What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 17 July 2019 11:55

ဆေးမရှိတဲ့ ဆင်တုပ်ကွေး သတိပြု

မိုးရာသီစတာ နဲ့ တုပ်ကွေးဆိုတာက နားထဲမှာ မရိုးအောင်ကြားနေရတဲ့ ကြားက ဆင်တုပ်ကွေးက စပြီး။

မိုးလေ နဲနဲရွာတာနဲ့ ခြင်တွေက ပွဲကြမ်းပြီး။ အခုတလောအဖြစ်များနေတဲ့ တုပ်ကွေးမှာ H1N1 ပြီးတော့ ဆင်တုပ်ကွေး ( Chikungunya ) ပါ။ ဆင်တုပ်ကွေး နဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ဆင်တုပ်ကွေးဟာဆိုရင် သွေးလွန်တုပ်ကွေး နှင့် ဆင်တူတဲ့ ရောဂါ တစ်မျိုးဖြစ်ပြီး လူလူချင်းကူးတဲ့ ရောဂါ မဟုတ်ပေမယ့် ခြင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ (ဥပမာ - တုပ်ကွေးရှိတဲ့လူကို ကိုက်ထားတဲ့ခြင် မှ နောက်တစ်ဦးကို ကိုက်ရာမှ ကူးစက်ခြင်း ၊ ခြင်ကိုက်တိုင်း မဖြစ်နိုင်ပါ ) ။

 

ဆင်တုပ်ကွေးဟာဆိုရင် ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး ကူးစက်ခံရပြီဆိုရင် လက္ခဏာအနေဖြင့် ၃ ရက် မှ ၇ ရက်အတွင်း ပြတတ်ပါတယ်။ ဆင်တုပ်ကွေးဖြစ်ပြီးဆိုရင် အဖြစ်များတဲ့ လက္ခဏာကတော့ ကိုယ်ပူခြင်း နှင့် နာကျင်ကိုက်ခဲခြင်း အဖြစ်များပါတယ်။ တခြားသော လက္ခဏာများကတော့ ခေါင်းကိုက်ခြင်း ၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ၊ အဆစ်အမြစ်များ နာခြင်း ၊ ရောင်ခြင်း ၊ အဖုအပိမ့်များထွက်ခြင်း နှင့် အနီအကွက်များထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

 

ဆင်တုပ်ကွေးဖြစ်တဲ့ လူနာတွေ အများစုမှာ ကြွက်သား နှင့် အရိုးများ နာကျင်ခြင်း ၊ ကိုက်ခဲခြင်း တို့ တစ်ပတ်အတွင်း သက်သာပျောက်ကင်းပြီး ၊ တစ်ချို့သော လူနာတွေမှာ လအတော်တန်ကြာ နာကျင် ၊ ကိုက်ခဲခြင်းကို ခံစားရတတ်ပါတယ်။

 

ဆင်တုပ်ကွေးကြောင့် သေဆုံးနိုင်ခြင်း အဖြစ်နည်းပေမယ့် ရောဂါလက္ခဏာ ဆိုးဆိုးရွာရွာဖြစ်လာလျှင် နာကျင် ၊ ကိုက်ခဲခြင်း မှတဆင့် ခန္ဓာကိုယ် အားနည်းလာခြင်း နှင့် မသန်စွမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆင်တုပ်ကွေးဗိုင်းရပ်စ် ဖြစ်လာခဲ့ရင် သူ့အချိန်အတိုင်းအတာတစ်ခုအတွင်း သက်သာပျောက်ကင်းသွားတတ်ပြီး နောက်ဆက်တွဲပြဿနာဆိုးဆိုးတွေ ဖြစ်ခဲပါတယ်။

 

ဆင်တုပ်ကွေးက ဗိုင်းရပ်စ် ရောဂါပိုးဖြစ်တာကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ ကာကွယ်ဆေးမရှိသလို ဆင်တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေးတွေ နဲ့ လည်းမကာကွယ်နိုင်ပါဘူး။ အဖျား က ၃ ရက်မှ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ ပြည့်ပြည့်ဝဝ အနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ ရေများများသောက်ဖို့လည်း အရေးကြီးပါတယ်။

 

ဆင်တုပ်ကွေးဗိုင်းရပ်စ်ဟာဆိုရင် မွေးကင်းစကလေးငယ် ၊ အသက် ၆၅ အထက်ရှိသောသူ ၊ ဆေးဝါးကုသမှု ခံယူနေတဲ့ ဆီးချို ၊ သွေးတိုး နှင့် နှလုံးရောဂါ ရှင် အစရှိတဲ့ လူတွေမှာ ကူးစက် ရောဂါ အဖြစ်လွယ်နိုင်ပါတယ်။

 

ဆင်တုပ်ကွေးဟာဆိုရင် dengue နှင့် Zika လို့ ဆိုတဲ့ ခြင်တွေကနေတဆင့် အသွင်ပြောင်း ဖြစ်လာတဲ့ ခြင် မှ ကိုက်လိုက်တဲ့ အခါ ဆင်တုပ်ကွေးဆိုပြီး စတင်ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

 

Dengue ခြင် အကြောင်း လေ့လာချင်တယ်ဆိုရင်တော့

 

Zika ခြင် အကြောင်း လေ့လာချင်တယ်ဆိုရင်တော့


Written By Aung Win (Health Products Directory)

Read times Last modified on Wednesday, 17 July 2019 14:40
Rate this item
(1 Vote)