What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 October 2019 12:35

ရင္သားကင္ဆာဟာ မ်ိဳးရိုးလိုက္တယ္ဆိုတာ မွန္သလား..?

ရင္သားကင္ဆာဟာ မ်ိဳး႐ိုးလိုက္တတ္တယ္ဆိုတာမွန္ပါတယ္။

ဒါေပမယ့္ ခုေတာ့ မိဘရဲ႕ မ်ိဳးဗီဇကို ခန႔္မွန္းၿပီး ကင္ဆာဗီဇပါေနတဲ့ဆဲလ္ရဲ႕ အႏၲရာယ္ျဖစ္ႏိုင္ေခ်ကို ေဖာ္ထုတ္ဖို႔ နည္းလမ္းေတြ ရွိေနပါၿပီ။ ဒါ့အျပင္ လူနာမွာ ကင္ဆာကို တားဆီးႏိုင္တဲ့ ဆဲလ္ေတြ ရွိ မရွိ ဆိုတာကိုလည္း ရွာေဖြ ေဖာ္ထုတ္ႏိုင္ပါၿပီ။ ဒီလို ခန႔္မွန္းႏိုင္မႈေတြေၾကာင့္ ေနာင္အနာဂတ္မွာ ရင္သာကင္ဆာ ျဖစ္လာ မလား ျဖစ္မလာဘူးလားဆိုတာကို ပိုၿပီး ရွင္းရွင္းလင္းလင္းသိႏိုင္ေနၿပီ ျဖစ္ပါတယ္။

 

BRCA 1 နဲ႔ BRCA 2 မ်ိဳးဗီဇေတြဟာ ပ်က္စီးေနတဲ့ DNA ေတြကို ျပဳျပင္ေပးႏိုင္စြမ္း ရွိၾကပါတယ္။ ဒါေပမယ့္ ဒီဆဲလ္ေတြမွာ ျပဳျပင္ေျပာင္းလဲမႈေတြ ျဖစ္သြားတယ္ ဆိုရင္ေတာ့ ရင္သားကင္ဆာ ျဖစ္လာႏိုင္ေခ် ဟာ ၉၀% ရွိၿပီးေတာ့ သားဥအိမ္ကင္ဆာ ျဖစ္လာႏိုင္ေခ်ဟာ ၅၀% ရွိလာတယ္ လို႔ ဆိုပါတယ္။

 

ေနာက္ၿပီးေတာ့ ကိုယ့္မိသားစုထဲမွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကင္ဆာျဖစ္ၿပီးဆုံးခဲ့ဖူးရင္၊ ဒါမွမဟုတ္ လက္ရွိ ေရာဂါေဝဒနာတစ္ခုခု ခံစားေနရရင္ ဒါဟာ တျခားလူေတြနဲ႔ယွဥ္လိုက္ရင္ ကင္ဆာ ျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။

 

ရင္သားကင္ဆာဟာ အမ်ိဳးသမီးေတြအျဖစ္အမ်ားဆုံးကင္ဆာ ၃ မ်ိဳးထဲက တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒါ့အျပင္ ကမာၻတစ္ဝန္း အမ်ိဳးသမီးေတြ အမ်ားဆုံး ေသဆုံးေနၾကရတဲ့ အေၾကာင္းရင္းတစ္ခုလဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္မင္းသမီ အင္ဂ်လီနာဂ်ိဳလီဟာ မ်ိဳးဗီဇကို စစ္ေဆးရင္းနဲ႔ သူ႔မွာ မ်ိဳး႐ိုးဗီဇဆိုင္ရာ ပုံမမွန္မႈေတြကို ေတြ႕ရွိခဲ့တယ္ဆိုတဲ့သတင္း အင္တာနက္ေတြေပၚကေန ေတာမီးပမာ ပ်ံ႕ႏွံ႔သြားခဲ့တာ မွတ္မိအုန္းမွာေပါ့။ အဲဒီတုန္းက သူဟာ ရင္သားကင္ဆာနဲ႔ သားဥအိမ္ကင္ဆာအဆင့္အထိ ေရာက္သြားႏိုင္ေခ်ကို ေလွ်ာ့ခ်ႏိုင္ဖို႔ ျဖတ္ထုတ္ပစ္လိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီသတင္းဟာ အမ်ိဳးသမီးထုႀကီး တစ္ခုလုံးကို ကိုယ့္မွာေရာ ရင္သားကင္ဆာျဖစ္ႏိုင္ေခ် ရွိမရွိဆိုတာ သိရဖို႔ မ်ိဳးဗီဇ နဲ႔ DNA စစ္ၾကည့္ၾကဖို႔ တပ္လွန႔္လိုက္သလို ျဖစ္ခဲ့ပါတယ္။

 

BRCA မ်ိဳးဗီဇ

ရင္သားကင္ဆာျဖစ္ရျခင္းရဲ႕ အေၾကာင္းရင္းခံတစ္ခုက အဲဒီ BRCA မ်ိဳးဗီဇေတြ ေျပာင္းလဲလာမႈ ဒါမွမဟုတ္ ပုံမမွန္မႈေၾကာင့္ပဲ ျဖစ္ပါတယ္။ BRCA မွာ BRCA 1 နဲ႔ BRCA 2 ဆိုၿပီး ၂မ်ိဳး ရွိပါတယ္။ BRCA ရဲ႕ အဓိက လုပ္ငန္းေဆာင္တာက ပ်က္စီးသြားတဲ့ DNA ေတြကို နဂိုမူလပုံစံအတိုင္း ျပန္ျဖစ္ေအာင္ ျပဳျပင္ေပးရတာ ျဖစ္ပါတယ္။ အဲဒီေတာ့ သူ႔ရဲ႕ မ်ိဳးဗီဇရဲ႕ သေကၤတ (genetic code) က ေျပာင္းလဲသြားၿပီဆိုရင္ သူက ဆဲလ္ကို မျပင္ေတာ့ဘဲ ဒီအတိုင္း ထားလိုက္တယ္။ အဲဒီကေနစၿပီး ရင္သားကင္ဆာတို႔ သားဥအိမ္ကင္ဆာတို႔ စတာေတြ ျဖစ္လာဖို႔ အေျခအေနေတြ ေပးလာခဲ့ပါတယ္။

 

>>>သြားနဲ႔ခံတြင္းဂရုျပဳတာက အသည္းကင္ဆာ ကာကြယ္ရာေရာက္တယ္<<<

သြားနဲ႔ခံတြင္းဂရုျပဳတာက အသည္းကင္ဆာ ကာကြယ္ရာေရာက္တယ္

ေယဘုယ်အားျဖင့္ေျပာရရင္ ကြၽန္ေတာ္တို႔ရဲ႕ မ်ိဳးဗီဇမွာ ၂ ခု ပါတယ္။ တစ္ခုက အေမဆီက ရတာ၊ တစ္ခုက အေဖဆီက ရတာ ျဖစ္ပါတယ္။ အဲဒီေတာ့ ပုံမမွန္တဲ့ BRCA မ်ိဳးဗီဇဟာ အေမဆီက ပါလာႏိုင္သလို အေဖဆီကလည္း ပါလာႏိုင္ပါတယ္။ အေဖ့ဆီမွာျဖစ္ျဖစ္ အေမ့ဆီမွာျဖစ္ျဖစ္ ကင္ဆာ မ်ိဳး႐ိုးပါလာတယ္ ဆိုရင္ ဒီ မွားေနတဲ့ BRCA မ်ိဳးဗီဇဟာလည္း ကိုယ့္ဆီမွာ ပါလာမွာပဲ။ ဒါေၾကာင့္လဲ အင္ဂ်လီနာဂ်ိဳလီဟာ သူ စစ္ေဆးရင္းေတြ႕ရွိတဲ့ မွားေနတဲ့ BRCA မ်ိဳးဗီဇကို ျဖတ္ထုတ္ပစ္လိုက္ဖို႔ ဆုံးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။ သူ႔ အဖြားက သားဥအိမ္ကင္ဆာ၊ သူ႔အေမက ရင္သားကင္ဆာေရာ သားဥအိမ္ကင္ဆာပါ ျဖစ္ၾကၿပီးေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကြယ္လြန္ခဲ့ၾကတာ ျဖစ္ပါတယ္။

 

BRCA မ်ိဳးဗီဇ စစ္ေဆးဖို႔ အေရးႀကီးပါသလား။

 

အေဖ့ဘက္၊ အေမ့ဘက္မွာ ရင္သားကင္ဆာ သားဥအိမ္ကင္ဆာမ်ိဳး႐ိုးေတြရွိခဲ့ရင္၊ ရင္သားကင္ဆာ ျဖစ္ေနတဲ့ အမ်ိဳးသား (ေယာက္်ားရင္သားကင္ဆာ) ေတြ ရွိခဲ့ရင္ ကိုယ့္ BRCA မ်ိဳးဗီဇကို စစ္ေဆးထားဖို႔ တိုက္တြန္းပါတယ္။ ဘာေၾကာင့္လည္းဆို အရင္အခ်ာေတြ (အေဖ၊အေမ၊ ညီအစ္ကိုေမာင္ႏွမအရင္း)ေတြထဲမွာ အထက္ပါကင္ဆာ ေတြ အျဖစ္မ်ားေနတယ္ဆိုတာ ဒီ မ်ိဳးဗီဇေၾကာင့္ပါပဲ။မ်ိဳး႐ိုးထဲမွာ ကင္ဆာမရွိတဲ့သူေတြအေနနဲ႔လည္း ကိုယ့္ရင္သားကို မွန္မွန္စစ္ေဆးဖို႔နဲ႔ တစ္ႏွစ္တစ္ခါေလာက္ ဆရာဝန္နဲ႔ ေဆးစစ္ဖို႔၊ ဒစ္ဂ်စ္တယ္ မမ္မိုဂရမ္ ႐ိုက္ဖို႔ လုပ္ျခင္းအားျဖင့္ ရင္သားကင္ဆာ ျဖစ္လာမယ့္ ေဘးအႏၲရာယ္ကေန ကာကြယ္ထားႏိုင္ပါတယ္။ BRCA မ်ိဳးဗီဇစစ္တာဟာ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္သူေတြသာ လုပ္ေပးႏိုင္တာျဖစ္လို႔ ေနာက္ဆက္တြဲ ကုသမႈေတြ ေဆြးေႏြးတိုင္ပင္မႈေတြပါ ေပါင္းလိုက္မယ္ဆိုရင္ အၿပီအစီး ရက္ေပါင္း ၁၂၀ေလာက္ေတာ့ ၾကာႏိုင္ပါတယ္။

 

အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ သူ႔ရင္သားေတြကို ျဖတ္ေတာက္ပစ္လိုက္ရတာဟာ အလွပ်က္သြားတာ မွန္ေပမယ့္ ခုေတာ့ အထဲက ကင္ဆာျဖစ္ေနတဲ့ ႂကြက္သားတစ္သွ်ဴးေတြကိုပဲ ဖယ္ထုတ္ၿပီး အေပၚအေရျပားကို ခ်န္ထားခဲ့ကာ ဖယ္ထုတ္လိုက္တဲ့ တစ္သွ်ဴးေတြကို စစ္ေဆးၿပီးတဲ့ေနာက္ ကင္ဆာဆဲလ္ အားလုံးကို ရွင္းလင္းၿပီးတဲ့အခါမွာ ရင္သားျပဳျပင္တဲ့ ခြဲစိတ္မႈေတြ၊ ဆီလီကြန္ထည့္တာေတြ အျခားနည္းလမ္း ေတြနဲ႔ နဂိုမူလရင္သားပုံစံအတိုင္း ျပန္ရေအာင္ လုပ္ေပးႏိုင္ေနၿပီမို႔လို႔ ဒီကိစၥအတြက္လည္း စိတ္မပူၾကပါနဲ႔ လို႔ သတင္းေကာင္းေလး ေပးလိုက္ရပါတယ္။

 

samitivej hospitals

 

Unicode
=====


ရင်သားကင်ဆာဟာ မျိုးရိုးလိုက်တယ်ဆိုတာ မှန်သလား..?

ရင်သားကင်ဆာဟာ မျိုးရိုးလိုက်တတ်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ခုတော့ မိဘရဲ့ မျိုးဗီဇကို ခန့်မှန်းပြီး ကင်ဆာဗီဇပါနေတဲ့ဆဲလ်ရဲ့ အန္တရာယ်ဖြစ်နိုင်ချေကို ဖော်ထုတ်ဖို့ နည်းလမ်းတွေ ရှိနေပါပြီ။ ဒါ့အပြင် လူနာမှာ ကင်ဆာကို တားဆီးနိုင်တဲ့ ဆဲလ်တွေ ရှိ မရှိ ဆိုတာကိုလည်း ရှာဖွေ ဖော်ထုတ်နိုင်ပါပြီ။ ဒီလို ခန့်မှန်းနိုင်မှုတွေကြောင့် နောင်အနာဂတ်မှာ ရင်သာကင်ဆာ ဖြစ်လာ မလား ဖြစ်မလာဘူးလားဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်းသိနိုင်နေပြီ ဖြစ်ပါတယ်။

 

BRCA 1 နဲ့ BRCA 2 မျိုးဗီဇတွေဟာ ပျက်စီးနေတဲ့ DNA တွေကို ပြုပြင်ပေးနိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်သွားတယ် ဆိုရင်တော့ ရင်သားကင်ဆာ ဖြစ်လာနိုင်ချေ ဟာ ၉၀% ရှိပြီးတော့ သားဥအိမ်ကင်ဆာ ဖြစ်လာနိုင်ချေဟာ ၅၀% ရှိလာတယ် လို့ ဆိုပါတယ်။

 

နောက်ပြီးတော့ ကိုယ့်မိသားစုထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်ပြီးဆုံးခဲ့ဖူးရင်၊ ဒါမှမဟုတ် လက်ရှိ ရောဂါဝေဒနာတစ်ခုခု ခံစားနေရရင် ဒါဟာ တခြားလူတွေနဲ့ယှဉ်လိုက်ရင် ကင်ဆာ ဖြစ်နိုင်ချေ ပိုများပါတယ်။

 

ရင်သားကင်ဆာဟာ အမျိုးသမီးတွေအဖြစ်အများဆုံးကင်ဆာ ၃ မျိုးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်း အမျိုးသမီးတွေ အများဆုံး သေဆုံးနေကြရတဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီ အင်ဂျလီနာဂျိုလီဟာ မျိုးဗီဇကို စစ်ဆေးရင်းနဲ့ သူ့မှာ မျိုးရိုးဗီဇဆိုင်ရာ ပုံမမှန်မှုတွေကို တွေ့ရှိခဲ့တယ်ဆိုတဲ့သတင်း အင်တာနက်တွေပေါ်ကနေ တောမီးပမာ ပျံ့နှံ့သွားခဲ့တာ မှတ်မိအုန်းမှာပေါ့။ အဲဒီတုန်းက သူဟာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာအဆင့်အထိ ရောက်သွားနိုင်ချေကို လျှော့ချနိုင်ဖို့ ဖြတ်ထုတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းဟာ အမျိုးသမီးထုကြီး တစ်ခုလုံးကို ကိုယ့်မှာရော ရင်သားကင်ဆာဖြစ်နိုင်ချေ ရှိမရှိဆိုတာ သိရဖို့ မျိုးဗီဇ နဲ့ DNA စစ်ကြည့်ကြဖို့ တပ်လှန့်လိုက်သလို ဖြစ်ခဲ့ပါတယ်။

 

BRCA မျိုးဗီဇ

ရင်သားကင်ဆာဖြစ်ရခြင်းရဲ့ အကြောင်းရင်းခံတစ်ခုက အဲဒီ BRCA မျိုးဗီဇတွေ ပြောင်းလဲလာမှု ဒါမှမဟုတ် ပုံမမှန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ BRCA မှာ BRCA 1 နဲ့ BRCA 2 ဆိုပြီး ၂မျိုး ရှိပါတယ်။ BRCA ရဲ့ အဓိက လုပ်ငန်းဆောင်တာက ပျက်စီးသွားတဲ့ DNA တွေကို နဂိုမူလပုံစံအတိုင်း ပြန်ဖြစ်အောင် ပြုပြင်ပေးရတာ ဖြစ်ပါတယ်။ အဲဒီတော့ သူ့ရဲ့ မျိုးဗီဇရဲ့ သင်္ကေတ (genetic code) က ပြောင်းလဲသွားပြီဆိုရင် သူက ဆဲလ်ကို မပြင်တော့ဘဲ ဒီအတိုင်း ထားလိုက်တယ်။ အဲဒီကနေစပြီး ရင်သားကင်ဆာတို့ သားဥအိမ်ကင်ဆာတို့ စတာတွေ ဖြစ်လာဖို့ အခြေအနေတွေ ပေးလာခဲ့ပါတယ်။

 

>>>သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ်<<<

သြားနဲ႔ခံတြင္းဂရုျပဳတာက အသည္းကင္ဆာ ကာကြယ္ရာေရာက္တယ္

ယေဘုယျအားဖြင့်ပြောရရင် ကျွန်တော်တို့ရဲ့ မျိုးဗီဇမှာ ၂ ခု ပါတယ်။ တစ်ခုက အမေဆီက ရတာ၊ တစ်ခုက အဖေဆီက ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ပုံမမှန်တဲ့ BRCA မျိုးဗီဇဟာ အမေဆီက ပါလာနိုင်သလို အဖေဆီကလည်း ပါလာနိုင်ပါတယ်။ အဖေ့ဆီမှာဖြစ်ဖြစ် အမေ့ဆီမှာဖြစ်ဖြစ် ကင်ဆာ မျိုးရိုးပါလာတယ် ဆိုရင် ဒီ မှားနေတဲ့ BRCA မျိုးဗီဇဟာလည်း ကိုယ့်ဆီမှာ ပါလာမှာပဲ။ ဒါကြောင့်လဲ အင်ဂျလီနာဂျိုလီဟာ သူ စစ်ဆေးရင်းတွေ့ရှိတဲ့ မှားနေတဲ့ BRCA မျိုးဗီဇကို ဖြတ်ထုတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ အဖွားက သားဥအိမ်ကင်ဆာ၊ သူ့အမေက ရင်သားကင်ဆာရော သားဥအိမ်ကင်ဆာပါ ဖြစ်ကြပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ခဲ့ကြတာ ဖြစ်ပါတယ်။


BRCA မျိုးဗီဇ စစ်ဆေးဖို့ အရေးကြီးပါသလား။

အဖေ့ဘက်၊ အမေ့ဘက်မှာ ရင်သားကင်ဆာ သားဥအိမ်ကင်ဆာမျိုးရိုးတွေရှိခဲ့ရင်၊ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသား (ယောက်ျားရင်သားကင်ဆာ) တွေ ရှိခဲ့ရင် ကိုယ့် BRCA မျိုးဗီဇကို စစ်ဆေးထားဖို့ တိုက်တွန်းပါတယ်။ ဘာကြောင့်လည်းဆို အရင်အချာတွေ (အဖေ၊အမေ၊ ညီအစ်ကိုမောင်နှမအရင်း)တွေထဲမှာ အထက်ပါကင်ဆာ တွေ အဖြစ်များနေတယ်ဆိုတာ ဒီ မျိုးဗီဇကြောင့်ပါပဲ။မျိုးရိုးထဲမှာ ကင်ဆာမရှိတဲ့သူတွေအနေနဲ့လည်း ကိုယ့်ရင်သားကို မှန်မှန်စစ်ဆေးဖို့နဲ့ တစ်နှစ်တစ်ခါလောက် ဆရာဝန်နဲ့ ဆေးစစ်ဖို့၊ ဒစ်ဂျစ်တယ် မမ်မိုဂရမ် ရိုက်ဖို့ လုပ်ခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်လာမယ့် ဘေးအန္တရာယ်ကနေ ကာကွယ်ထားနိုင်ပါတယ်။ BRCA မျိုးဗီဇစစ်တာဟာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေသာ လုပ်ပေးနိုင်တာဖြစ်လို့ နောက်ဆက်တွဲ ကုသမှုတွေ ဆွေးနွေးတိုင်ပင်မှုတွေပါ ပေါင်းလိုက်မယ်ဆိုရင် အပြီအစီး ရက်ပေါင်း ၁၂၀လောက်တော့ ကြာနိုင်ပါတယ်။

 

အမျိုးသမီးတစ်ယောက်အနေနဲ့ သူ့ရင်သားတွေကို ဖြတ်တောက်ပစ်လိုက်ရတာဟာ အလှပျက်သွားတာ မှန်ပေမယ့် ခုတော့ အထဲက ကင်ဆာဖြစ်နေတဲ့ ကြွက်သားတစ်သျှူးတွေကိုပဲ ဖယ်ထုတ်ပြီး အပေါ်အရေပြားကို ချန်ထားခဲ့ကာ ဖယ်ထုတ်လိုက်တဲ့ တစ်သျှူးတွေကို စစ်ဆေးပြီးတဲ့နောက် ကင်ဆာဆဲလ် အားလုံးကို ရှင်းလင်းပြီးတဲ့အခါမှာ ရင်သားပြုပြင်တဲ့ ခွဲစိတ်မှုတွေ၊ ဆီလီကွန်ထည့်တာတွေ အခြားနည်းလမ်း တွေနဲ့ နဂိုမူလရင်သားပုံစံအတိုင်း ပြန်ရအောင် လုပ်ပေးနိုင်နေပြီမို့လို့ ဒီကိစ္စအတွက်လည်း စိတ်မပူကြပါနဲ့ လို့ သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

Read times Last modified on Wednesday, 16 October 2019 12:44
Rate this item
(0 votes)