What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 12:59

ရင်သား ကင်ဆာ ဟာ မျိုးရိုး လိုက်တယ်လား..?

ရင်သားကင်ဆာဟာ မျိုးရိုးလိုက်တတ်တယ်ဆိုတာမှန်ပါတယ်။

 

ဒါပေမယ့် ခုတော့ မိဘရဲ့ မျိုးဗီဇကို ခန့်မှန်းပြီး ကင်ဆာဗီဇပါနေတဲ့ဆဲလ်ရဲ့ အန္တရာယ်ဖြစ်နိုင်ချေကို ဖော်ထုတ်ဖို့ နည်းလမ်းတွေ ရှိနေပါပြီ။ ဒါ့အပြင် လူနာမှာ ကင်ဆာကို တားဆီးနိုင်တဲ့ ဆဲလ်တွေ ရှိ မရှိ ဆိုတာကိုလည်း ရှာဖွေ ဖော်ထုတ်နိုင်ပါပြီ။ ဒီလို ခန့်မှန်းနိုင်မှုတွေကြောင့် နောင်အနာဂတ်မှာ ရင်သာကင်ဆာ ဖြစ်လာ မလား ဖြစ်မလာဘူးလားဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်းသိနိုင်နေပြီ ဖြစ်ပါတယ်။

 

BRCA 1 နဲ့ BRCA 2 မျိုးဗီဇတွေဟာ ပျက်စီးနေတဲ့ DNA တွေကို ပြုပြင်ပေးနိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်သွားတယ် ဆိုရင်တော့ ရင်သားကင်ဆာ ဖြစ်လာနိုင်ချေ ဟာ ၉၀% ရှိပြီးတော့ သားဥအိမ်ကင်ဆာ ဖြစ်လာနိုင်ချေဟာ ၅၀% ရှိလာတယ် လို့ ဆိုပါတယ်။

 

နောက်ပြီးတော့ ကိုယ့်မိသားစုထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်ပြီးဆုံးခဲ့ဖူးရင်၊ ဒါမှမဟုတ် လက်ရှိ ရောဂါဝေဒနာတစ်ခုခု ခံစားနေရရင် ဒါဟာ တခြားလူတွေနဲ့ယှဉ်လိုက်ရင် ကင်ဆာ ဖြစ်နိုင်ချေ ပိုများပါတယ်။

 

ရင်သားကင်ဆာဟာ အမျိုးသမီးတွေအဖြစ်အများဆုံးကင်ဆာ ၃ မျိုးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်း အမျိုးသမီးတွေ အများဆုံး သေဆုံးနေကြရတဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီ အင်ဂျလီနာဂျိုလီဟာ မျိုးဗီဇကို စစ်ဆေးရင်းနဲ့ သူ့မှာ မျိုးရိုးဗီဇဆိုင်ရာ ပုံမမှန်မှုတွေကို တွေ့ရှိခဲ့တယ်ဆိုတဲ့သတင်း အင်တာနက်တွေပေါ်ကနေ တောမီးပမာ ပျံ့နှံ့သွားခဲ့တာ မှတ်မိအုန်းမှာပေါ့။

 

အဲဒီတုန်းက သူဟာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာအဆင့်အထိ ရောက်သွားနိုင်ချေကို လျှော့ချနိုင်ဖို့ ဖြတ်ထုတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းဟာ အမျိုးသမီးထုကြီး တစ်ခုလုံးကို ကိုယ့်မှာရော ရင်သားကင်ဆာဖြစ်နိုင်ချေ ရှိမရှိဆိုတာ သိရဖို့ မျိုးဗီဇ နဲ့ DNA စစ်ကြည့်ကြဖို့ တပ်လှန့်လိုက်သလို ဖြစ်ခဲ့ပါတယ်။

 

BRCA မျိုးဗီဇ

ရင်သားကင်ဆာဖြစ်ရခြင်းရဲ့ အကြောင်းရင်းခံတစ်ခုက အဲဒီ BRCA မျိုးဗီဇတွေ ပြောင်းလဲလာမှု ဒါမှမဟုတ် ပုံမမှန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ BRCA မှာ BRCA 1 နဲ့ BRCA 2 ဆိုပြီး ၂မျိုး ရှိပါတယ်။

 

BRCA ရဲ့ အဓိက လုပ်ငန်းဆောင်တာက ပျက်စီးသွားတဲ့ DNA တွေကို နဂိုမူလပုံစံအတိုင်း ပြန်ဖြစ်အောင် ပြုပြင်ပေးရတာ ဖြစ်ပါတယ်။ အဲဒီတော့ သူ့ရဲ့ မျိုးဗီဇရဲ့ သင်္ကေတ (genetic code) က ပြောင်းလဲသွားပြီဆိုရင် သူက ဆဲလ်ကို မပြင်တော့ဘဲ ဒီအတိုင်း ထားလိုက်တယ်။ အဲဒီကနေစပြီး ရင်သားကင်ဆာတို့ သားဥအိမ်ကင်ဆာတို့ စတာတွေ ဖြစ်လာဖို့ အခြေအနေတွေ ပေးလာခဲ့ပါတယ်။

သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ်

ယေဘုယျအားဖြင့်ပြောရရင် ကျွန်တော်တို့ရဲ့ မျိုးဗီဇမှာ ၂ ခု ပါတယ်။ တစ်ခုက အမေဆီက ရတာ၊ တစ်ခုက အဖေဆီက ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ပုံမမှန်တဲ့ BRCA မျိုးဗီဇဟာ အမေဆီက ပါလာနိုင်သလို အဖေဆီကလည်း ပါလာနိုင်ပါတယ်။ အဖေ့ဆီမှာဖြစ်ဖြစ် အမေ့ဆီမှာဖြစ်ဖြစ် ကင်ဆာ မျိုးရိုးပါလာတယ် ဆိုရင် ဒီ မှားနေတဲ့ BRCA မျိုးဗီဇဟာလည်း ကိုယ့်ဆီမှာ ပါလာမှာပဲ။

 

ဒါကြောင့်လဲ အင်ဂျလီနာဂျိုလီဟာ သူ စစ်ဆေးရင်းတွေ့ရှိတဲ့ မှားနေတဲ့ BRCA မျိုးဗီဇကို ဖြတ်ထုတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ အဖွားက သားဥအိမ်ကင်ဆာ၊ သူ့အမေက ရင်သားကင်ဆာရော သားဥအိမ်ကင်ဆာပါ ဖြစ်ကြပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ခဲ့ကြတာ ဖြစ်ပါတယ်။

 

BRCA မျိုးဗီဇ စစ်ဆေးဖို့ အရေးကြီးပါသလား။

အဖေ့ဘက်၊ အမေ့ဘက်မှာ ရင်သားကင်ဆာ သားဥအိမ်ကင်ဆာမျိုးရိုးတွေရှိခဲ့ရင်၊ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသား (ယောက်ျားရင်သားကင်ဆာ) တွေ ရှိခဲ့ရင် ကိုယ့် BRCA မျိုးဗီဇကို စစ်ဆေးထားဖို့ တိုက်တွန်းပါတယ်။ ဘာကြောင့်လည်းဆို အရင်အချာတွေ (အဖေ၊အမေ၊ ညီအစ်ကိုမောင်နှမအရင်း)တွေထဲမှာ အထက်ပါကင်ဆာ တွေ အဖြစ်များနေတယ်ဆိုတာ ဒီ မျိုးဗီဇကြောင့်ပါပဲ။

 

မျိုးရိုးထဲမှာ ကင်ဆာမရှိတဲ့သူတွေအနေနဲ့လည်း ကိုယ့်ရင်သားကို မှန်မှန်စစ်ဆေးဖို့နဲ့ တစ်နှစ်တစ်ခါလောက် ဆရာဝန်နဲ့ ဆေးစစ်ဖို့၊ ဒစ်ဂျစ်တယ် မမ်မိုဂရမ် ရိုက်ဖို့ လုပ်ခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်လာမယ့် ဘေးအန္တရာယ်ကနေ ကာကွယ်ထားနိုင်ပါတယ်။ BRCA မျိုးဗီဇစစ်တာဟာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေသာ လုပ်ပေးနိုင်တာဖြစ်လို့ နောက်ဆက်တွဲ ကုသမှုတွေ ဆွေးနွေးတိုင်ပင်မှုတွေပါ ပေါင်းလိုက်မယ်ဆိုရင် အပြီအစီး ရက်ပေါင်း ၁၂၀လောက်တော့ ကြာနိုင်ပါတယ်။

 

အမျိုးသမီးတစ်ယောက်အနေနဲ့ သူ့ရင်သားတွေကို ဖြတ်တောက်ပစ်လိုက်ရတာဟာ အလှပျက်သွားတာ မှန်ပေမယ့် ခုတော့ အထဲက ကင်ဆာဖြစ်နေတဲ့ ကြွက်သားတစ်သျှူးတွေကိုပဲ ဖယ်ထုတ်ပြီး အပေါ်အရေပြားကို ချန်ထားခဲ့ကာ ဖယ်ထုတ်လိုက်တဲ့ တစ်သျှူးတွေကို စစ်ဆေးပြီးတဲ့နောက် ကင်ဆာဆဲလ် အားလုံးကို ရှင်းလင်းပြီးတဲ့အခါမှာ ရင်သားပြုပြင်တဲ့ ခွဲစိတ်မှုတွေ၊ ဆီလီကွန်ထည့်တာတွေ အခြားနည်းလမ်း တွေနဲ့ နဂိုမူလရင်သားပုံစံအတိုင်း ပြန်ရအောင် လုပ်ပေးနိုင်နေပြီမို့လို့ ဒီကိစ္စအတွက်လည်း စိတ်မပူကြပါနဲ့ လို့ သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

 

Samitivej hospitals

Read times Last modified on Wednesday, 29 July 2020 13:03
Rate this item
(1 Vote)