What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 October 2019 15:52

ေနပူပူမွာ ရင္ေအးေစမယ့္ ေရဓာတ္ျဖည့္အစားအစာမ်ား

ခႏၶာကိုယ္တြင္း အပူခ်ိန္ဟာ ရာသီဥတုေပၚ မူတည္ၿပီး အေျပာင္းအလဲ ရွိပါတယ္။

အခုလို ပူအုိက္တဲ့အခ်ိန္ေတြမွာဆိုရင္ေတာ့ ကိုယ္တြင္းအပူခ်ိန္ေတြဟာ ရာသီဥတုအေျပာင္းအလဲအပူရွိန္ေၾကာင့္ ျမင့္တက္လာတဲ့အတြက္ ပင္ပန္းႏြမ္းနယ္တာ၊ ေခါင္းကိုက္တာ၊ ေရဓာတ္ခမ္းေျခာက္တာနဲ႔ အေရျပားေပၚမွာ အဖုအပိန႔္ေတြထြက္တာ စတာေတြကို ျဖစ္ေပၚတတ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အခုလို ရာသီဥတုနဲ႔ ကိုက္ညီၿပီး ရင္ေအးေစမယ့္ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) သခြားသီး

သခြားသီးဟာ ေရဓာတ္ အေျမာက္အမ်ား ပါဝင္တဲ့ အစားအစာတမ်ိဳးျဖစ္ၿပီး အခုလို အပူလြန္ကဲခ်ိန္မွာ ကိုယ္တြင္းက အပူခ်ိန္ကို ထိန္းညႇိေပးႏိုင္တဲ့အတြက္ ေန႔စဥ္စားသုံးမႈမွာ ထည့္သြင္း စားသုံးသင့္ပါတယ္။

 

(၂) အုန္းစိမ္းရည္

အုန္းစိမ္းရည္ဟာ ပူအိုက္တဲ့အခ်ိန္မွာ အေသာက္သင့္ဆုံး သဘာဝ အားျဖည့္ အခ်ိဳရည္ တမ်ိဳးပါ၊ ရာသီဥတု အပူရွိန္ေၾကာင့္ ခႏၶာကိုယ္တြင္းက ကုန္ခမ္းသြားတဲ့ ေခြၽးနဲ႔ ဓာတ္ဆား ဆုံးရႈံးမႈကို အျမန္ဆုံး ျပန္လည္ ျဖည့္တင္းေပးႏိုင္တာေၾကာင့္ ေခြၽးထြက္မ်ားသူေတြ အဓိကေသာက္သုံး ေပးသင့္ပါတယ္။

 

(၃) ႀကံရည္

ေႏြရာသီရဲ႕ သေကၤတ တခုျဖစ္တဲ့ ႀကံရည္မွာဆိုရင္ေတာ့ ဗီတာမင္စီနဲ႔ Antioxidant ႂကြယ္ဝစြာ ပါဝင္တဲ့အတြက္ အပူရွိန္ေၾကာင့္ လည္ေခ်ာင္းနာျခင္းကို သက္သာေစႏိုင္တဲ့အျပင္ ကိုယ္ခံအားစနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။

 

(၄) သံပရာသီး

ဗီတာမင္စီဓာတ္ ေျမာက္မ်ားစြာ ပါဝင္တဲ့ သံပရာသီးဟာ အစာေခ်ဖ်က္ျခင္းစနစ္ကို ေကာင္းမြန္ေစတာေၾကာင့္ ပူအုိက္တဲ့ရာသီမွာ ဝမ္းခ်ဳပ္ျခင္းကို အထူးေကာင္းမြန္ေစပါတယ္။ ေသာက္သုံးတဲ့ ေရထဲမွာ သံပုရာသီးစိတ္ အနည္းငယ္ထည့္ၿပီး ေသာက္သုံးျခင္းက အပူရွိန္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္းကိုပါ သက္သာ ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

 

(၅) ဖရဲသီး

ဖရဲသီးဟာ အခုလို ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီနဲ႔ အကိုက္ညီဆုံး ျဖစ္ပါတယ္။ ေခြၽးထြက္မ်ားၿပီး ေရဓာတ္ခမ္းေျခာက္ေနတဲ့ ခႏၶာကိုယ္ကို ဖရဲသီး စားသုံးျခင္းက ေကာင္းမြန္စြာ ေရဓာတ္ ျပန္လည္ ျဖည့္တင္းေပးႏိုင္ၿပီး ကိုယ္တြင္းအပူကို က်ဆင္းေစႏိုင္ပါတယ္။

 

Irrawady

 

{Unicode}

======

နေပူပူမှာ ရင်အေးစေမယ့် ရေဓာတ်ဖြည့်အစားအစာများ

 

ခန္ဓာကိုယ်တွင်း အပူချိန်ဟာ ရာသီဥတုပေါ် မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။ အခုလို ပူအိုက်တဲ့အချိန်တွေမှာဆိုရင်တော့ ကိုယ်တွင်းအပူချိန်တွေဟာ ရာသီဥတုအပြောင်းအလဲအပူရှိန်ကြောင့် မြင့်တက်လာတဲ့အတွက် ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ အရေပြားပေါ်မှာ အဖုအပိန့်တွေထွက်တာ စတာတွေကို ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလို ရာသီဥတုနဲ့ ကိုက်ညီပြီး ရင်အေးစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သခွားသီး

သခွားသီးဟာ ရေဓာတ် အမြောက်အများ ပါဝင်တဲ့ အစားအစာတမျိုးဖြစ်ပြီး အခုလို အပူလွန်ကဲချိန်မှာ ကိုယ်တွင်းက အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အတွက် နေ့စဉ်စားသုံးမှုမှာ ထည့်သွင်း စားသုံးသင့်ပါတယ်။

 

(၂) အုန်းစိမ်းရည်

အုန်းစိမ်းရည်ဟာ ပူအိုက်တဲ့အချိန်မှာ အသောက်သင့်ဆုံး သဘာဝ အားဖြည့် အချိုရည် တမျိုးပါ၊ ရာသီဥတု အပူရှိန်ကြောင့် ခန္ဓာကိုယ်တွင်းက ကုန်ခမ်းသွားတဲ့ ချွေးနဲ့ ဓာတ်ဆား ဆုံးရှုံးမှုကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းပေးနိုင်တာကြောင့် ချွေးထွက်များသူတွေ အဓိကသောက်သုံး ပေးသင့်ပါတယ်။

 

(၃) ကြံရည်

နွေရာသီရဲ့ သင်္ကေတ တခုဖြစ်တဲ့ ကြံရည်မှာဆိုရင်တော့ ဗီတာမင်စီနဲ့ Antioxidant ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အပူရှိန်ကြောင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

 

(၄) သံပရာသီး

ဗီတာမင်စီဓာတ် မြောက်များစွာ ပါဝင်တဲ့ သံပရာသီးဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတာကြောင့် ပူအိုက်တဲ့ရာသီမှာ ဝမ်းချုပ်ခြင်းကို အထူးကောင်းမွန်စေပါတယ်။ သောက်သုံးတဲ့ ရေထဲမှာ သံပုရာသီးစိတ် အနည်းငယ်ထည့်ပြီး သောက်သုံးခြင်းက အပူရှိန်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကိုပါ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

 

(၅) ဖရဲသီး

ဖရဲသီးဟာ အခုလို ပူပြင်းခြောက်သွေ့တဲ့ ရာသီနဲ့ အကိုက်ညီဆုံး ဖြစ်ပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ်ကို ဖရဲသီး စားသုံးခြင်းက ကောင်းမွန်စွာ ရေဓာတ် ပြန်လည် ဖြည့်တင်းပေးနိုင်ပြီး ကိုယ်တွင်းအပူကို ကျဆင်းစေနိုင်ပါတယ်။

Read times
Rate this item
(0 votes)