What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 August 2017 10:57

အဆုတ်သန့်စင်ဖို့ ဘာတွေလုပ်သင့်လဲ

အဆုတ်သန့်စင်ဖို့ ဘာတွေလုပ်သင့်လဲ google.com

အဆုတ်ဟာ အောက်ဆီဂျင်ကို ရှူသွင်း၊ ကာဗွန်ဒိုင်အောက် ဆိုက်ကို ရှူထုတ်တဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် ကို လုပ်ဆောင်နေတာမို့ တစ်ခါ တစ်ရံမှာ ပတ်ဝန်းကျင်က အဆိပ် အတောက်တွေ၊

ဗက်တီးရီးယား စတာတွေကို ရှူမိတဲ့အခါမျိုးတွေ လည်း ရှိတဲ့အတွက် အဆုတ်သန့် စင်အောင် ဘာတွေလုပ်သင့်လဲ ဆိုတာ ဖော်ပြလိုက်ပါတယ်။

အသက်ပြင်းပြင်းရှူပါ

အသက်ကို ခပ်ပြင်းပြင်းလေးရှူသွင်း၊ ရှူ ထုတ်လုပ်ပေးရင် အဆုတ်ကို သန်မာစေသလို အလုပ်လည်း ကောင်းကောင်း လုပ်စေပါတယ်။

ဆေးလိပ်ဖြတ်ပါ

အဆုတ်သန့် ချင်တယ်ဆိုရင်တော့ ဆေးလိပ် ဖြတ်ဖို့တော့ လိုပါတယ်။ ဆေး လိပ်တစ်ခါသောက်တိုင်း ဆေး လိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေ ဟာ ခန္ဓာကိုယ်ထဲကို ပျံ့နှံ့စေတဲ့ အတွက် ဖြစ်ပါတယ်။

READ - အဆုတ်ကင်ဆာ နဲ့ ပတ်သက်ပြီး သင်သိသင့်တဲ့ လက္ခဏာ (၆) ခု

အိုရီဂါနိုရေနွေးသောက်ပါ

ဟင်း ခတ်အမွှေးအကြိုင်ပင် တစ်မျိုး ဖြစ်တဲ့ အိုရီဂါနိုကလည်း အဆုတ် သန့်စင်ရာမှာ ထောက်ကူပေးနိုင် ပါတယ်။ ပန်းနာရင်ကျပ်ရောဂါတို့၊  တခြား  အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါတွေကို အိုရီဂါနို ရေနွေး နှစ်ခွက်လောက် သောက်ပေးရုံနဲ့ သက်သာစေပါ တယ်။ အဆုတ်က အဆိပ်အ တောက်တွေ ဖယ်ရှား ချင်တယ်ဆို ရင်လည်း နွားနို့တစ်ခွက်ထဲကို အို ရီဂါနိုအဆီ အနည်းငယ်ထည့်ပြီး တော့လည်း သောက်ပေးနိုင်ပါ တယ်။

လက်ဖက်စိမ်းသောက်ခြင်း

အဆုတ်က အဆိပ်အတောက် တွေကို ဖယ်ရှားသန့်စင်ပေးသလို ကိုယ်ခံစွမ်းအားကိုလည်း တိုးစေ ပါတယ်။

ပင်စိမ်းရွက်စားခြင်း

နေ့စဉ်ပင် စိမ်းရွက် သုံးရွက်ကနေ ငါးရွက် လောက်ပုံမှန်စားပေးတာက လည်း အဆုတ်ကို သန်မာကျန်းမာ စေပါတယ်။ အသက်ရှူကျပ်တာတို့၊ အသက်ရှူမ၀တာတို့ဖြစ် ရင်လည်း ရေနွေးဆူဆူထဲကို ပက်ပါမင့်ဆီ ထည့်ပြီး ရှူပေးတာမျိုး လုပ်နိုင်ပါတယ်။

READ - အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာ

Source: 7 day daily

Read times
Rate this item
(1 Vote)