What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 October 2019 13:08

ဖော်မလင်ကြောင့် ဘာတွေဖြစ်လာနိုင်သလဲ???

ဖော်မလင်ဟာ ရေထဲတွင် ဖော်မယ်ဒီဟိုက် ၁၀% ပျော်နေသောအရည်ဖြစ်ပါတယ်။

ဈေးကွက်ထဲတွင် တွေ့ရသောအရည်မှာ ရေထဲတွင် ဖော်မယ်ဒီဟိုက် ၃၇% ပျော်နေတာတွေ ဖြစ်ပါတယ်။ ဖော်မလင်ထည့်ထားသည့် ဆေးပုံးပေါ်တွင် အန္တရာယ်အမှတ်အသား ၄ မျိုးကို ပုံ ၄ ပုံ နဲ့ ဖော်ပြထားပါတယ်။

၁။ Corrosive

၂။ acute poisoning

၃။ Irritant

၄။ Health hazard, mutagenicity, carcinogen, reproductive toxicity, target organ toxicity, aspiration hazard.

 

ဖော်မလင်အငွေ့ကို ရှူမိတာများရင် ဖော်မယ်ဒီဟိုက်ဒဏ်ကြောင့် လည်ပင်းနာမယ်၊ ချောင်းဆိုးမယ်၊ မျက်လုံးတွေ ယားမယ်၊ မျက်ရည်ပူကျမယ်၊ နှာခေါင်းသွေးယိုတာ ဖြစ်နိုင်ပါတယ်။

 

ဒီလို ဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ပေါင် ၁၅၀ လေးတဲ့ လူတစ်ယောက်အတွက် ဖော်မလင် တစ်အောင်စ သို့မဟုတ် တစ်ပိုင့်လောက်သောက်မိရင် ချက်ချင်းသေစေနိုင်ပါတယ်။ ဖော်မလင် ပါဝင်မှုက 1 ppm ဆိုရင် လူတစ်ချို့က အနံ့ကို စပြီး သတိပြုမိတတ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟော့ပေါ့ ဖတ်ရှုရန် နှိပ်ပါ

က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ေဟာ့ေပါ့

၂-၃ ppm ဆိုရင် အငွေ့က မျက်လုံးမှာ ခိုးလိုးခုလုဖြစ်စေပါပြီ။ ၄-၅ ppm ဆိုရင် မျက်လုံး ကသိကအောက် ဖြစ်လာပါပြီး မျက်ရည် စလည်စ ပြုလာပါပြီ။ ၁၀ ppm ဆိုရင် မျက်ရည်ပူတွေ ကျလာပါပြီ။ အငွေ့ဒဏ်ကို ခဏလောက်ပဲ ခံနိုင်ပါတော့တယ်။ ၁၀-၂၀ ppm ဆိုရင် အသက်ရှူရတာတောင် ခက်လာပါပြီ။ နှာခေါင်းနဲ့ လည်ချောင်းမှာ ပူစပ်ပူလောင် ဖြစ်လာပါတယ်။ ၅၀-၁၀၀ ppm ဆိုရင်တော့ တော်တော် ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ပါတယ်။

 

အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေဟာ ဖော်မလင်ရဲ့ဒဏ်ကို ခံနိုင်ရည်နည်းပါတယ်။ သူတို့ မှာ ဖြစ်ရင် ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။ ဖော်မလင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းများ ပါဝင်ပါတယ်။ မျိုးပွားအင်္ဂါကို ထိခိုက်စေတဲ့အတွက် မြုံခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်းများ ဖြစ်စေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားကို ထိခိုက်စေတတ်တဲ့အတွက် သားပျက်၊ သားလျှောခြင်း ကိုယ်အင်္ဂါမစုံသော သန္ဓေသား မွေးဖွားခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

 

နိုင်ငံအများစုမှာ ဖော်မလင်ကို ကြမ်းခင်းဆေး၊ သုတ်ဆေး၊ သစ်သား၊ ဘုတ်ပြား၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။

 

(Zawgyi)

----------

ေဖာ္မလင္သံုးစြဲမိရင္ ဘာေတြျဖစ္လာနိုင္သလဲ

 

ေဖာ္မလင္ဟာ ေရထဲတြင္ ေဖာ္မယ္ဒီဟိုက္ ၁၀% ေပ်ာ္ေနေသာအရည္ျဖစ္ပါတယ္။ ေဈးကြက္ထဲတြင္ ေတြ႔ရေသာအရည္မွာ ေရထဲတြင္ ေဖာ္မယ္ဒီဟိုက္ ၃၇% ေပ်ာ္ေနတာေတြ ျဖစ္ပါတယ္။ ေဖာ္မလင္ထည့္ထားသည့္ ေဆးပံုးေပၚတြင္ အႏၱရာယ္အမွတ္အသား ၄ မ်ိဳးကို ပံု ၄ ပံု နဲ႔ ေဖာ္ျပထားပါတယ္။

၁။ Corrosive

၂။ acute poisoning

၃။ Irritant

၄။ Health hazard, mutagenicity, carcinogen, reproductive toxicity, target organ toxicity, aspiration hazard.

 

ေဖာ္မလင္အေငြ႔ကို ရွဴမိတာမ်ားရင္ ေဖာ္မယ္ဒီဟိုက္ဒဏ္ေၾကာင့္ လည္ပင္းနာမယ္၊ ေခ်ာင္းဆိုးမယ္၊ မ်က္လံုးေတြ ယားမယ္၊ မ်က္ရည္ပူက်မယ္၊ ႏွာေခါင္းေသြးယိုတာ ျဖစ္ႏိုင္ပါတယ္။ ဒီလို ျဖစ္လာမယ္ဆိုရင္ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။ ေပါင္ ၁၅၀ ေလးတဲ့ လူတစ္ေယာက္အတြက္ ေဖာ္မလင္ တစ္ေအာင္စ သို႔မဟုတ္ တစ္ပိုင့္ေလာက္ေသာက္မိရင္ ခ်က္ခ်င္းေသေစနိုင္ပါတယ္။

ေဖာ္မလင္ ပါဝင္မႈက 1 ppm ဆိုရင္ လူတစ္ခ်ိဳ႔က အနံ႔ကို စၿပီး သတိျပဳမိတတ္ပါတယ္။ ၂-၃ ppm ဆိုရင္ အေငြ႔က မ်က္လံုးမွာ ခိုးလိုးခုလုျဖစ္ေစပါၿပီ။ ၄-၅ ppm ဆိုရင္ မ်က္လံုး ကသိကေအာက္ ျဖစ္လာပါၿပီး မ်က္ရည္ စလည္စ ျပဳလာပါၿပီ။ ၁၀ ppm ဆိုရင္ မ်က္ရည္ပူေတြ က်လာပါၿပီ။ အေငြ႔ဒဏ္ကို ခဏေလာက္ပဲ ခံႏိုင္ပါေတာ့တယ္။ ၁၀-၂၀ ppm ဆိုရင္ အသက္ရွဴရတာေတာင္ ခက္လာပါၿပီ။ ႏွာေခါင္းနဲ႔ လည္ေခ်ာင္းမွာ ပူစပ္ပူေလာင္ ျဖစ္လာပါတယ္။

 

၅၀-၁၀၀ ppm ဆိုရင္ေတာ့ ေတာ္ေတာ္ ဆိုးဆိုးရြားရြား ျဖစ္လာနိုင္ပါတယ္။ အသက္ႀကီးသူေတြနဲ႔ ကေလးငယ္ေတြဟာ ေဖာ္မလင္ရဲ႕ဒဏ္ကို ခံႏိုင္ရည္နည္းပါတယ္။ သူတို႔ မွာ ျဖစ္ရင္ ပိုၿပီး ဆိုးဆိုးရြားရြား ျဖစ္တတ္ပါတယ္။ ေဖာ္မလင္မွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ ဓါတုပစၥည္းမ်ား ပါဝင္ပါတယ္။ မ်ိဳးပြားအဂၤါကို ထိခိုက္ေစတဲ့အတြက္ ၿမံဳျခင္း၊ ပန္းေသပန္းညိႈးျဖစ္ျခင္းမ်ား ျဖစ္ေစတတ္ပါတယ္။

 

ကိုယ္ဝန္ေဆာင္ေတြမွာ သေႏၶသားကို ထိခိုက္ေစတတ္တဲ့အတြက္ သားပ်က္၊ သားေလွ်ာျခင္း ကိုယ္အဂၤါမစံုေသာ သေႏၶသား ေမြးဖြားျခင္း စသည္တို႔ျဖစ္နိုင္ပါတယ္။ နိုင္ငံအမ်ားစုမွာ ေဖာ္မလင္ကို ၾကမ္းခင္းေဆး၊ သုတ္ေဆး၊ သစ္သား၊ ဘုတ္ျပား၊ ဓါတ္ခြဲခန္းသံုးပစၥညး္မ်ား ထုတ္လုပ္ရာမွာ အသံုးျပဳၾကပါတယ္။

Nilar Myot Win

Read times Last modified on Friday, 07 February 2020 15:26
Rate this item
(1 Vote)