What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 31 October 2019 15:04

ဝမ္​းပိတ္​​ေဆး ေသာက္​မယ္​ဆို သိထားသင့္ေသာ အခ်က္မ်ား

ဝမ္းေလၽွာတိုင္း ဝမ္းပ်က္တိုင္း ဝမ္းပိတ္ေဆး အလြယ္မေသာက္သင့္ပါဘူး။ ဝမ္းပ်က္တာ ေသခ်ာဖို႔ လိုပါတယ္။ တစ္ေန႔လၽွင္ ဝမ္း ၃ ႀကိမ္ႏွင့္ အထက္သြားတာ ျဖစ္ရပါမယ္။ 

ဝမ္း ကလံုးဝအရည္နီးပါး ျဖစ္ေနရပါမယ္။ ဒါဆိုရင္ေတာ့ ဝမ္းပ်က္တာ ေသခ်ာပါတယ္။ ဝမ္းပ်က္ တဲ့ ရက္ကလည္း ရက္တို ျဖစ္ရပါမယ္။ ၂ ပတ္ မေက်ာ္ရပါဘူး။ ၂ ပတ္ ထက္ ေက်ာ္မယ္ဆိုရင္ နာတာရွည္ ဝမ္းပ်က္တာျဖစ္လို႔ ဝမ္းပိတ္ေဆး မေသာက္သင့္ပါဘူး။ျဖစ္ေစတဲ့ေရာဂါအေၾကာင္းအရင္းရွာၿပီးကုသရပါမယ္။

 

ဝမ္းပိတ္ေဆး မေသာက္မီွ ႏို႔တိုက္ေနလၽွင္၊ ကိုယ္ဝန္ရွိေနလၽွင္ ၊ အသည္းေရာဂါရွိလၽွင္ ၊ အူေရာင္တတ္ေသာေရာဂါရွိလၽွင္ ဆရာဝန္ပို ႀကိဳအသိေပးသင့္ပါတယ္။ ဝမ္းပိတ္ေဆး ေသာက္မည္ဆိုလၽွင္ ဆရာဝန္မွ ဝမ္းပိတ္ေဆးေသာက္ႏိုင္သည္ဟု ဆံုးျဖတ္လၽွင္ ဝမ္းသြားၿပီးျခင္း 4 mg ( ၂လံုးကို) တစ္ၿပိဳင္နက္ေသာက္သင့္သည္။ ၿပီးလၽွင္ ဝမ္း ေနာက္တစ္ခါ သြားရင္ တစ္လံုး ထပ္ေသာက္သင့္သည္။

ကေလးေတြ မစားသင့္တဲ့ အသြင္ေျပာင္း အစားအစာမ်ား

ကေလးေတြ မစားသင့္တဲ့ အသြင္ေျပာင္း အစားအစာမ်ား

တစ္ေန႔လၽွင္ ၃လံုးမွ ၄လံုးခန္႔ေသာက္ႏိုင္သည္။ သတိျပဳရန္မွာ * တစ္ေန႔လၽွင္ ၈လံုးထက္မပိုသင့္ပါ။ * အသက္ ၁၂ ႏွစ္ေအာက္ ကေလးမ်ားကို ဆရာဝန္မညြန္ၾကားဘဲ လံုးဝ မေသာက္သင့္ပါ။ ေရာဂါလကၡဏာ သက္သာလာတာနဲ႔ ေဆး မေသာက္သင့္ေတာ့ပါဘူး။ ဝမ္းပိတ္ေဆး ေသာက္ရံုနဲ႔ မလံုေလာက္တာ သတိျပဳပါ။ ဝမ္း သြားတဲ့ေနရာမွာ အဓိက သတိျပဳ ရမွာကေတာ့ ဝမ္းနဲ႔အတူ ဆံုးရံႈံးသြားတဲ့ ခႏၶာကိုယ္ မွ ေရဓာတ္ကို ျပန္လည္ ျဖည့္တင္းေပးဖို႔ျဖစ္ပါတယ္။

 

ေရဓာတ္ျဖည့္တဲ့ ေနရာမွာ ေရြးခ်ယ္ႏိုင္တာေတြက ေတာ့ သန္႔စင္တဲ့ ရိုးရိုးေရသန္႔ ၊ အသီးေဖ်ာ္ရည္ ၊ စြပ္ျပဳတ္( အသား ၊ အရြက္) ၊ ဓာတ္ဆားရည္ ( ကေလးငယ္မ်ား ႏွင့္ ေရာဂါအခံရွိသူမ်ားအတြက္ ျမန္ျမန္ေရဓာတ္ျပည့္ေစပါတယ္)။ မေသာက္သင့္တာေတြကေတာ့ ခ်ိဳလြန္းတဲ့ အခ်ိဳရည္ေတြပါ။ (သၾကားဓာတ္က ဝမ္းပိုသြားေစပါတယ္) ၊ ဝမ္းပိတ္ေဆးရဲ႕ မေကာင္းတဲ့အခ်က္ေတြကေတာ့ ဝမ္းခ်ဳပ္ သြားတတ္ပါတယ္။ ေလပြၿပီး ေခါင္းမူးေစတတ္ပါတယ္။ ေခါင္းကိုက္ေစတတ္ပါတယ္။

 

မယ္တင္( ေဆး ၁) #DrZiwaka #ေဒါက္တာဇီဝက

{Unicode}

======

ဝမ်းပိတ်ဆေး သောက်မယ်ဆို သိထားသင့်သော အချက်များ

ဝမ်းလျှောတိုင်း ဝမ်းပျက်တိုင်း ဝမ်းပိတ်ဆေး အလွယ်မသောက်သင့်ပါဘူး။ ဝမ်းပျက်တာ သေချာဖို့ လိုပါတယ်။ တစ်နေ့လျှင် ဝမ်း ၃ ကြိမ်နှင့် အထက်သွားတာ ဖြစ်ရပါမယ်။ ဝမ်း ကလုံးဝအရည်နီးပါး ဖြစ်နေရပါမယ်။ ဒါဆိုရင်တော့ ဝမ်းပျက်တာ သေချာပါတယ်။ ဝမ်းပျက် တဲ့ ရက်ကလည်း ရက်တို ဖြစ်ရပါမယ်။ ၂ ပတ် မကျော်ရပါဘူး။

 

၂ ပတ် ထက် ကျော်မယ်ဆိုရင် နာတာရှည် ဝမ်းပျက်တာဖြစ်လို့ ဝမ်းပိတ်ဆေး မသောက်သင့်ပါဘူး။ဖြစ်စေတဲ့ရောဂါအကြောင်းအရင်းရှာပြီးကုသရပါမယ်။ ဝမ်းပိတ်ဆေးမသောက်မှီ နို့တိုက်နေလျှင်၊ ကိုယ်ဝန်ရှိနေလျှင် ၊ အသည်းရောဂါရှိလျှင် ၊ အူရောင်တတ်သောရောဂါရှိလျှင် ဆရာဝန်ပို ကြိုအသိပေးသင့်ပါတယ်။

ကလေးတွေ မစားသင့်တဲ့ အသွင်ပြောင်း အစားအစာများ

ကေလးေတြ မစားသင့္တဲ့ အသြင္ေျပာင္း အစားအစာမ်ား

ဝမ်းပိတ်ဆေး သောက်မည်ဆိုလျှင် ဆရာဝန်မှ ဝမ်းပိတ်ဆေးသောက်နိုင်သည်ဟု ဆုံးဖြတ်လျှင် ဝမ်းသွားပြီးခြင်း 4 mg ( ၂လုံးကို) တစ်ပြိုင်နက်သောက်သင့်သည်။ ပြီးလျှင် ဝမ်း နောက်တစ်ခါ သွားရင် တစ်လုံး ထပ်သောက်သင့်သည်။ တစ်နေ့လျှင် ၃လုံးမှ ၄လုံးခန့်သောက်နိုင်သည်။ သတိပြုရန်မှာ * တစ်နေ့လျှင် ၈လုံးထက်မပိုသင့်ပါ။ * အသက် ၁၂ နှစ်အောက် ကလေးများကို ဆရာဝန်မညွန်ကြားဘဲ လုံးဝ မသောက်သင့်ပါ။

 

ရောဂါလက္ခဏာ သက်သာလာတာနဲ့ ဆေး မသောက်သင့်တော့ပါဘူး။ ဝမ်းပိတ်ဆေး သောက်ရုံနဲ့ မလုံလောက်တာ သတိပြုပါ။ ဝမ်း သွားတဲ့နေရာမှာ အဓိက သတိပြု ရမှာကတော့ ဝမ်းနဲ့အတူ ဆုံးရှုံံးသွားတဲ့ ခန္ဓာကိုယ် မှ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးဖို့ဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တဲ့ နေရာမှာ ရွေးချယ်နိုင်တာတွေက တော့ သန့်စင်တဲ့ ရိုးရိုးရေသန့် ၊ အသီးဖျော်ရည် ၊ စွပ်ပြုတ်( အသား ၊ အရွက်) ၊ ဓာတ်ဆားရည် ( ကလေးငယ်များ နှင့် ရောဂါအခံရှိသူများအတွက် မြန်မြန်ရေဓာတ်ပြည့်စေပါတယ်)။

 

မသောက်သင့်တာတွေကတော့ ချိုလွန်းတဲ့ အချိုရည်တွေပါ။ (သကြားဓာတ်က ဝမ်းပိုသွားစေပါတယ်) ၊ ဝမ်းပိတ်ဆေးရဲ့ မကောင်းတဲ့အချက်တွေကတော့ ဝမ်းချုပ် သွားတတ်ပါတယ်။ လေပွပြီး ခေါင်းမူးစေတတ်ပါတယ်။ ခေါင်းကိုက်စေတတ်ပါတယ်။

Read times
Rate this item
(0 votes)