What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 July 2018 15:58

သကြားကပေးတဲ့ ဆိုးကျိုးများ

သကြားကပေးတဲ့ ဆိုးကျိုးများ Google.com

မြန်မာနှလုံးဖောင်ဒေးရှင်း ဒီတစ်ပါတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကို အန္တရာယ်များတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ စားသုံးခြင်းရဲ့  ဆိုးကျိုးအကြောင်း ၁၀ မျိုးကို တင်ပြလိုက်ပါတယ်။

(၁)သကြားက နှလုံးကို ဒုက္ခပေးတတ်တယ်။

American Heart Association ရဲ့ အဆိုအရသကြားလွန်ကဲစွာ စားသုံးခြင်းကြောင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

(၂)သကြားက အဓိကအားဖြင့် ဗိုက်ကို ရွှဲစေပါတယ်။တကမ္ဘာလုံးမှာ အဝလွန်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆတော်တော်များများ တိုးလာပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဆေးသုသေန

တစ်ခုအရ ကလေးတွေမှာ သကြားစားသုံးမှုများတဲ့အတွက်ကြောင့် ကိုယ်ခန္တာထဲက ကလီစာတွေ အဆီများလာပြီး ဗိုက်ရွှဲစေတယ်၊ နောက်တော့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။

(၃)သကြားက တကယ့်ကို အသံတိတ်လူသတ်သမားပါ။ဆားနဲ့ သွေးတိုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကိုသတ်ပါတယ်။ ၂၀၀၈ ခုနှစ်က လုပ်ခဲ့တဲ့ ဆေးသုသေသနတစ်ခုအရ leptin resistance လို့ခေါ်တဲ့ ရောဂါကိုရစေပါတယ်။ လူ့ကိုယ်ခန္တာမှာ အစားစားတဲ့အခါ Leptin ဓာတ်က အာသာပြေတဲ့စိတ်ကိုဖြစ်စေပါတယ်။ leptin resistance ရတဲ့အခါ စားပြီးရင်းစားချင်ရင်းမို့ အဝလွန်စေပါတယ်။ ၀လွန်းတဲ့အခါ ဘာမှမသိပဲ ရောဂါတွေကိုရလာပြီး လူကို သေစေပါတယ်။

(၄)သကြားကြောင့် ကင်ဆာပိုဖြစ်စေပြီး၊ ကင်ဆာကြောင့်သေနှုန်းကိုလည်း များစေပါတယ်။အူထဲမှာ သကြားဓာတ်တွေများရင် β-catenin ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး ကင်ဆာဖြစ်ပွားမှုကို အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုရောဂါတွေမှာ သကြားစားတာ များတဲ့လူတာတွေရဲ့  သေနှုန်းက ပိုပြီးများပါတယ်။

(၅) သကြားကြိုက်တာ မျိုးရိုးလိုက်တတ်ပါတယ်။Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက်ကိုပိုစွဲတတ်ပါတယ်။ Ghrelin ဓာတ်က ကိုယ်ခန္တာကို ဆာလောင်စေပါတယ်။

(၆)သကြားနဲ့ အရက်ဟာ အသည်းကို ဒုက္ခပေးတာ အတူတူပါပဲ။အရမ်းမဝတဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကို ပျက်စီးစေပါတယ်။ သကြားနဲ့ အရက်ကို ကိုယ်ခန္ဓာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။

(၇)သကြားက ဦးဏှောက်ကို ဒုက္ခပေးပါတယ်။လွန်ကဲတဲ့သကြားဓာတ်က ကိုယ်ခန္တာက ဆဲလ်တွေကို အိုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးဏှောက်အားလျော့ခြင်းတွေ ပိုပြီးဖြစ်တတ်ပါတယ်။

(၈)သကြားဓာတ်က နေ့စဉ် စားသုံးစရာတွေထဲမှာ ပြည့်နေခြင်းသွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Coke တစ်ဘူးမှာ သကြား ၁၀ ဇွန်းလောက်ပါဝင်ပါတယ်။

(၉)သကြားလွန်ကဲစွာစားသုံးမှုကြောင့် အသက်တိုနိုင်ပါတယ်။၂၀၁၃ စစ်တမ်းတစ်ခုအရ ကမ္ဘာတဝန်းမှာ တစ်နှစ်ကို ၁၈၀၀၀၀ လောက် သကြားစားသုံးမှု လွန်ကဲလို့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။

(၁၀) သကြားကြောင့် အဝလွန်စေပါတယ်။

ဒီအချက်က လူတိုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုက်ပြည့်တယ်မရှိပါဘူး။ အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကို ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ

source:Healthcare.com.mm

Read:သတိလက်လွှတ်မနေသင့်သော နှလုံးရောဂါဆိုင်ရာ လက္ခဏာများ

သတိလက်လွှတ်မနေသင့်သော နှလုံးရောဂါဆိုင်ရာ လက္ခဏာများ

Read times Last modified on Monday, 30 July 2018 16:08
Rate this item
(0 votes)