတ္တာျဖစ္ပါတယ္။ တစ္ခါထုတ္ျပီး တစ္လခန္႔ အၾကာတြင္ ထပ္မံ အဆီစုပ္ထုတ္ႏိုင္ပါတယ္။

 

အဆီစုပ္ထုတ္ျခင္း ျပဳလုပ္သူမ်ားအေနျဖင့္ မျပဳလုပ္ခင္ ႏွင့္ ျပဳလုပ္ျပီး အခ်ိန္မ်ားတြင္ သတ္မွတ္ထားေသာ အခ်က္မ်ားကို လိုက္နာဖို႔လိုပါတယ္။ အဆီစုပ္ထုတ္ျခင္း မျပဳလုပ္ခင္ ေသာက္ေနက် အဆီက်ေဆးမ်ား ၊ အကိုက္ခဲေပ်ာက္ေဆးမ်ား ၊ ေသြးက်ဲေဆး ၊ အားေေဆးမ်ား ႏွင့္ ေဟာ္မုန္းမ်ားကို တစ္ပတ္ သို႔မဟုတ္ ႏွစ္ပတ္အတြင္း ၾကိဳတင္ေရွာင္းရွားဖုိ႔ လိုပါတယ္။

 

အဆီစုပ္ထုတ္ျခင္းျပဳလုပ္ျပီးခ်ိန္တြင္ ဝမ္းဗိုက္ကို စည္းထားေသာ ပစၥည္းမ်ားကို အနည္းဆံုး ႏွစ္ရက္ခန္႔ စည္းထားဖုိ႔ လုိပါတယ္။ အဆီစုပ္ထုတ္ထားေသာေန႔တြင္ ေရခ်ိဳးျခင္း မျပဳလုပ္ရ ၊ ေနာက္ေန႔မွသာ ခ်ိဳးသင့္ပါတယ္။ အဆီစုပ္ထားေနရာတြင္ ဆရာဝန္ေပးသည့္ေဆးမ်ားကို ထည့္ျခင္း ျပဳလုပ္ေပးရပါမယ္။ အဆီစုပ္ထုတ္ျပီးခ်ိန္တြင္ ျပင္းထန္းေသာ ေလ့က်င့္ခန္းမ်ား သံုးရက္ခန္႔ မျပဳလုပ္ရေပ။ သံုးရက္အတြင္ နာက်င္ျခင္း ျဖစ္ပါက ဆရာဝန္မွ ေပးေသာ အကိုက္ခဲေပ်ာက္ေဆး အေပ်ာ့စာကို အသံုးျပဳရေပးမည္။

 

အဆီစုပ္ထုတ္ျခင္းသာ္ တတ္က်ြမ္းနားလည္သူမ်ားႏွင့္ ျပဳလုပ္ပါက အႏၱာရယ္မရွိေပ။ က်န္းမာေရး ႏွင့္ အလွအပအတြက္ ပိုမိုေကာင္းမြန္းေစပါတယ္။ ဒါ့အျပင္ အဆီစုပ္ထုတ္ျပီးေနာက္ အဆီတက္ေစေသာ အဆီ ၊ အခ်ိဳ ၊ အဆိမ့္ မ်ားေသာ အစားအစာမ်ားကို ေရွာင္းၾကဥ္ဖို႔ လိုပါတယ္။ ဟင္းသီးဟင္းရြက္မ်ားမ်ား စားေပးဖုိ႔ လိုပါတယ္။ ျပင္းထန္းေသာ ေလ့က်င့္ခန္းမ်ိဳးမဟုုတ္ေသာ ပံုမွန္ ကိုယ္လက္လႈပ္ရွားမႈမ်ားကို ျပဳလုပ္သင့္ပါတယ္။

 

Source: Dr.ေကာင္းစံ

Read times Last modified on Saturday, 01 February 2020 15:48
Rate this item
(1 Vote)