What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 October 2019 17:47

ကေလးေတြ မစားသင့္တဲ့ အသြင္ေျပာင္း အစားအစာမ်ား

ျမန္မာကေလးငယ္ေတြရဲ႕ အစားအေသာက္ေ႐ြးခ်ယ္မႈဟာ အလ်င္အျမန္ေျပာင္းလဲလာပါတယ္။

ၿမိဳ႕ျပနဲ႔ ေက်းလက္ ေဒသအားလုံးမွာ အသြင္ေျပာင္းအစားအစာေတြနဲ႔ အသင့္စားအစားအစာေတြ အလြယ္တကူရရွိလာတာကလည္း အေၾကာင္းအရင္းတစ္ခုပါ။ အသြင္ေျပာင္းအစားအစာေတြကို သဘာဝက်ၿပီး အာဟာရပိုမ်ားတဲ့ ႐ိုးရာအစားအေသာက္ေတြ ေနရာမွာအစားထိုးလာၾကပါတယ္။

ကေလးငယ္ေတြဟာ အာဟာရျပည့္ဝတာထက္ အရသာရွိတဲ့အစားအစာေတြကို ပိုမိုေ႐ြးခ်ယ္လာၾကပါတယ္။ အသင့္စားနဲ႔ အသြင္ေျပာင္း အစားအစာေတြဟာ ကေလးေတြႀကိဳက္ေအာင္ ဓာတုေဗဒနည္းေတြနဲ႔ အရသာရွိေအာင္ ဖန္တီးထားတာျဖစ္ပါတယ္။ ဒီလိုအစာစားေတြ စားပါမ်ားရင္ က်န္းမာေရးနဲ႔မညီၫြတ္တဲ့အစားအေသာက္အမူအက်င့္ေတြစြဲကပ္လာႏိုင္ၿပီး ေရရွည္မွာ နာတာရွည္ေရာဂါျဖစ္ပြားႏိုင္ေျခနဲ႔ စပ္ဆက္မႈရွိေနပါတယ္။

 

စားရလြယ္ကူၿပီး ေဈးႏႈန္းလည္းသက္သာတာေၾကာင့္ အသြင္ေျပာင္းအစာအစားေတြကို အဓိကစားစရာအျဖစ္ မနက္ခင္းနဲ႔ ညခင္းေတြမွာ စားလာၾကပါတယ္။ အဲဒါေတြကို စားရင္ ေရရွည္မွာ အဝလြန္ေရာဂါျဖစ္လာႏိုင္ပါတယ္။ ကေလးငယ္ေတြကေတာ့ သဘာဝနဲ႔ အသြင္ေျပာင္းအစားအစာရယ္လို႔ ခြဲျခားမသိၾကပါဘူး။

 

သဘာဝနဲ႔ အသြင္ေျပာင္းအစားအစာေတြရဲ႕ ကြဲျပားျခားနားခ်က္

သဘာဝအစားအေသာက္ေတြဆိုတာ အသား၊ ငါး၊ အသီးအႏွံ႔၊ ဟင္းသီးဟင္း႐ြက္၊ ႏွံစားပင္ အစရွိတာေတြကို လွီးျဖတ္ျခင္း၊ ခ်က္ျပဳတ္ျခင္းကတစ္ဆင့္ စားစရာျဖစ္ေအာင္လုပ္ေဆာင္ရတာေတြကို ဆိုလိုပါတယ္။ သဘာဝအစားအေသာက္ေတြရဲ႕ မူလဟာ တိရစာၦန္နဲ႔ အပင္ေတြျဖစ္ပါတယ္။ သဘာဝအစားအေသာက္ေတြဟာ ခႏၶာကိုယ္ကို အာဟာရျပည့္ဝေစၿပီး ဖြံ႕ၿဖိဳးႀကီးထြားေစဖို႔၊ ဉာဏ္ရည္ဉာဏ္ေသြးေကာင္းေစဖို႔ အေထာက္အကူျပဳပါတယ္။

 

အသြင္ေျပာင္းအစားအစာေတြကေတာ့ ဓာတုေဗဒနည္းလမ္းအရ ျပဳလုပ္ထားတာျဖစ္ပါတယ္။ လူလုပ္ဓာတုေဗဒပစၥည္းေတြကို အသုံးျပဳၿပီး အေရာင္၊ အရသာ၊ အနံနဲ႔ အျမင္လွေအာင္ လုပ္ထားတာျဖစ္ပါတယ္။ အသြင္ေျပာင္းအစားအစာထဲမွာ သဘာဝဆိုတာ တစ္ခုမွမရွိပါဘူး။ အသြင္ေျပာင္းအစားအေသာက္ေတြရဲ႕ အသားအရသာ၊ ငါးအရသာဆိုတာ ဓာတုေဗဒနည္းနဲ႔လုပ္ထားတဲ့ အရသာအတုေတြျဖစ္ပါတယ္။ ပ႐ိုတိန္းပါဝင္မႈပမာဏလည္း နည္းပါးလွပါတယ္။ ႏိုင္ငံတစ္ခ်ိဳ႕မွာေတာ့ အႏၲရာယ္ရွိ အစားအေသာက္ဆိုးေဆးေတြကို ပိတ္ပင္လိုက္ပါၿပီ။

အႏၱရာယ္ရွိ​တဲ့ ဇက္​ ၊ ခါး ခ်ိဳးျခင္​း အေၾကာင္း ဖတ္ရႈရန္ ႏွိပ္ပါ။

အႏၱရာယ္ရွိ​တဲ့ ဇက္​ ၊ ခါး ခ်ိဳးျခင္​း အေၾကာင္း

ျမန္မာႏိုင္ငံမွာေတာ့ အသြင္ေျပာင္းအစားအေသာက္ေတြမွာ အသုံးျပဳတဲ့ အႏၲရာယ္ရွိဆိုးေဆးေတြကို တြင္တြင္က်ယ္က်ယ္အသုံးျပဳေနဆဲပါပဲ။ အစားအေသာက္ဆိုးအမ်ားအျပားစားသုံးမိတဲ့ကေလးငယ္ေတြမွာ က်န္းမာေရးနဲ႔ အမူအက်င့္ဆိုင္ရာဆိုးက်ိဳးေတြခံစားရႏိုင္ပါတယ္။ အသြင္ေျပာင္းအစားအစာေတြရဲ႕ အႏၲရာယ္ကို သိရွိေပမယ့္ ကမာၻအရပ္ရပ္က ကေလးငယ္သန္းခ်ီဟာ ေန႔စဥ္ အဲဒီမုန႔္ေတြကို စားေနၾကဆဲပါ။ အဲဒီကေလးငယ္ေတြအ႐ြယ္ေရာက္လာတဲ့အခါ ဘယ္လိုေရာဂါေတြျဖစ္လာမလဲဆိုတာ ခန႔္မွန္းလို႔ေတာင္မရေတာ့ပါဘူး။

 

အသြင္ေျပာင္းအစားအစာေတြရဲ႕ က်န္းမာေရးဆိုးက်ိဳးေတြကိုေလ့လာၾကည့္ရေအာင္။ ၁။ သၾကား၊ အဆီနဲ႔ ဆားပမာဏအေျမာက္အျမားပါဝင္ပါတယ္။ သၾကားနဲ႔ အဆီကို မ်ားမ်ားစားရင္ ကိုယ္အေလးခ်ိန္တက္ျခင္း၊ အဝလြန္ျခင္း၊ ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါနဲ႔ ကင္ဆာတစ္ခ်ိဳ႕ျဖစ္ပြားႏိုင္ပါတယ္။

 

၂။ ဆားအမ်ားအျပားစားရင္ ေသြးတိုးေရာဂါျဖစ္ႏိုင္ပါတယ္။

 

၃။ အသြင္ေျပာင္း ကာဗိုဟိုက္ၿဒိတ္ဓာတ္ေတြပါဝင္တာေၾကာင့္ ေသြးတြင္း သၾကားဓာတ္ကိုျမင့္တက္ေစပါတယ္။ သၾကားဓာတ္ျမင့္လာရင္ အင္ဆူလင္ပမာဏပိုမိုထုတ္လုပ္တာေၾကာင့္ တစ္ေၾကာ့ျပန္အေနနဲ႔ ေသြးတြင္းသၾကားဓာတ္ထိုးက်သြားတတ္ပါေသးတယ္။

၄။ ပ႐ိုတိန္း (အသားဓာတ္) ပါဝင္မႈနည္းပါးပါတယ္။

 

၅။ အာဟာရဓာေတြျဖစ္တဲ့ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ပါဝင္မႈနည္းပါးလွပါတယ္။ ၿပီးေတာ့ သဘာဝအတိုင္းရရွိတာမဟုတ္ဘဲ လူလုပ္ထားတာေတြပါ။ သဘာဝအစားအေသာက္ေတြမွာေတာ့ Phytochemicals လို႔ေခၚတဲ့ အပင္ကရတဲ့သဘာဝဓာတ္ေပါင္းနဲ႔ က်န္းမာေရးကိုအေထာက္အကူျပဳေစတဲ့အရာေတြပါဝင္ပါတယ္။

 

၆။ အသြင္ေျပာင္းဆီ၊ ျပည့္ဝဆီ၊ အသြင္ေျပာင္းအသီးအႏွံဆီ အစရွိတဲ့ က်န္းမာေရးကိုဆိုးက်ိဳးျဖစ္ေစတဲ့ ဆီေတြပါဝင္ျခင္းက ႏွလုံးေရာဂါျဖစ္ပြားမႈကို အားေပးပါတယ္။

၇။ အသြင္ေျပာင္းအစားအေသာက္ေတြဟာ စားရလြယ္ကူတာေၾကာင့္ အခ်ိန္တိုအတြင္း ခဏခဏစားျဖစ္ေနပါတယ္။ ဒါေၾကာင့္ ကယ္လိုရီစားသုံးမႈပိုမ်ားၿပီး ေနာက္ဆိုရင္ ကယ္လိုရီအလြန္အက်ဴးစားတာျဖစ္လာႏိုင္ပါတယ္။

 

၈။ အသြင္ေျပာင္းအစားအစာေတြဟာ သဘာဝမဟုတ္တာေၾကာင့္ ခႏၶာကိုယ္နဲ႔ ဦးေႏွာက္က သတ္မွတ္ထားတဲ့ အစာစားသုံးမႈစနစ္ကို ကေမာက္ကမျဖစ္ေစႏိုင္ပါတယ္။ အဲဒါေၾကာင့္ အစာစားသုံးမႈကို မူမမွန္ျဖစ္ေစႏိုင္ၿပီး က်န္းမာေရးနဲ႔မညီၫြတ္တဲ့ စားသုံးမႈအက်င့္ျဖစ္လာႏိုင္ပါတယ္။

 

၉။ အသြင္ေျပာင္းအစားအစာေတြကို စားျခင္းအားျဖင့္ ဆာေလာင္မြတ္သိပ္မႈကို ပေပ်ာက္ေစေပမယ့္ ခႏၶာကိုယ္ႀကီးထြားဖြံ႕ၿဖိဳးဖို႔ လိုအပ္တဲ့ အာဟာရ၊ ဗိုက္တာမင္၊ သတၳဳဓာတ္ေတြမရရွိပါဘူး။

 

အန္တီ သဲလ္မာထြန္းသိန္း MS, RDN, IBCLC, RLC အာဟာရသိပၸံပညာပါရဂူ / အာဟာရေဗဒပညာရွင္ မိခင္ႏို႔ရည္တိုက္ေကြၽးျခင္းအႀကံေပးပညာရွင္

 

{Unicode}

======

 

ကလေးတွေမစားသင့်တဲ့ အသွင်ပြောင်းအစားအစာများ

မြန်မာကလေးငယ်တွေရဲ့ အစားအသောက်ရွေးချယ်မှုဟာ အလျင်အမြန်ပြောင်းလဲလာပါတယ်။ မြို့ပြနဲ့ ကျေးလက် ဒေသအားလုံးမှာ အသွင်ပြောင်းအစားအစာတွေနဲ့ အသင့်စားအစားအစာတွေ အလွယ်တကူရရှိလာတာကလည်း အကြောင်းအရင်းတစ်ခုပါ။ အသွင်ပြောင်းအစားအစာတွေကို သဘာဝကျပြီး အာဟာရပိုများတဲ့ ရိုးရာအစားအသောက်တွေ နေရာမှာအစားထိုးလာကြပါတယ်။

 

ကလေးငယ်တွေဟာ အာဟာရပြည့်ဝတာထက် အရသာရှိတဲ့အစားအစာတွေကို ပိုမိုရွေးချယ်လာကြပါတယ်။ အသင့်စားနဲ့ အသွင်ပြောင်း အစားအစာတွေဟာ ကလေးတွေကြိုက်အောင် ဓာတုဗေဒနည်းတွေနဲ့ အရသာရှိအောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒီလိုအစာစားတွေ စားပါများရင် ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်အမူအကျင့်တွေစွဲကပ်လာနိုင်ပြီး ရေရှည်မှာ နာတာရှည်ရောဂါဖြစ်ပွားနိုင်ခြေနဲ့ စပ်ဆက်မှုရှိနေပါတယ်။

 

စားရလွယ်ကူပြီး ဈေးနှုန်းလည်းသက်သာတာကြောင့် အသွင်ပြောင်းအစာအစားတွေကို အဓိကစားစရာအဖြစ် မနက်ခင်းနဲ့ ညခင်းတွေမှာ စားလာကြပါတယ်။ အဲဒါတွေကို စားရင် ရေရှည်မှာ အဝလွန်ရောဂါဖြစ်လာနိုင်ပါတယ်။ ကလေးငယ်တွေကတော့ သဘာဝနဲ့ အသွင်ပြောင်းအစားအစာရယ်လို့ ခွဲခြားမသိကြပါဘူး။

 

သဘာဝနဲ့ အသွင်ပြောင်းအစားအစာတွေရဲ့ ကွဲပြားခြားနားချက်

သဘာဝအစားအသောက်တွေဆိုတာ အသား၊ ငါး၊ အသီးအနှံ့၊ ဟင်းသီးဟင်းရွက်၊ နှံစားပင် အစရှိတာတွေကို လှီးဖြတ်ခြင်း၊ ချက်ပြုတ်ခြင်းကတစ်ဆင့် စားစရာဖြစ်အောင်လုပ်ဆောင်ရတာတွေကို ဆိုလိုပါတယ်။ သဘာဝအစားအသောက်တွေရဲ့ မူလဟာ တိရစ္ဆာန်နဲ့ အပင်တွေဖြစ်ပါတယ်။ သဘာဝအစားအသောက်တွေဟာ ခန္ဓာကိုယ်ကို အာဟာရပြည့်ဝစေပြီး ဖွံ့ဖြိုးကြီးထွားစေဖို့၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းစေဖို့ အထောက်အကူပြုပါတယ်။

 

အသွင်ပြောင်းအစားအစာတွေကတော့ ဓာတုဗေဒနည်းလမ်းအရ ပြုလုပ်ထားတာဖြစ်ပါတယ်။ လူလုပ်ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုပြီး အရောင်၊ အရသာ၊ အနံနဲ့ အမြင်လှအောင် လုပ်ထားတာဖြစ်ပါတယ်။ အသွင်ပြောင်းအစားအစာထဲမှာ သဘာဝဆိုတာ တစ်ခုမှမရှိပါဘူး။ အသွင်ပြောင်းအစားအသောက်တွေရဲ့ အသားအရသာ၊ ငါးအရသာဆိုတာ ဓာတုဗေဒနည်းနဲ့လုပ်ထားတဲ့ အရသာအတုတွေဖြစ်ပါတယ်။ ပရိုတိန်းပါဝင်မှုပမာဏလည်း နည်းပါးလှပါတယ်။ နိုင်ငံတစ်ချို့မှာတော့ အန္တရာယ်ရှိ အစားအသောက်ဆိုးဆေးတွေကို ပိတ်ပင်လိုက်ပါပြီ။

အန္တရာယ်ရှိတဲ့ ဇက် ၊ ခါး ချိုးခြင်း အကြောင်း ဖတ်ရှုရန် နှိပ်ပါ။

အႏၱရာယ္ရွိ​တဲ့ ဇက္​ ၊ ခါး ခ်ိဳးျခင္​း အေၾကာင္း

မြန်မာနိုင်ငံမှာတော့ အသွင်ပြောင်းအစားအသောက်တွေမှာ အသုံးပြုတဲ့ အန္တရာယ်ရှိဆိုးဆေးတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေဆဲပါပဲ။ အစားအသောက်ဆိုးအများအပြားစားသုံးမိတဲ့ကလေးငယ်တွေမှာ ကျန်းမာရေးနဲ့ အမူအကျင့်ဆိုင်ရာဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ အသွင်ပြောင်းအစားအစာတွေရဲ့ အန္တရာယ်ကို သိရှိပေမယ့် ကမ္ဘာအရပ်ရပ်က ကလေးငယ်သန်းချီဟာ နေ့စဉ် အဲဒီမုန့်တွေကို စားနေကြဆဲပါ။ အဲဒီကလေးငယ်တွေအရွယ်ရောက်လာတဲ့အခါ ဘယ်လိုရောဂါတွေဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့တောင်မရတော့ပါဘူး။

 

အသွင်ပြောင်းအစားအစာတွေရဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုလေ့လာကြည့်ရအောင်။ ၁။ သကြား၊ အဆီနဲ့ ဆားပမာဏအမြောက်အမြားပါဝင်ပါတယ်။ သကြားနဲ့ အဆီကို များများစားရင် ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ကင်ဆာတစ်ချို့ဖြစ်ပွားနိုင်ပါတယ်။

 

၂။ ဆားအများအပြားစားရင် သွေးတိုးရောဂါဖြစ်နိုင်ပါတယ်။

၃။ အသွင်ပြောင်း ကာဗိုဟိုက်ဒြိတ်ဓာတ်တွေပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကိုမြင့်တက်စေပါတယ်။ သကြားဓာတ်မြင့်လာရင် အင်ဆူလင်ပမာဏပိုမိုထုတ်လုပ်တာကြောင့် တစ်ကြော့ပြန်အနေနဲ့ သွေးတွင်းသကြားဓာတ်ထိုးကျသွားတတ်ပါသေးတယ်။

 

၄။ ပရိုတိန်း (အသားဓာတ်) ပါဝင်မှုနည်းပါးပါတယ်။

၅။ အာဟာရဓာတွေဖြစ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်ပါဝင်မှုနည်းပါးလှပါတယ်။ ပြီးတော့ သဘာဝအတိုင်းရရှိတာမဟုတ်ဘဲ လူလုပ်ထားတာတွေပါ။ သဘာဝအစားအသောက်တွေမှာတော့ Phytochemicals လို့ခေါ်တဲ့ အပင်ကရတဲ့သဘာဝဓာတ်ပေါင်းနဲ့ ကျန်းမာရေးကိုအထောက်အကူပြုစေတဲ့အရာတွေပါဝင်ပါတယ်။

 

၆။ အသွင်ပြောင်းဆီ၊ ပြည့်ဝဆီ၊ အသွင်ပြောင်းအသီးအနှံဆီ အစရှိတဲ့ ကျန်းမာရေးကိုဆိုးကျိုးဖြစ်စေတဲ့ ဆီတွေပါဝင်ခြင်းက နှလုံးရောဂါဖြစ်ပွားမှုကို အားပေးပါတယ်။

၇။ အသွင်ပြောင်းအစားအသောက်တွေဟာ စားရလွယ်ကူတာကြောင့် အချိန်တိုအတွင်း ခဏခဏစားဖြစ်နေပါတယ်။ ဒါကြောင့် ကယ်လိုရီစားသုံးမှုပိုများပြီး နောက်ဆိုရင် ကယ်လိုရီအလွန်အကျူးစားတာဖြစ်လာနိုင်ပါတယ်။

 

၈။ အသွင်ပြောင်းအစားအစာတွေဟာ သဘာဝမဟုတ်တာကြောင့် ခန္ဓာကိုယ်နဲ့ ဦးနှောက်က သတ်မှတ်ထားတဲ့ အစာစားသုံးမှုစနစ်ကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အစာစားသုံးမှုကို မူမမှန်ဖြစ်စေနိုင်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသုံးမှုအကျင့်ဖြစ်လာနိုင်ပါတယ်။

 

၉။ အသွင်ပြောင်းအစားအစာတွေကို စားခြင်းအားဖြင့် ဆာလောင်မွတ်သိပ်မှုကို ပပျောက်စေပေမယ့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရ၊ ဗိုက်တာမင်၊ သတ္ထုဓာတ်တွေမရရှိပါဘူး။

Read times
Rate this item
(0 votes)