What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 October 2019 10:56




 


 


 


 


 





 

{Unicode}

=======

ဆီးချိုရှိလျက် နဲ့ ပျော်ရွှင်အောင် ဘယ်လိုနေထိုင်မလဲ

 

လူတိုင်းဟာ ဆီးချို ရောဂါ ဖြစ်နိုင်ပါတယ်။ ဆီးချို ရောဂါ ဆိုတာ တသက်လုံး ဝေဒနာ ခံစားရတဲ့ နာတာရှည် ရောဂါ တမျိုးပါပဲ။ ခန္ဓာကိုယ်ထဲ က သွေးထဲမှာ သကြားဓာတ် ပါဝင်မှု ကို လျော့ချ နိုင်တဲ့ လုပ်ငန်းစဉ် တခု အားနည်း သွားပြီ ဆိုတာနဲ့ ဆီးချို ရောဂါ စဖြစ်တော့တာပါပဲ။

 

ဆီးချို ရောဂါ ကြောင့် နှလုံးရောဂါ၊ လေဖြတ်၊ အမြင်အာရုံ ထိခိုက် တာ၊ ကျောက်ကပ် အလုပ်မလုပ်တော့တာ၊ နောက်ဆုံး အဆင့်မှာ ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို ဖြတ်တောက် ပစ်ရတာ အထိ ခံစား ရနိုင်ပါတယ်။

 

ကမ္ဘာပေါ်မှာ ဆီးချို ရောဂါ ခံစား နေရတဲ့ လူအများအပြား ရှိနေပြီးတော့ WHO ရဲ့ ထုတ်ပြန်ချက်အရ ၄၂၂ သန်း သော လူတွေဟာ ဆီးချို ရောဂါ ခံစား နေရတယ်လို့ သိရပါတယ်။ ဆီးချို ရောဂါကို ခံစားနေရပြီးဆိုရင် ဘဝမှာ ဘယ်လို ကျန်းမာပျော်ရွှင်စွာ နေထိုင်မလဲ ဆိုတာကတော့ နဲနဲတွေးစရာဖြစ်နိုင်ပါတယ်။

 

ဒါကြောင့် Grand Hantha International Hospital နှင့် MMDA တို့ ပူးပေါင်းကျင်းပသော "ဆီးချိုရှိလျက်နှင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးဟောပြောပွဲ ပြုလုပ်သွားဖြစ်လို့ ဆီးချိုရောဂါရှင်များ အနေနဲ့ အခွင့်အရေး ကောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

 

အဆိုပါ "ဆီးချိုရှိလျက်နှင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်ခြင်း" ခေါင်းစဉ်ဖြင့် "ပါမောက္ခ ဦးတင့်ဆွေလတ်" မှ ဟောပြောမှာဖြစ်လို့ တတ်ရောက်လိုသူများ မည်သူမဆို တတ်ရောက်ပါတယ်။

 

အချိန် - နေ့လည် ၁နာရီ မှ ၃ နာရီ

နေ့ရက် - ၂၀.၁၀.၂၀၁၉ (တနင်္ဂနွေနေ့)

နေရာ - ဂရန်း(ဒ်) ဟံသာ အင်တာနေရှင်နယ် ဆေးရုံ၊ အမှတ် ၃၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းထောင့်၊ ရန်ကုန်။

☎️ 01523000, 01523111, 01523222

Read times
Rate this item
(1 Vote)