What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 October 2019 17:19

ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ဖို့ ဆောင်ရန် ၊ ရှောင်ရန်များ

ရင်သားကင်ဆာက အခုနောက်ပိုင်းအမျိုးသမီးတော်တေ်ာများများမှာ ခံစားလာရတဲ့ ဝေဒနာတစ်ခုပါ။

ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တေ်ာလေးများပါတယ်။ ရောဂါတော်တေ်ာများများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။

 

ရင်သားကင်ဆာဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ။ ရင်သားကင်ဆာကိုဖြစ်စေနိုင်တဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ အသက်အရွယ် ၊ မျိုးရိုရှိတာ ၊ အမျိုးသား၊အမျိုးသမီးဖြစ်တည်မှု ၊ နေထိုင်စားသေက်မှုပုံစံတွေ ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ ၊ ဆေးလိပ်သောက်တာ ၊ အရက်သောက်သုံးတာဆိုပြီး အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒီအျက်တွေထဲမှာမှ နေ့စဉ် စားသေက်နေထိုင်မှုက ရင်သားကင်ဆာ ခံစားရနိုင်ခြေအပေါ် သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိနေတယ်၊လို့ လေ့လာမှုတွေအရသိရှိရပါတယ်။

 

ရင်သားကင်ဆာက မတူညီတဲ့နေရာတွေကနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နေထိုင်စားသောက်မှုကိုဂရုစိုက်တာပါပဲ။ ကျန်းမာတဲ့စားသေက်နေထိုင်မှုက ရင်သားကင်ဆာကို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ ထိရောက်မှုရှိပါတယ်။

 

ရင်သားကင်ဆာကာကွယ်ဖို့ ဘာတွေစားမလဲ

ရင်သားကင်ဆာကာကွယ်ချင်တယ်ဆိုရင်တော့ နေ့စဉ်စားသောက်မှုထဲမှာ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ (ကိုက်လန်၊ ဟင်းနုနွယ်စသဖြင့်) ၊ ငရုတ်ပွ ၊ ခရမ်းချဉ်သီး ၊ ခရမ်းသီး ၊ သံပရာသီး၊ သံပရိုသီး စတဲ့ အချဉ်ဓာတ်ရှိတဲ့ အသီးတွေ ၊ မုန်လာဥနီ ၊ ပန်းဂေါ်ဖီစိမ်း ၊ ကြက်သွန်နီ ၊ ပန်းသီး ၊ သစ်တော်သီး ၊ မက်မွန်သီး ၊ စတော်ဘယ်ရီ ၊ ပဲအမျိုးမျိုးတို့ပါဝင်အောင်စားသုံးပေးဖို့လိုပါမယ်။

 

ရင်သားကင်ဆာကာကွယ်ဖို့ဆိုရင်တော့ နေ့စဉ် ဒီအချက်တွေကို လိုက်နာဖို့လိုပါမယ်။

ပရဆေးဆိုင်ပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ

Image result for indigenous medicine

 

အမျှင်ဓာတ်ပါတာတွေစားပေးပါ

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေက အစာခြေစနစ်ထဲက အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တာကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်ကင်းစင်ပြီး ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပါဝင်အောင်စားသုံးလို့ အမျှင်ဓာတ်ကို ၃၀ ဂရမ်ကနေ ၄၅ ဂရမ်အထိရရှိအောင် စားသုံးပေးပါ။

 

အကျိုးပြုအဆီ

အကျိုးပြုအဆီတွေက ရင်သားကင်ဆာကာကွယ်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ အကျိုးပြုအဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို ပါဝင်အောင်စားသုံးပေးပါ။ ငါးကြီးဆီလိုမျိုး Omega-3 ကြွယ်ဝတဲ့ အဆီတွေကို စားသုံးပေးပါ။

 

ပဲပိစပ်

ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ သဘာဝ စားစရာတစ်မျိုးပါ။ ပရိုတင်းကြွယ်ဝသလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ အကျိုးမပြုကိုလက်စထရောပါဝင်မှုနည်းတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ရင်သားကင်ဆာမဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။
ဒါတွေကိုတော့ တတ်နိုင်သမျှရှောင်ပါ။

 

အယ်လ်ကိုဟော

အယ်လ်ကိုဟော ပုံမှန်လိုလိုသောက်သုံးနေမယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်ခြေတိုးလာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အယ်လ်ကိုဟောသောက်သုံးမှုက အက်စထရိုဂျင်ပမာဏကို တိုးစေနိုင်သလို DNA ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်.။ လေဒီလေးတို့အနေနဲ့ တစ်ပတ်ကို ၃ ခွက်လောက်အထိ အယ်လ်ကိုဟောကိုသောက်သုံးနေမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းလောက် တိုးစေမှာပါ။

 

သကြား

သကြားစားသုံးမှုများတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒါကြောင့် အချိုရည်တွေသောက်သုံးတာ၊ သကြားအများကြီးစားတာမျိုးမလုပ်သင့်ပါဘူး။ နေ့စဉ်သကြားစားသုံးမှုကို လျှော့တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရာရောက်ပါတယ်။

 

အဆီ

ပြုပြင်ထားတဲ့ အစားအသောက်တွေမှာပါတဲ့ အဆီတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအသောက်တေါကို တတ်နိုင်သမျှလျှော့စားပေးပါ။ ဆီကြော်စားတွေကိုလည်း အများကြီးမစားမိဖို့ သတိပြုပါ။

 

အနီရောင်အသားတွေ

အနီရောင်အသးတွေကလည်း ရင်သားကင်ဆာဖြစ်စေဖို့ အများကြီးတွန်းအားပေးနေပါတယ်။ ဒါကြောင့်ရင်သားကင်ဆာကာကွယ်ချင်တယ်ဆိုရင်တော့ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ အနီရောင်အသားကို စားပေးပါ။ အခုကစလို့ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး ရင်သားကင်ဆာအန္တရာယ်ကနေ ကိုယ့်ကိုကိုယ်ကကွယ်လိုက်ပါ။

Hello Health Group

 

(Zawgyi)

----------

ရင္သားကင္ဆာမျဖစ္ေအာင္ကာကြယ္ဖို႔ ေဆာင္ရန္ ၊ ေရွာင္ရန္မ်ား

 

ရင္သားကင္ဆာက အခုေနာက္ပိုင္းအမ်ိဳးသမီးေတာ္ေတ္ာမ်ားမ်ားမွာ ခံစားလာရတဲ့ ေဝဒနာတစ္ခုပါ။ ရင္သားကင္ဆာကို ျဖစ္ေစတဲ့ အခ်က္က တစ္ခုမကရွိေနႏိုင္တာေၾကာင့္ သတိိထားဆင္ျခင္ရမယ့္ အခ်က္ေတြကလည္းေတာ္ေတ္ာေလးမ်ားပါတယ္။ ေရာဂါေတာ္ေတ္ာမ်ားမ်ားက မျဖစ္ခင္မွာ ၾကိဳတင္ကာကြယ္ တာအေကာင္းဆံုးျဖစ္တာေၾကာင့္ ရင္သားကင္ဆာကိုလည္း ကာကြယ္ၾကဖို႔ ေလဒီေလးေတြကို သတိေပးခ်င္ပါတယ္။

 

ရင္သားကင္ဆာျဖစ္ႏို္င္ေျခအေပၚ လႊမ္းမိုးေနတဲ့ အခ်က္ေတြက ဘာေတြျဖစ္မလဲ။ ရင္သားကင္ဆာကိုျဖစ္ေစႏိုင္တဲ့ အခ်က္က တစ္ခ်က္မက ရွိေနႏိုင္ပါတယ္။ အသက္အရြယ္ ၊ မ်ိဳးရိုရွိတာ ၊ အမ်ိဳးသား၊အမ်ိုးသမီးျဖစ္တည္မႈ ၊ ေနထိုင္စားေသက္မႈပံုစံေတြ ၊ ကိုယ္လက္လႈပ္ရွားမႈနည္းတာ ၊ ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္မ်ားေနတာ ၊ ေဆးလိပ္ေသာက္တာ ၊ အရက္ေသာက္သံုးတာဆိုျပီး အမ်ိဳးမ်ိဳးရွိေနႏိုင္ပါတယ္။ ဒီအ်က္ေတြထဲမွာမွ ေန႔စဉ္ စားေသက္ေနထိုင္မႈက ရင္သားကင္ဆာ ခံစားရနိုင္ေျခအေပၚ သက္ေရာက္မႈက ၃၀ ရာခိုင္ႏႈန္းကေန ၄၀ ရာခိုင္ႏႈန္းအထိရွိေနတယ္၊လို႔ ေလ့လာမႈေတြအရသိရွိရပါတယ္။

 

ရင္သားကင္ဆာက မတူညီတဲ့ေနရာေတြကေန ျဖစ္လာႏိုင္ပါတယ္။ ဒီျပႆနာကို အေကာင္းဆံုးေျဖရွင္းဖို႔က ေနထိုင္စားေသာက္မႈကုိဂရုစိုက္တာပါပဲ။ က်န္းမာတဲ့စားေသက္ေနထို္င္မႈက ရင္သားကင္ဆာကို ကာကြယ္ဖို႔ေရာ ကုသဖို႔အတြက္ပါ ထိေရာက္မႈရွိပါတယ္။

 

ရင္သားကင္ဆာကာကြယ္ဖို႔ ဘာေတြစားမလဲ

ရင္သားကင္ဆာကာကြယ္ခ်င္တယ္ဆိုရင္ေတာ့ ေန႔စဉ္စားေသာက္မႈထဲမွာ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္ေတြ (ကိုက္လန္၊ ဟင္းႏုႏြယ္စသျဖင့္) ၊ ငရုတ္ပြ ၊ ခရမ္းခ်ဉ္သီး ၊ ခရမ္းသီး ၊ သံပရာသီး၊ သံပရိုသီး စတဲ့ အခ်ဉ္ဓာတ္ရွိတဲ့ အသီးေတြ ၊ မုန္လာဥနီ ၊ ပန္းေဂၚဖီစိမ္း ၊ ၾကက္သြန္နီ ၊ ပန္းသီး ၊ သစ္ေတာ္သီး ၊ မက္မြန္သီး ၊ စေတာ္ဘယ္ရီ ၊ ပဲအမ်ိဳးမ်ိဳးတို႔ပါဝင္ေအာင္စားသံုးေပးဖို႔လိုပါမယ္။

 

ရင္သားကင္ဆာကာကြယ္ဖို႔ဆိုရင္ေတာ့ ေန႔စဉ္ ဒီအခ်က္ေတြကို လိုက္နာဖို႔လိုပါမယ္။

ပရေဆးဆိုင္ေပါင္း ၁၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ

Image result for indigenous medicine

 

အမွ်င္ဓာတ္ပါတာေတြစားေပးပါ

အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြက အစာေျခစနစ္ထဲက အညစ္အေၾကးေတြနဲ႔ အဆိပ္အေတာက္ေတြကို အထိေရာက္ဆံုးဖယ္ရွားေပးႏိုင္တာေၾကာင့္ ကိုယ္တြင္းမွာ အဆိပ္အေတာက္ကင္းစင္ျပီး ရင္သားကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္မွာပါ။ ဒါေၾကာင့္ေန႔စဉ္စားသံုးတဲ့ အစားအစာေတြထဲမွာ အမွ်င္ဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြကို ပါဝင္ေအာင္စားသံုးလို႔ အမွ်င္ဓာတ္ကို ၃၀ ဂရမ္ကေန ၄၅ ဂရမ္အထိရရွိေအာင္ စားသံုးေပးပါ။

 

အက်ိဳးျပဳအဆီ

အက်ိဳးျပဳအဆီေတြက ရင္သားကင္ဆာကာကြယ္ဖို႔ အေကာင္းဆံုးေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔စဉ္စားသံုးတဲ့ အစားအေသာက္ထဲမွာ အက်ိဳးျပဳအဆီေတြျဖစ္တဲ့ သံလြင္ဆီ၊ ေထာပတ္သီး၊ အေစ့အဆန္ေတြနဲ႔ အခြံမာသီးေတြကို ပါဝင္ေအာင္စားသံုးေပးပါ။ ငါးၾကီးဆီလိုမ်ိဳး Omega-3 ၾကြယ္ဝတဲ့ အဆီေတြကို စားသံုးေပးပါ။

 

ပဲပိစပ္

ရင္သားကင္ဆာျဖစ္ႏို္င္ေျခကို ေလွ်ာ႔ခ်ေပးႏိုင္တဲ့ သဘာဝ စားစရာတစ္မ်ိဳးပါ။ ပရိုတင္းၾကြယ္ဝသလို က်န္းမာေရးနဲ႔ညီညြတ္တဲ့ အဆီ၊ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြလည္း ၾကြယ္ဝစြာပါဝင္ေနပါတယ္။ ကာဗိုဟိုက္ဒရိတ္နဲ႔ အက်ိဳးမျပဳကိုလက္စထေရာပါဝင္မႈနည္းတာေၾကာင့္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခကို နည္းေစႏိုင္သလို ရင္သားကင္ဆာမျဖစ္ေအာင္လည္း အထိေရာက္ဆံုးကာကြယ္ေပးႏိုင္မွာပါ။
ဒါေတြကိုေတာ့ တတ္ႏိုင္သမွ်ေရွာင္ပါ။

 

အယ္လ္ကိုေဟာ

အယ္လ္ကိုေဟာ ပံုမွန္လိုလိုေသာက္သံုးေနမယ္ဆိုရင္ေတာ့ ရင္သားကင္ဆာျဖစ္ႏိုင္ေျခတိုးလာေအာင္ လုပ္ေနတာနဲ႔ အတူတူပါပဲ။ အယ္လ္ကိုေဟာေသာက္သံုးမႈက အက္စထရိုဂ်င္ပမာဏကို တိုးေစႏိုင္သလို DNA ဆဲလ္ေတြကိုလည္း ပ်က္စီးေစႏိုင္ပါတယ္.။ ေလဒီေလးတို႔အေနနဲ႔ တစ္ပတ္ကို ၃ ခြက္ေလာက္အထိ အယ္လ္ကိုေဟာကိုေသာက္သံုးေနမယ္ဆိုရင္ ရင္သားကင္ဆာျဖစ္ႏိုင္ေျခက ပံုမွန္ထက္ ၁၅ ရာခိုင္ႏႈန္းေလာက္ တိုးေစမွာပါ။

 

သၾကား

သၾကားစားသံုးမႈမ်ားတာက ရင္သားကင္ဆာျဖစ္ႏိုင္ေျခကုိတိုးေစတဲ့ အခ်က္တစ္ခုေပါ့။ ဒါေၾကာင့္ အခ်ိဳရည္ေတြေသာက္သံုးတာ၊ သၾကားအမ်ားၾကီးစားတာမ်ိဳးမလုပ္သင့္ပါဘူး။ ေန႔စဉ္သၾကားစားသံုးမႈကို ေလွ်ာ႔တာက ရင္သားကင္ဆာျဖစ္ႏိုင္ေျခကို ေလွ်ာ႔ခ်ရာေရာက္ပါတယ္။

 

အဆီ

ျပဳျပင္ထားတဲ့ အစားအေသာက္ေတြမွာပါတဲ့ အဆီေတြက ရင္သားကင္ဆာျဖစ္ႏိုင္ေျခက္ို ျမင့္တက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔စဉ္စားသံုးမႈမွာ ျပဳျပင္ထားတဲ့ အစားအေသာက္ေတါကို တတ္ႏိုင္သမွ်ေလွ်ာ႔စားေပးပါ။ ဆီေၾကာ္စားေတြကိုလည္း အမ်ားၾကီးမစားမိဖို႔ သတိျပဳပါ။

 

အနီေရာင္အသားေတြ

အနီေရာင္အသးေတြကလည္း ရင္သားကင္ဆာျဖစ္ေစဖို႔ အမ်ားၾကီးတြန္းအားေပးေနပါတယ္။ ဒါေၾကာင့္ရင္သားကင္ဆာကာကြယ္ခ်င္တယ္ဆိုရင္ေတာ့ တစ္ပတ္မွာ ႏွစ္ရက္ေလာက္ပဲ အနီေရာင္အသားကို စားေပးပါ။ အခုကစလို႔ က်န္းမာတဲ့ လူေနမႈပံုစံကို ေမြးျမဴျပီး ရင္သားကင္ဆာအႏၱရာယ္ကေန ကိုယ့္ကိုကိုယ္ကကြယ္လိုက္ပါ။

 

Hello Health Group

Read times Last modified on Friday, 07 February 2020 15:46
Rate this item
(0 votes)