What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 August 2019 14:35

ပြေးစက်ပေါ်မှာပြေးတဲ့ Exercise Stress Test ဆိုတာ

Exercise Stress Test ဆိုတာက သင့်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိမရှိကို စမ်းသပ်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။

သင့်အနေဖြင့် နှလုံးခုန်နှုန်း မူမမှန်ခြင်း ၊ ရင်တုန်ခြင်း ၊ အသက်ရှူမဝခြင်း ၊ အသက်ရှူကြပ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ နှလုံးအားနည်းခြင်းနဲ့ နှလုံးအဆို့ရှင် ကောင်းမကောင်း စတဲ့ အခါတွေမှာ ဆရာဝန်က Exercise Stress Test ကို စမ်းသပ်တာမျိုးကို ပြုလုပ်ခိုင်းလေ့ရှိပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောဆိုင်ရာ သံသယရှိသူများအနေနဲ့လည်း ဒီလိုမျိုးစမ်းသပ်ခံရလေ့ရှိပါတယ်။

 

Exercise Stress Test ဆိုတဲ့ ပြေးစက်ပေါ်မှာ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအထိ ပြေးနေချိန်မှာ နှလုံးခုန်နှုန်း ၊ သွေးပေါင်ချိန် နဲ့ အီးစီဂျီ ပြောင်းလဲမှုတွေကို တိုင်းတာစမ်းစစ်ခြင်းပဲဖြစ်ပါတယ်။

 

ပထမဦးဆုံး အနေဖြင့် Exercise Stress Test ကို မပြုလုပ်ခင် လေးနာရီအတွင်း ရေမှလွဲ၍ တခြားသော ဖျော်ရည် နဲ့ အစားအသောက်တွေကို ရှောင်ဖို့ လိုပါတယ်။ ဒါ့အပြင် ကဖိန်းဓါတ်ပါဝင်သော အရာမှန်သမျှကို test မပြုလုပ်ခင် ၁၂ နာရီအတွင်း ရှောင်ဖို့ လိုပါတယ်။ နှလုံး နှင့် ပတ်သက်ပြီး ဆေးသောက်သုံးနေရသူများ ၊ တခြားသောဆေးများသောက်သုံးနေရသူများ နဲ့ ပန်းနာရင်ကြပ်ရောဂါအတွက် ရှူဆေးသုံးသူများ အနေဖြင့် ဆရာဝန်အား တိုင်ပင်ပြီးမှ test ပြုလုပ်မည့်နေ့တွင် သောက်ရန် လို ၊ မလို ကို ကြိုတင်မေးမြန်ထားဖို့ လိုပါတယ်။

 

Exercise Stress Test က ဘယ်လိုအလုပ်လုပ်လည်းဆိုရင် test မပြုလုပ်ခင် အရင် Electrodes လေးတွေကို ရင်ဘတ်မှာ တပ်ဆင်ရပါမယ်။ ပြီးရင်တော့ နှလုံးခုနှုန်း နဲ့ သွေးပေါင်ချိန်တာကို အရင်ပြုလုပ်ရပါမယ်။ ဒီအဆင့်တွေကို ပြုလုပ်ပြီးရင် exercise stress test စက်ပေါ်မှ စမ်းသပ်ခြင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

 

စားသုံးရန် မသင့်သော အစားအသောက်များ ဖတ်ရှုရန် နှိပ်ပါ 

စားသုံးရန် မသင့်သော အစားအသောက်များ

 

Exercise Stress Test ပေါ်မှာ တက်ပြီးဆိုနဲ့ အရင် ပုံမှန်ခြေလှမ်းအတိုင် စတင်လမ်းလျှောက်ရမှာ ဖြစ်ပြီး တဖြည်းဖြည်း နဲ့ ပြေးလာရမှာ ဖြစ်ပါတယ်။ ပြေးရမယ့်အတိုင်းတာ တစ်ခုကတော့ စမ်းသပ်ခံသူ အရမ်းမောလာတယ်လို့ ခံစားရတဲ့အထိ ပြေးနေရမှာပဲ ဖြစ်ပါတယ်။ အရမ်းမောလာတဲ့အထိ ပြေးရမယ်ဆိုတာကတော့ စမ်းသပ်ခံရသူ ရဲ့ အခြေနေကို ကြည့်ပြီး ပြေးနိုင်တဲ့အတိုင်းတာအထိကိုပဲ ပြေးခိုင်းမှာ ဖြစ်ပါတယ်။ ( သိပ်လဲ စိုးရိမ်းစရာမလိုပါဘူး) ။ Exercise Stress Test ပေါ်တွင် ပြေးနေတဲ့ အချိန်တိုင်းမှာ ဆရာဝန်က စမ်းသပ်ခံသူရဲ့ အခြေနေကို မေးနေမှာလည်း ဖြစ်ပါတယ်။

 

သတ်မှတ်ထားတဲ့ အချိန်တစ်ခု မရောက်မချင်း စမ်းသပ်နေမှာ ဖြစ်တဲ့ စမ်းသမ်ချိန်တွင် စမ်းသပ်ခံသူ ရင်ဘတ်အောင်လာခြင်း ၊ အသက်ရှုမဝခြင်း ၊ မောပန်းလာခြင်း နဲ့ ခေါင်းမူးလာခြင်း စတာတွေဖြစ်ပေါ်လာရင်တော့ ချက်ချင်းဆရာဝန်ကို ပြောဖို့ လိုမှာဖြစ်ပါတယ်။ ပြေးနေစဉ်အချိန် တစ်ခုအတွင်း ပြောင်းလဲသွားတဲ့ နှလုံးခုန်နှုန်း ၊ သွေးပေါင်ချိန် နဲ့ အီးစီဂျီတို့ကို မူလ ပုံမှန်အတိုင်း ဖြစ်တဲ့အထိ တဖြည်းဖြည် လျှောက်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ စမ်းသပ်လို့ ပြီးတော့မယ်ဆိုရင် ပြေးနေရကနေ တဖြည်းဖြည်း အရှိန်လျှော့လာပြီး ပုံမှန်လမ်းလျှောက်သည့် ပုံစံအတိုင်းက ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။

 

Exercise Stress Test စမ်းသပ်ချိန်ကတော့ အချိန် ၇ မိနစ်ကနေ ၁၂ မိနစ်လောက်ထိ ကြာနိုင်ပါတယ်။ Exercise Stress Test စမ်းသပ်ဈေးနှုန်းကတော့ ပျမ်းမျှအားဖြင့် ငွေကျပ် ၃ဝ,ဝဝဝ ကျပ်မှ စတင်ပြီး ဆေးရုံတစ်ခု နဲ့ တစ်ခု ကွာခြားသွားနိုင်ပါတယ်။

 

Written by Aung Win ( Health Products Directory )

Read times
Rate this item
(1 Vote)