တစ်လတစ်ကြိမ် ပုံမှန်စမ်းသပ်စစ်ဆေးခြင်းဖြင့် မိမိ၏ ရင်သားကင်ဆာဖြစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ မိမိရဲ့ ရင်သာကို အောက်ပါအနေအထား သုံးမျိုးတွင် စစ်ဆေးရန် နိုင်ပါတယ်။
မှန်ရှေ့တွင် စစ်ဆေးခြင်း
၁ ။ လက်နှစ်ဘက်ကို တင်ပဆုံရိုးတွင် တင်၍ ရင်သားကြွက်သားကို တင်းထားသော အနေအထား ။
၂ ။ လက်နှစ်ဘက်ကို မြှောက်၍ ဦးခေါ်၏ အနောက်ဘက်တွင် ထားရှိသော အနေအထား ။
၃ ။ လက်နှစ်ဘက်ကို ကိုယ်ခန္ဓာဘေး တစ်ဘက်တစ်ချက်တွင် ထားရှိသော မနေအထား ။
စမ်းသပ်စစ်ဆေးရမည့် ပြောင်းလဲခြင်း အနေအထား
၁ ။ ရင်သားအရွယ်အစားပုံ ၊ ပုံသဏ္ဍန်ပြောင်းလဲခြင်း ။
၂ ။ ရင်သားပေါ်ရှိ အရေပြားများ ချိုင့်ဝင်နေခြင်း ။
၃ ။ နို့သီးခေါင်း ချိုင့်ဝင်ခြင်း ။
၄ ။ နို့သီးခေါင်း ညင်သာစွာ ညှစ်လျှင် အရည်များ ထွက်ခြင်း ။
နောက် စမ်းသပ်ခြင်း တစ်ခုကတော့ ခေါင်းအုံးကို ဘယ်ဘက် ပခုံးအောက်တွင် ထား၍ ဘယ်လက်ဖဝါးကို ဦးခေါင်းအောက်တွင်ထားပြီး လဲလျောင်း၍ စစ်ဆေးနိုင်ပါတယ်။
စမ်းသပ်ပုံ စမ်းသပ်နည်း
၁ ။ ညာလက်၏ အလယ်လက် သုံးချောင်းကို ပူး၍ ဘယ်ဘက် ရင်သားကို စမ်းသပ် စစ်ဆေးခြင်း ။
၂ ။ လက်သုံးချောင်းကိ ရင်သားပေါ်တွင် ဖိ၍ စက်ဝိုင်းပုံစံ ဝိုင်း၍ အကြိတ်ရှိ မရှိ စမ်းသပ် စစ်ဆေးခြင်း ။
၃ ။ ရင်သားအပြင်မှ အတွင်းသို့ စက်ဝိုင်းပုံစံ ဝိုင်း၍ စမ်းသပ်စစ်ဆေးခြင်း ။
၄ ။ ရင်သားမျက်နှာပြင် အားလုံး ချိုင်းအောက် နှင့် နို့သီးအောက်တွင် စမ်းသပ်စစ်ဆေးခြင်း ။
ရေချိုးနေစဉ် စစ်ဆေးခြင်း
၁ ။ ညာဘက်လက် ဦးခေါ်အပေါ်သို့ မြှောက်တင်ပါ။
၂ ။ ဆပ်ပြာ ပွတ်ထားသော ဘယ်ဘက်လက်ဖဝါးဖြင့် ညာဘက် ရင်သားကို လဲလျောင်းနေစဉ် စစ်ဆေးခြင်းနည်းလမ်းအတိုင်း စမ်းသပ်စစ်ဆေးခြင်း ။
အထက်ပါ နည်းလမ်း အတိုင်း ဘယ်ဘက် ရင်သားကိုလည်း ညာဘက်ဖဝါးဖြင့် စမ်းသပ်စစ်ဆေးပါ။ မိမိကိုယ်တိုင် မိမိစမ်းသပ် စစ်ဆေးသင့်သော အချိန်ကာလကတော့ လစဉ်ဓမ္မတာ စပေါ်ပြီး ၇ ရက် နှ ၁၀ ရက်အတွင်း စစ်ဆေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
(စမ်းသပ်ချိန်တွင် ၁.၁ စင်တီမီတာ အကြိတ် အရွယ်အစား) စမ်းသပ်မိပါက ပုံမှန်ရင်သာ ဓါတ်မှန်ရိုက်ခြင်း (Mamogram) မှ တွေ့နိုင်ပါတယ်။
(စမ်းသပ်ချိန်တွင် ၂ . ၁ စင်တီမီတာ အကြိတ် အရွယ်အစား) မိမိကိုယ်တိင် ပုံမှန်ရင်သား စမ်းသပ် စစ်ဆေးခြင်း နည်းဖြင့် တွေ့နိုင်ပါတယ်။
(စမ်းသပ်ချိန်တွင် ၃.၆ စင်တီမီတာ အကြိတ် အရွယ်အစား) စမ်းသပ်စစ်ဆေးခြင်း မလုပ်ဘဲ နှင့်ပင် မတော်တဆ တွေ့ရှိနိုင်ပါတယ်။
ထူးခြားသော ပြောင်းလဲမှု တစ်စုံတရာ တွေ့ရှိခဲ့လျှင် ကြောက်လန့်ခြင်း စိုးရိမ်ခြင်းများ ဖြစ်ပေါ်ရန် မလိုအပ်ပါ။ ကျွမ်းကျင်သော ဆရာဝန် နှင့် တိုင်ပင် ဆေးနွေးခြင်းကို အမြန်ဆုံး ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ ကုသနိုင်ပါတယ်။ ရင်သာကင်ဆာ နှင့် ပက်သက်၍ အသေးစိတ် အချက်အလက်များကို သိရှိလိုပါလျှင် အောက်ပါ ဖော်ပြပါ ဆေးခန်းရှိ ဆရာဝန်များ နှင့် ဆက်သွယ်မေးမြန် နိုင်ပါတယ်။
RIGHT MEDICAL CENTRE
အခန်းအမှတ် (၂၀၁ - ၂၀၂ - ၂၀၄ ) ၊ တိုက် (A) ၊ ဒိုင်းမွန်ကွန်ဒို ၊ ပြည်လမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။ မေတ္တာဦး မျက်စိ အထူးကုဆေးရုံအနီး ။
ဆက်သွယ်ရန်
09 263 103 04 ၊ 09 263 150 307 ၊ ဖက်(စ်) 01 501381
{Zawgyi}
======
မိမိကိုယ်တိုင် ရင်သား ကင်ဆာ စစ်ဆေးခြင်း
RIGHT MEDICAL CENTRE
ဆက်သွယ်ရန်