What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 March 2020 10:33

ရင်သားကင်ဆာရောဂါကို ကိုယ်တိုင်စစ်ဆေးပါ

ကင်ဆာရောဂါထဲတွင် ရင်သားကင်ဆာရောဂါကလည်း များဆုံးဖြစ်ပွားသော ကင်ဆာရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။

ရင်သားကင်ဆာရောဂါက အမျိုးသမီးများ အများဆုံးဖြစ်ပွားသော ကင်ဆာရောဂါလည်းဖြစ်ပြီး အမျိုးသားများလည်း ဖြစ်ပွားတတ်ပါတယ်။ ရင်သားကင်ဆာရောဂါက ရောဂါပြန့်ပွားချိန်မှသာ လက္ခဏာများဖော်ပြလေ့ရှိသော ရောဂါတစ်ခုဖြစ်တဲ့အတွက် ရင်သားကင်ဆာရောဂါ ရှိမရှိဆိုတာကို စစ်ဆေးရှာဖွေတာ နဲ့ ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်သင့်ပါတယ်။

 

ရင်သားကင်ဆာရောဂါဆိုတာ ရင်သားထဲရှိ ပြွန်ငယ်များ (သို့) နို့ရည်ထုတ်ပေးတဲ့ ဂလင်းကနေ ဖြစ်ပေါ်လာပြီး ရင်သားထဲရှိ တစ်သျှူးများ အလွန်အကျွံံ့ ပွားများလာပြီး ရင်သားပတ်လည်ရှိ တစ်သျှူးကောင်းများကို ပျက်စီးစေသောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါအပြင် ရင်သားကင်ဆာရောဂါကို ပေါ့ဆစွာနေထိုင်ခြင်းက အသက်န္တာရာယ်ကို ထိခိုက်ယုံသာမက အဆုတ်၊ အသည်း ၊ဦးနှောက် စီသို့ ရောဂါပြန့်ပွားနိုင်ပါတယ်။

 

Hospitals (Private) (ပုဂ္ဂလိက ဆေးရုံပေါင်း ၁၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Hospitals (Private)

 

ရင်သားကင်ဆာရောဂါ အများဆုံးစတင်ဖြစ်ပွားတဲ့နေရာ

ရင်သားကင်ဆာရောဂါက နို့ရည်သယ်ဆောင်ပေးသော နို့ပြွန်များ နဲ့ နို့သီးခေါင်းတွင် စတင်ဖြစ်ပွား လေ့ရှိပါတယ်။ နို့သီးခေါင်းကို အမြှေးပါး နဲ့ ပြွန်များက ဝိုင်းရံထားသောကြောင့် နို့သီးပတ်ပတ်လည်တွင် အကြိတ်၊ အစိုင်အခဲပုံစံ ကြီးကြီးဖြစ်ပေါ်တတ်ပါတယ်။

 

ရင်သားကင်ဆာရောဂါကို ကိုယ်တိုင်စစ်ဆေးနည်း

ရင်သားကင်ဆာရောဂါကို ကိုယ်တိုင် စစ်ဆေးတိုင်းတာနိုင်ပါတယ်။ လက်နှစ်ဘက်ကို တင်ပဆုံရိုးတွင် တင်၍ ရင်သားကြွက်သားကို တင်းထားပြီး စစ်ဆေးတာ၊ အာမြင်အာရုံစစ်ဆေးတာ၊ ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍန်ပြောင်းလဲမှု စစ်ဆေးတာ ၊ ရင်သားနာတာ၊ ရင်သား အနီရောင်ပြောင်းလဲတာ၊ အရေပြားများ ချိုင့်ဝင်နေတာ၊ နို့သီးခေါင်း ချိုင့်ဝင်တာ ၊ နို့သီးခေါင်း ညင်သာစွာ ညှစ်လျှင် အရည်များ ထွက်တာ၊ လဲလျောင်းချိန်နဲ့ အခြားအချိန်များတွင် ရုပ်ပိုင်းဆိုင် သာမာထက်ထူးရှားပြောင်းလဲမှု ခြင်းရှိမရှိစစ်ဆေးတာ စတဲ့ နည်းလမ်းများဖြင့် ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။ ဒါအပြင် ဆရာဝန်နဲ့ ထပ်မံပြသ စစ်ဆေးပြီး ကုသမှုခံယူပါ။

Written By Health Products Directory


(Zawgyi)

=====

ရင္သားကင္ဆာေရာဂါကို ကိုယ္တိုင္စစ္ေဆးပါ

 

ကင္ဆာေရာဂါထဲတြင္ ရင္သားကင္ဆာေရာဂါကလည္း မ်ားဆံုးျဖစ္ပြားေသာ ကင္ဆာေရာဂါတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ရင္သားကင္ဆာေရာဂါက အမ်ိဳးသမီးမ်ား အမ်ားဆံုးျဖစ္ပြားေသာ ကင္ဆာေရာဂါလည္းျဖစ္ၿပီး အမ်ိဳးသားမ်ားလည္း ျဖစ္ပြားတတ္ပါတယ္။ ရင္သားကင္ဆာေရာဂါက ေရာဂါျပန္႔ပြားခ်ိန္မွသာ လကၡဏာမ်ားေဖာ္ျပေလ့ရွိေသာ ေရာဂါတစ္ခုျဖစ္တဲ့အတြက္ ရင္သားကင္ဆာေရာဂါ ရွိမရွိဆိုတာကို စစ္ေဆးရွာေဖြတာ နဲ႔ ႀကိဳတင္ကာကြယ္ျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။

 

ရင္သားကင္ဆာေရာဂါဆိုတာ ရင္သားထဲရွိ ျပြန္ငယ္မ်ား (သို႕) ႏို႔ရည္ထုတ္ေပးတဲ့ ဂလင္းကေန ျဖစ္ေပၚလာၿပီး ရင္သားထဲရွိ တစ္သွ်ဴးမ်ား အလြန္အကၽြံံ႔ ပြားမ်ားလာၿပီး ရင္သားပတ္လည္ရွိ တစ္သွ်ဴးေကာင္းမ်ားကုိ ပ်က္စီးေစေသာေၾကာင့္ ျဖစ္ေပၚလာရျခင္းျဖစ္ပါတယ္။ ဒါအျပင္ ရင္သားကင္ဆာေရာဂါကို ေပါ့ဆစြာေနထိုင္ျခင္းက အသက္ႏၱာရာယ္ကို ထိခိုက္ယံုသာမက အဆုတ္၊ အသည္း ၊ဦးေႏွာက္ စီသို႕ ေရာဂါျပန္႔ပြားႏိုင္ပါတယ္။

 

Hospitals (Private) (ပုဂၢလိက ေဆးရံုေပါင္း ၁၄၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Hospitals (Private)

 

ရင္သားကင္ဆာေရာဂါ အမ်ားဆံုးစတင္ျဖစ္ပြားတဲ့ေနရာ

ရင္သားကင္ဆာေရာဂါက ႏို႕ရည္သယ္ေဆာင္ေပးေသာ ႏို႔ျပြန္မ်ား နဲ႔ ႏို႔သီးေခါင္းတြင္ စတင္ျဖစ္ပြား ေလ့ရွိပါတယ္။ ႏို႔သီးေခါင္းကို အေျမွးပါး နဲ႔ ျပြန္မ်ားက ၀ိုင္းရံထားေသာေၾကာင့္ ႏို႔သီးပတ္ပတ္လည္တြင္ အႀကိတ္၊ အစိုင္အခဲပံုစံ ႀကီးႀကီးျဖစ္ေပၚတတ္ပါတယ္။

 

ရင္သားကင္ဆာေရာဂါကို ကိုယ္တိုင္စစ္ေဆးနည္း

ရင္သားကင္ဆာေရာဂါကို ကိုယ္တိုင္ စစ္ေဆးတိုင္းတာႏိုင္ပါတယ္။ လက္ႏွစ္ဘက္ကို တင္ပဆံုရိုးတြင္ တင္၍ ရင္သားၾကြက္သားကို တင္းထားၿပီး စစ္ေဆးတာ၊ အာျမင္အာရံုစစ္ေဆးတာ၊ ရင္သားအရြယ္အစားနဲ႔ ပံုသ႑န္ေျပာင္းလဲမႈ စစ္ေဆးတာ ၊ ရင္သားနာတာ၊ ရင္သား အနီေရာင္ေျပာင္းလဲတာ၊ အေရျပားမ်ား ခ်ိဳင့္ဝင္ေနတာ၊ ႏို႔သီးေခါင္း ခ်ိဳင့္ဝင္တာ ၊ ႏို႔သီးေခါင္း ညင္သာစြာ ညွစ္လွ်င္ အရည္မ်ား ထြက္တာ၊ လဲေလ်ာင္းခ်ိန္နဲ႔ အျခားအခ်ိန္မ်ားတြင္ ရုပ္ပိုင္းဆိုင္ သာမာထက္ထူးရွားေျပာင္းလဲမႈ ျခင္းရွိမရွိစစ္ေဆးတာ စတဲ့ နည္းလမ္းမ်ားျဖင့္ ကိုယ္တုိင္စစ္ေဆးႏိုင္ပါတယ္။ ဒါအျပင္ ဆရာ၀န္နဲ႔ ထပ္မံျပသ စစ္ေဆးၿပီး ကုသမႈခံယူပါ။

Written By Health Products Directory

Read times Last modified on Wednesday, 11 March 2020 12:39
Rate this item
(1 Vote)