What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 October 2019 16:58

ဝမ္းသြားရင္ စအိုနာရတဲ့ အေၾကာင္းအရင္​း

အေလးသြားစဥ္စအိုနာျခင္းဟာအမ်ိဳးသား၊ အမ်ိဳးသမီးမေရြး ျဖစ္ေပၚႏိုင္ပါတယ္။

သို႔ေသာ္အမ်ားစုအေနနဲ႔ရွက္ရြံ႕ၾကတာမိုု႔ဆရာဝန္မျပဘဲဒီတိုင္းပစ္ထားရာကေနပိုဆိုးသြားတတ္ပါတယ္။စအိုနာျခင္းကို ျဖစ္ေစေသာ အေၾကာင္းရင္းမ်ားစြာရွိပါတယ္။မိမိအေနျဖင့္ ျဖစ္ေစေသာအေၾကာင္းရင္းကို ေသခ်ာစြာသိမွသာ​ေပ်ာက္ကင္းေအာင္ကုသႏိုင္မွာ ျဖစ္ပါတယ္။ဒါဆိုျဖစ္ေပၚေစတဲ့အေၾကာင္းရင္းေတြကို​ေလ့လာၾကည့္ရေအာင္။

 

(၁) လိပ္ေခါင္း

လိပ္ေခါင္းဟုဆိုရာတြင္အတြင္းလိပ္နဲ႔အျပင္လိပ္ဆိုၿပီးႏွစ္မ်ိဳးရွိပါတယ္။သင့္ဝမ္းအိမ္တြင္ရွိေသာ ေသြးျပန္ေၾကာမ်ား​ေဖာင္းကားလာရာကေနလိပ္ေခါင္းဆိုၿပီးျဖစ္ေပၚလာတာပါ။ ဝမ္းဗိုက္တြင္းဖိအားမ်ားေစေသာအေၾကာင္းရင္းမ်ား(ဥပမာ -အဝလြန္ျခင္း၊ကိုယ္ဝန္ေဆာင္မ်ား) ေၾကာင့္လိပ္ေခါင္းျဖစ္ေပၚရၿပီး ကုသမႈခံယူဖို႔လိုအပ္ပါတယ္။

 

(၂) စအိုကြဲေၾကာင္းမ်ား ျဖစ္ေပၚျခင္း

စအိုအေရျပားတြင္အကြဲေၾကာင္းမ်ား ျဖစ္ေပၚရာကေနအေလးသြားတိုင္းအလြန္နာက်င္ေစတာ ျဖစ္ပါတယ္။ဒဏ္ရာရျခင္း၊စအိုကေနလိင္ဆက္ဆံျခင္းတို႔ေၾကာင့္စအိုကြဲေၾကာင္းမ်ား ျဖစ္ေပၚႏိုင္ပါတယ္။ဝမ္းသြားစဥ္ နာက်င္ျခင္းနဲ႔အတူ​ေသြးစမ်ားပါ၊မပါ​ေလ့လာၾကည့္ပါ။

 

(၃) ဝမ္းခ်ဳပ္ျခင္း

အမွ်င္ဓာတ္လုံေလာက္ေအာင္မစားျခင္း၊ ေရဓာတ္မျပည့္ဝျခင္းတို႔ေၾကာင့္ဝမ္းခ်ဳပ္ေစပါတယ္။အလြန္ဝမ္းခ်ဳပ္ပါကဝမ္းသြားတိုင္းညႇစ္ထုတ္ရတဲ့အတြက္နာက်င္ေစပါတယ္။

 

(၄) ဝမ္းအိမ္ေရာင္ျခင္း

အူျပႆနာမ်ားေၾကာင့္ျဖစ္ေစ၊လိင္ကေနတစ္ဆင့္ကူးစက္ေသာေရာဂါမ်ားေၾကာင့္ျဖစ္ေစဝမ္းအိမ္ ေရာင္ရမ္းႏိုင္ပါတယ္။ဝမ္းအိ္မ္နဲ႔စအိုက ဆက္စပ္ေနတာမို႔ဝမ္းအိမ္ေရာင္ျခင္းေၾကာင့္ စအိုဝတြင္နာက်င္ေစတတ္ပါတယ္။

 

(၅) အူေရာင္ျခင္း

အူလမ္းေၾကာင္းေရာဂါမ်ားေၾကာင့္တရစပ္ ဝမ္းသြားေနသူမ်ားတြင္ဝမ္းျဖင့္ပြတ္တို္က္မႈ မ်ားရာကေနစအိုပြန္းၿပီးနာက်င္ေစႏိုင္ပါတယ္။

ကေလး အေရျပား ျပာႏွမ္းျခင္း ဖတ္ရႈရန္ ႏွိပ္ပါ။

ကေလး အေရျပား ျပာႏွမ္းျခင္း

(၆) မၾကာခဏ အေလးသြားျခင္း

ဝမ္းပ်က္တာမ်ိဳးမဟုတ္ဘဲအစာစားၿပီးတိုင္း အေလးသြားေလ့ရွိသူမ်ားကိုဆိုလိုပါတယ္။ အေပၚမွာေျပာသလိုပဲစအိုကိုပြန္းေစၿပီးနာက်င္ေစပါတယ္။

 

(၇) သားအိမ္နံရံေရာင္ျခင္း

အမ်ိဳးသမီးမ်ားရာသီလာစဥ္တြင္စအိုဝနာက်င္ျခင္းျဖစ္ေပၚပါကသားဖြားမီးယပ္ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

 

(၈) လတ္တေလာ စအိုကေနတစ္ဆင့္ လိင္ဆက္ဆံထားသူျဖစ္ျခင္း

ဒါကေတာ့ ရွင္းပါတယ္။စအိုဝကိုလတ္တေလာထိုးသြင္းထားျခင္းေၾကာင့္ နာက်င္ရျခင္း ျဖစ္ပါတယ္။

 

(၉) ႂကြက္ႏို႔၊ စအိုကင္ဆာ၊ ဝမ္းအိမ္ကင္ဆာ

စအိုနာက်င္ျခင္းအျပင္သိသိသာသာပိန္လာျခင္းမ်ိဳးရွိပါကဆရာဝန္နဲ႔တိုင္ပင္ၿပီး ေရာဂါရွာေဖြစစ္ေဆးျခင္းမ်ားျပဳလုပ္သင့္ပါတယ္။

 

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

{Unicode}

======

ဝမ်းသွားရင် စအိုနာရတဲ့ အကြောင်းအရင်း

အလေးသွားစဉ်စအိုနာခြင်းဟာအမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်ပေါ်နိုင်ပါတယ်။ သို့သော်အများစုအနေနဲ့ရှက်ရွံ့ကြတာမို့ဆရာဝန်မပြဘဲဒီတိုင်းပစ်ထားရာကနေပိုဆိုးသွားတတ်ပါတယ်။စအိုနာခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပါတယ်။မိမိအနေဖြင့် ဖြစ်စေသောအကြောင်းရင်းကို သေချာစွာသိမှသာပျောက်ကင်းအောင်ကုသနိုင်မှာ ဖြစ်ပါတယ်။ဒါဆိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကိုလေ့လာကြည့်ရအောင်။

 

(၁) လိပ်ခေါင်း

လိပ်ခေါင်းဟုဆိုရာတွင်အတွင်းလိပ်နဲ့အပြင်လိပ်ဆိုပြီးနှစ်မျိုးရှိပါတယ်။သင့်ဝမ်းအိမ်တွင်ရှိသော သွေးပြန်ကြောများဖောင်းကားလာရာကနေလိပ်ခေါင်းဆိုပြီးဖြစ်ပေါ်လာတာပါ။ ဝမ်းဗိုက်တွင်းဖိအားများစေသောအကြောင်းရင်းများ(ဥပမာ -အဝလွန်ခြင်း၊ကိုယ်ဝန်ဆောင်များ) ကြောင့်လိပ်ခေါင်းဖြစ်ပေါ်ရပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။

 

(၂) စအိုကွဲကြောင်းများ ဖြစ်ပေါ်ခြင်း

စအိုအရေပြားတွင်အကွဲကြောင်းများ ဖြစ်ပေါ်ရာကနေအလေးသွားတိုင်းအလွန်နာကျင်စေတာ ဖြစ်ပါတယ်။ဒဏ်ရာရခြင်း၊စအိုကနေလိင်ဆက်ဆံခြင်းတို့ကြောင့်စအိုကွဲကြောင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ဝမ်းသွားစဉ် နာကျင်ခြင်းနဲ့အတူသွေးစများပါ၊မပါလေ့လာကြည့်ပါ။

 

(၃) ဝမ်းချုပ်ခြင်း

အမျှင်ဓာတ်လုံလောက်အောင်မစားခြင်း၊ ရေဓာတ်မပြည့်ဝခြင်းတို့ကြောင့်ဝမ်းချုပ်စေပါတယ်။အလွန်ဝမ်းချုပ်ပါကဝမ်းသွားတိုင်းညှစ်ထုတ်ရတဲ့အတွက်နာကျင်စေပါတယ်။

 

(၄) ဝမ်းအိမ်ရောင်ခြင်း

အူပြဿနာများကြောင့်ဖြစ်စေ၊လိင်ကနေတစ်ဆင့်ကူးစက်သောရောဂါများကြောင့်ဖြစ်စေဝမ်းအိမ် ရောင်ရမ်းနိုင်ပါတယ်။ဝမ်းအိမ်နဲ့စအိုက ဆက်စပ်နေတာမို့ဝမ်းအိမ်ရောင်ခြင်းကြောင့် စအိုဝတွင်နာကျင်စေတတ်ပါတယ်။

 

(၅) အူရောင်ခြင်း

အူလမ်းကြောင်းရောဂါများကြောင့်တရစပ် ဝမ်းသွားနေသူများတွင်ဝမ်းဖြင့်ပွတ်တိုက်မှု များရာကနေစအိုပွန်းပြီးနာကျင်စေနိုင်ပါတယ်။

ကလေး အရေပြား ပြာနှမ်းခြင်း ဖတ်ရှုရန် နှိပ်ပါ။

ကေလး အေရျပား ျပာႏွမ္းျခင္း

(၆) မကြာခဏ အလေးသွားခြင်း

ဝမ်းပျက်တာမျိုးမဟုတ်ဘဲအစာစားပြီးတိုင်း အလေးသွားလေ့ရှိသူများကိုဆိုလိုပါတယ်။ အပေါ်မှာပြောသလိုပဲစအိုကိုပွန်းစေပြီးနာကျင်စေပါတယ်။

 

(၇) သားအိမ်နံရံရောင်ခြင်း

အမျိုးသမီးများရာသီလာစဉ်တွင်စအိုဝနာကျင်ခြင်းဖြစ်ပေါ်ပါကသားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

(၈) လတ်တလော စအိုကနေတစ်ဆင့် လိင်ဆက်ဆံထားသူဖြစ်ခြင်

ဒါကတော့ ရှင်းပါတယ်။စအိုဝကိုလတ်တလောထိုးသွင်းထားခြင်းကြောင့် နာကျင်ရခြင်း ဖြစ်ပါတယ်။

 

(၉) ကြွက်နို့၊ စအိုကင်ဆာ၊ ဝမ်းအိမ်ကင်ဆာ

စအိုနာကျင်ခြင်းအပြင်သိသိသာသာပိန်လာခြင်းမျိုးရှိပါကဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါရှာဖွေစစ်ဆေးခြင်းများပြုလုပ်သင့်ပါတယ်။

Read times
Rate this item
(2 votes)